အသိဥာဏ်ကို နှလုံးသားထဲထည့်လိုက်တော့
ကိုယ်ချင်းစာတရားတွေဖြစ်လာတယ်။
အလိုရမ္မက်ကို ရောင့်ရဲခြင်းနဲ့ထိန်းလိုက်တော့
အေးချမ်းမှု့တွေဖြစ်လာတယ်။
မကျေနပ်ချက်တွေကို ခွင့်လွှတ်ခြင်းနဲ့ထိန်းလိုက်တော့
ရန်ငြိုးရန်စတွေ ငြိမ်းလာတယ်။
ပုတ်ခတ်စော်ကားခြင်းတွေကို
သည်းခံခြင်းနဲ့ထိန်းလိုက်တော့
ရင့်ကျက်ခြင်းတွေ တိုးလာတယ်။
နောင်တကို သင်ယူခြင်းအဖြစ်ပြောင်းလိုက်တော့
အမှားတွေနည်းလာတယ်။
မတည်မြဲခြင်းတွေနဲ့ လွှမ်းခြုံထားတဲ့လောကမှာ
ဖြစ်ပြီးပျက်ရတာပါလားဆိုတဲ့
အတွေးလေးနဲ့ရှု့မြင်လိုက်ရင်
ပျော်ရွှင် ဝမ်းနည်းစရာတွေဟာ
အတိုင်းအတာတစ်ခုအထိ အေးချမ်းသွားပါလိမ့်မယ်
Credit to သစ္စာတမန်
photo credit
No comments:
Post a Comment