🐈🐁🐈🐁🐈🐁🐈🐁🐈🐁🐈🐁🐈
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးတွင် အလွန်မှလိမ္မာပါးနပ်သော ကြောင်ကြီးတစ်ကောင် ရှိလေသည်။
ထိုကြောင်ကြီးက တစ်ကယ်ကို တည်တည်ကြီးနှင့် ရာဇပလ္လင်ထက်မှာ ဘုရင်ကြီးနှင့် အတူတူရှိနေတတ်သည် ။
အစားစားတဲ့အခါမှာလည်း အိနြေ္ဒရှိစွာ စားပြီ လမ်းလျှောက်လျှင်လည်း အင်မတန်မှ တည်ငြိမ်ရင့်ကျင့်စွာဖြင့် နန်းရင်ပြင်မှာ လျှောက်လေသည် ။
ဘုရင်ကြီးကလည်း အမြဲတမ်း ကြောင်ကြီးကို ဂုဏ်ယူစွာ ပြောရင်းကျေနပ်နေတာပေါ့ သူ့ကြောင်က တစ်ကယ်ကို သိက္ခာရှိတဲ့ ကြောင်ဖြစ်တယ်ဟုသတ်မှတ်ပြီး ယုံကြည်နေတာပေါ့ ။
ညီလာခံတက်တိုင်း ပလ္လင်ပေါ် ခေါ်လာစမြဲဖြစ်သည် ကြောင်ကြီးကလည်း ညီလာခံမပြီးမချင်း လုံးဝအသံမထွက် အမြီးမလှုပ်ပဲ ရှိနေတတ်သည် ။
ဘုရင်ကြီးက ညီလာခံပြီးတဲ့အခါမှာ မင်းပရတ်သတ်အားလုံးနှင့်တကွ ပညာရှိအမတ်များကို ငါ့ကြောင်သည် အမြဲအိနြေ္ဒသိက္ခာနှင့် ပြည့်စုံကြောင်းပြောလေသည် ။
အားလုံးက မှန်ပါ့ဘုရားဟု လျှောက်တင်ကြတာပေါ့ ဒါပေမယ့် ပညာရှိ အမတ်တစ်ဦးမှ အကြိုက်မတွေ့လို့ပါဘုရားဟု ပြန်လည်လျှောက်တင်လေသည် ။
ဒီစကားကို ဘုရင်ကြီးကြားတော့ မကျေနပ်ဖြစ်ကာ ဟဲ့ပေါ်ဦး မင်းက ဘာကြောင့် ဒီလိုပြောရသလဲ အေးးးး မင်းစကားအတွက် မင်းသက်သေပြရမယ် မပြနိုင်ရင် မင်းစကားကို မင်းတာဝန် ယူရမယ်ငါ့ကြောင်က ဘယ်တော့မှ အိနြေ္ဒမမဲ့ဘူးကွဟုပြောကာ နက်ဖြန်ညီလာခံမှာ မင်းသက်သေပြရမယ်ဟုပြောကာ ညီလာခံသိမ်းလိုက်လေသည် ။
နောက်နေ့ ညီလာခံတွင် ကျန်အမတ်များက လျှာရှည်တဲ့ အမတ်ကြီး မှတ်ပလား ဘယ်လိုသက်သေပြမလဲဆိုတဲ့ အတွေးများနှင့် ကြည့်နေကြသည် ။
ဘုရင်ကြီးကလည်း ကြောင်ကြီးနှင့် အတူ ပလ္လင်ထက်တွင်ထိုင်ကာ ပေါ်ဦးကိုသက်သေအဖြေ သိချင်နေပြီး ပေါ်ဦးတော့ မပြနိုင်တော့ဟုတွေးကာ ပြုံးနေတော့တာပေါ့ကဲ ပေါ်ဦး ငါ့ကြောင်ကြီး အိနြေ္ဒမဲ့တာကို ပြတော့လေဟု မိန့်၏ ။
အမတ်ကြီးမှ ပြပါမည်ဟုဆိုကာ ရှေ့သို့ထွက် လာပြီး အိတ်ထဲတွင် ဖမ်းယူလာသော ကြွက်ကို ထုတ်ပြီး ကြောင်ကြီး မြင်သာတဲ့နေရာမှာ လွှတ်လိုက်လေသည် ။
ကြွက်ကိုမြင်တာနှင့်ကြောင်ကြီးက အတင်းခုန်ဆင်းကာ လူအုပ်ထဲကို လိုက်လေသည် ကြွက်ကလည်း လူအုပ်မှ ပလ္လင်ထက်သို့တက ကြောင်ကြီးကလည်း ပလ္လင်ပေါ်လိုက်နှင့် ဝုန်းဒိုင်းကြဲနေသည် ။
နောက်ဆုံးကြွက်က ဘုရင်ကြီးခေါင်း ပေါ်မှဖြတ်ပြေးရာ ကြောင်ကြီးက လှမ်းအအုပ် ဘုရင်ကြီးခေါင်းပေါင်းတော် သရဖူပင် ပြုတ်ကျကုန်၏ ကြောင်ကြီးကလည်း ကြွက်ကိုမမိမချင်းလိုက်လေသည်ကြွက်ကို မိမှ ငြိမ်သွားလေသည် ။
ဘုရင်ကြီးလည်း အမတ်ကြီးစကားကို လက်ခံပြီး သဘောကျကာ ဆုလာဘ်တော်များ ပေးသနားတော်မူ၏ ။
ပုံပြင်ကတော့ ဒါပါပဲ ဒါပေမယ့် စာရေးသူအနေဖြင့် ပြောချင်တာလေးဆက်ပြီးပြောပါရစေ ။
လူ့ဘဝတွင် လိုချင်စရာ အများကြီး ရှိနေတဲ့အတွက် တစ်ခါတစ်လေ လိုချင်မှုအတွက် အိနြေ္ဒသိက္ခာမဲ့ တဲ့ လုပ်ရပ်၊အပြောအဆို အကြံအစည်များဖြင့် လိုချင်တာကိုယူတတ်ကြသည် ဒါကြောင့် လိုချင်မှုအတွက် အိနြေ္ဒသိက္ခာမမဲ့အောင်
သတိတရားထားနိုင်ပါစေ။
ကြောင်ကြီးလည်း တစ်ကယ်တော့ အရင်ကတစ်ကယ်ကို သိက္ခာနဲ့ နေလာတာပါ ဒါပေမယ့်သူအကြိုက်ဆုံးအစာကို မြင်တော့ ထိန်းလာသမျှသိက္ခာမဲ့သွားတာပါ လူတွေလည်း ဒီလိုပဲ တစ်သက်လုံးထိန်းလာတဲ့ အိနြေ္ဒသိက္ခာတွေဟာ မိမိအကြိုက်ဖြစ်တဲ့ ရွှေငွေ အချစ် ဏှာရာဂ အပျော်အပါး အောင်မြင်မှု များကြောင့် ပျက်သွားတတ်ပါတယ် မဲ့သွားတတ်ပါတယ် ဒါကြောင့် ကြောင်ကြီးလို မဖြစ်အောင် ထိန်းနိုင်ကြပါစေဟု
ပြောရင်း အဆုံးသတ်ပါ၏ ။
Credit: မူရင်း
▼
No comments:
Post a Comment