*တစ်ခါတလေ ကိုယ်မှန်နေမှန်း
သိရက်နဲ့ အလျော့ပေးခဲ့ရပေမယ့်
စိတ်ထဲမှတော့ နာကျင်နေမိတယ် ။
*အရူးစိတ်ချမ်းသာရင်
တိုင်းပြည်တစ်ဝက် အေးချမ်းတယ်"
ဆိုတဲ့ စကားလေးကို မှတ်မိတော့လည်း
စိတ်ထဲအလိုလို ပြုံးနေမိတယ်။
*တစ်ခါတလေ အလျော့ပေးနေလို့
ရောင့်တက်နေသူတွေ ကြုံတွေနေရတော့
စိတ်ထဲ ဘဝင်မကျဖြစ်မိတယ်။
*ကိုယ်တွေလည်းလူထဲကလူတစ်ယောက်ပဲလေ" ဆိုတဲ့
အတွေးနဲ့ ဖြည့်တွေးခဲ့ပေမယ့် စိတ်ထဲတော့
အလိုလို ပြုုံးမိလာတယ်။
*မလိုရင်တစ်မျိုး လိုရင်တစ်မျိုး "
ဆက်ဆံတတ်တဲ့ လူအချို့ရဲ့
အပြုအမူတွေကြောင့် စိတ်ထဲ အလိုမကျဖြစ်
နေမိတယ်။
*တိတ်ဆိတ်နေခြင်းဟာ
ထောင်တန်တယ် ဆိုတဲ့ စကားလေး
အတိုင်း တုံ့ပြန်ချင်ပေမယ့် ထိန်းချုပ်ကာ
စိတ်ထဲမှာတွေးရင်း အလိုလို ပြုံးနေမိတယ်။
*သီးခံခြင်းဟာ အောင်မြင်ခြင်း တစ်မျိုး
ဆိုတဲ့ စကားအတိုင်း
အတိုင်းအတာ တစ်ခုအထိ သီးခံခဲ့ပါတယ်။
*အချို့အရာတွေမှာ
ကိုယ်လည်း ဘာမှမဟုတ်ပါဘူးလေ"
ဆိုတဲ့ အသိနဲ့ မကင်းနိုင်လို့ ကောင်းအောင်
နေနေရပေမယ့် ဘာမှ မတုန့်ပြန်ခဲ့ဘူးဆိုတာ
မိမိကိုယ်သာ အသိဆုံးပါလေ။
*ကိုယ့်ဘက်က အတတ်နိုင်ဆုံး
ဆက်ဆံပေးရက်နဲ့ တစ်ခါ တလေ
အလိမ်အညာတွေနဲ့ ဆက်ဆံလာတဲ့အခါ
အသိလေးတစ်ခုတော့ မှတ်ထားလိုက်တယ်။
😄စိတ်ထဲမှာတော့ အလိုလိုပြုံးနေမိတယ် "
Credit to wmh
Thursday, August 13, 2020
အနိူင်မယူသူရဲ့အပြုံး
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment