Friday, August 14, 2020

ကိုယ့်ကိုယ်ကို အရင်သိဖို့ ကြိုးစားပါ

သူတစ်ပါးကို ဘယ်တော့မှ အပြစ်တင်မစောလိုက်ပါနဲ့
သူ့မှာ သင်မသိတဲ့ အခက်အခဲတွေရှိနိုင်တယ် ။

သူတစ်ပါးကို ဘယ်တော့မှ အထင်မသေးလ်ိုက်ပါနဲ့
သူ့မှာ သင်မသိတဲ့ ကြီးမြတ်မှုတွေ ရှိနိုင်တယ် ။

သူတစ်ပါးကို ဘယ်တော့မှ မစွပ်စွဲလိုက်ပါနဲ့
သူ့မှာ သင်မသိတဲ့ အမှန်တရားတွေ ရှိနိုင်တယ် ။

သူတစ်ပါး အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်တော့မှ မပုတ်ခတ်လိုက်ပါနဲ့၊
သူ့မှာ သင်မသိနိုင်တဲ့ ရုန်းကန်ဖြတ်သန်းမှုတွေ ရှိနိုင်တယ်။

သူတစ်ပါးအကြောင်းကို သင် တစ်ခါ မကောင်းပြောတိုင်းပြောတိုင်း သင့် စိတ်နဲ့ခန္ဓာက စွမ်းအားတွေ ယုတ်လျော့နေတာကို သင်သိပါသလား ။

သူတစ်ပါးအပြစ်ကို ရှာခြင်းထက် ကိုယ့် လိုအပ်ချက်ကိုရှာဖွေ ဖြည့်ဆည်းနိုင်တဲ့သူကသာ တချိန်မှာ အောင်မြင်မှုတစ်ခုခုနဲ့တင့်တယ်တောက်ပရစမြဲဖြစ်ပါတယ် ။

လောက နိယာမတရားက သင့်စိတ်ထားနဲ့ထိုက်တန်တဲ့ နေရာတစ်နေရာကို သင့်အတွက် အဆင်သင့်ပြင်ပေးထားတယ် ။

သင့်ကို သင် ဘယ်လိုနေရာမှာဘယ်လိုနေထိုင်ရမယ်ဆိုတာက သင့်အပေါ်မှာဘဲ မူတည်ပါတယ်။

Credit: Everything is Chance


No comments:

Post a Comment