Friday, August 14, 2020

ဘာမသိဘူးဆိုရင် ဒီစာကိုဖတ်ပါ

✴အလုပ်မရှိရင် စာဖတ်ပါ၊စာ
ဖတ်လို့ ပိုက်ဆံ မရပေမယ့်
ပိုက်ဆံရှာဖို့ အတွေးအခေါ်
တွေ ရပါလိမ့်မယ်။

✴၁ဝ.နှစ်စာ အတွေ့အကြုံကို
ကြိုရချင်ရင် အတွေးအခေါ် ရှိတဲ့
လူကြီးစကား နားထောင်ပါ။

✴ဘဝမှာ အောင်မြင်ချင်ရင် ရှုံးနိမ့်
ခဲ့ဖူးသူဆီက သင်ယူ လေ့လာပါ။

✴တသက်လုံး လိပ်ပြာလုံချင်ရင်
ကိုယ်ကျင့်တရားကို လုံခြုံစွာ
ထိမ်းနိုင်အောင် ကြိုးစားပါ။

✴အသိပညာ အတတ်ပညာကို
ပြည့်စုံ ရင့်ကျက်စေချင်ရင်
လက်တွေ့ လုပ်ဆောင်ပါ။

✴ကြီးမားတဲ့ နောင်တဆိုတာ
မရှိစချင်ရင် ရွှေထက် တန်ဖိုးကြီးသော အချိန်ကို လေးစားပါ။

✴ဘဝတစ်ခုလုံး ပျော်ရွှင်ချင်ရင်
ဘယ်အရာကိုမှ သံယောဇဉ်
သိပ်မထားပါနဲ့။

✴ပူလောင်မှုတွေ အရမ်းများလွန်း
နေရင် ကိုယ့်အတ္တနဲ့ မာနတွေ
လျော့ချပါ။

✴အကောင်းဆုံး ဆိုတာတွေကို
ပိုင်ဆိုင်ချင်ရင် အကောင်းဆုံး
ဆိုတာတွေနဲ့ ထိုက်တန်အောင်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

✴အထီးကျန်မှုတွေ ပပျောက်ပြီး
ဗဟုသုတ ပွားချင်ရင် စာဖတ်ပါ။...

Credit: 


No comments:

Post a Comment