"စာ"
တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။
ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။
"စကား"
များသည် နည်းသည် အဓိကမဟုတ်ပါ ။
မှန်သည် မှားသည်သာ အဓိကဖြစ်သည်....။
"လူ"
ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။
စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်...။
"ဘွဲ့စာရွက်ရ သူတယောက်ကလည်း
စာတတ်ဆိုတဲ့ နာမည်တလုံးခံယူနိုင်ပေမယ့်
စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့
မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က
ရှိချင်မှ ရှိလာပါလိမ့်မည်....
"အပြောကောင်းတဲ့ သူတယောက်လည်း
လူတွေယုံကြည်မူ့များကို ရထားပေမယ့်
စကားနည်းတဲ့သူတယောက်ထက် အမှန်တရား
အမှန်စကားကို ပြောတတ်ချင်မှ ပြောလေပါလိမ့်မည်....
" ရုပ်ချော,လှ တဲ့သူတယောက်က ချစ်ခင်စရာ
ကောင်းပေမယ့် သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့
သူတယောက်ထက် ကောင်းချင်မှ ကောင်းနေပါလိမ့်မည်...
အပေါ်ယံမြင်နေသမျှဟာလူသားတို့ရဲ့မျက်နှာဖုံးပါ
မခွာကြည့်နိုင်သေးပဲဆုံးဖြတ်ချက်များမပေးမိစေနဲ့
ခရပ်ဒစ်➳ မူရင်းရေးသားသူ
မေတ္တာဖြင့်
Friday, August 14, 2020
အဆင့်အတန်းဆိုတာ
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment