ညနေခင်းတစ်ခု မွာ ဆိတ်ကလေး တစ်ကောင်ဟာ တောင်ကုန်းတစ်ခုပေါ်မှာ ပြေးလွှား ဆော့ကစားနေပါတယ်။
ဝံပုလွေ တစ်ကောင်ဟာ ချုံတောထဲကနေ ခုန်ထွက်လာပြီး တောဆိတ်ကို ကိုက်စားဖို့ ခုန်အုပ်တိုက်ခိုက်လိုက်ပါတယ်။
တောဆိတ်ဟာ ကြောက်ကြောက်လှန့်လှန့် ပြေးလွှားရင်း အော်ဟစ်အကူအညီ တောင်းပါတော့တယ်။
တောထဲက နွားထွက်လာပါတယ်။
ဝံပုလွေ ကိုတွေ့တော့ ထွက်ပြေးသွားပါတယ်။
ကုန်းပေါ်မှာရှိတဲ့ မြင်းက လှမ်းကြည့်လိုက်တယ်။ ဝံပုလွေမှန်းသိလိုက်တာနဲ့ ရှောင်ထွက်သွားတယ်။
တော၀က်က လမ်းကြုံလို့ တွေ့လိုက်တယ်။ ချက်ချင်းပဲ ကုန်းအောက်ကို ပြေးဆင်းသွားတယ်။
ယုန်လည်း အော်သံကြားလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ အသားကုန် ဝေးရာကို ထွက်ပြေးသွားတယ်။
ကုန်းအောက်မှာ ရှိတဲ့ ခွေးက ကယ်ကြပါအုံး ဆိုတဲ့ အသံကို ကြားတာနဲ့ ကုန်းပေါ်ကို ပြေးတက်လာပြီး ဝံပလွေရဲ့ လည်ချောင်းကို အသားကုန် ခုန်ကိုက်လိုက်တယ်။
ဝံပုလွေ ထွက်ပြေးသွားပါတယ်။
ဆိတ် အကယ်ခံလိုက်ရတယ်။
ဆိတ်အိမ်ပြန်ရောက်သွားတယ်။ သတင်းကြားတော့ မေးကြမြန်းကြနဲ့ စည်ကားနေပါတယ်။
နွားကပြောတယ်။
ငါ့ကိုဘာလို့ မပြောပြတာလဲ၊ ငါ့ဂျိုနဲ့ ခတ်လိုက်ရင် ဒီဝံပုလွေ အူတောင်ပွင့်သွားမှာ
မြင်းကပြောတယ်။ ငါအနားမွာ မရှိလို့ပေါ့၊ နောက်ချေနဲ့ စုံကန်လိုက်ရင်တော့ ဦးနောက်ပါပွင်သွားမယ်။
တော၀က်ကပြောတယ်။ ငါမရှိလို့ပေါ့၊ ငါ့အစွယ်အကြောင်းကောင်းကောင်းသိသွားစေရမယ်။
ယုန်ကပြောတယ်။ ငါကိုဘာလို့မပြောတာလဲ၊ အနည်းဆုံးတော့ ငါအပြေးမြန်တော့ မင်းကိုကယ်ဖို့ အမြန် သတင်းပို့လို့ရတာပေါ့ တဲ့
တစ်ခုသတိထားမိတာက အဲဒီစကားဝိုင်းထဲမှာ ခွေးမပါ၀င်ပါ။
မိတ်ဆွေစစ်လည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။
ကိုယ့်အနားမှာ နေ့တိုင်းဝိုင်းရံနေတဲ့ လူများဟာ အခက်အခဲ တကယ်ကြုံတဲ့အခါကြရင် ကူညီတဲ့လူများ ဟုတ်ချင်မှဟုတ်မှာပါ။
Credit:
Thursday, August 13, 2020
မိတ်ဆွေစစ်စစ်
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment