တုံ့ပြန်မှု....
══════
နားလည်ရခက်တဲ့ လောကကြီးမှာ
နားမလည်သလိုနေလိုက်တာပိုကောင်းပါတယ်
ဘာမဟုတ်တဲ့အရာတွေအတွက်
ဖြေရှင်းချက်တွေပေးနေတာကိုက
သင့်ရဲ့အနာဂတ်တွေကို
သစ္စာဖောက်နေခြင်းတစ်မျိုးပါပဲ
ထိုသူတွေနဲ့ ယှဉ်ပြောနေတော့ရော
သင့်အတွက် ထူးထူးခြားခြားဖြစ်လာနိုင်စရာ
အကြောင်းတော့ ဖြစ်လာနိုင်မှာမပာုတ်ပါဘူး
အခုပဲကြည့်လေ~~~
မပြည့်တဲ့ အိုးတွေကဘောင်ဘင်ခက်နေကြတယ်
အဆံမရှိတဲ့စပါးပင်တွေက ထောင်နေတတ်ကြသလို
အကြွေစေ့တွေကတော့အမြဲတမ်းအသံမြည်နေမှာပဲ
ဒါကအသိဥာဏ်နည်းလွန်းလှတဲ့
လူရှုးတွေရဲ့ အမူအကျင့်ဆိုတာပဲ
သင့်သာ ထိုလူတွေနဲ့ ကြုံတွေ့ ခဲ့မယ်ဆိုရင်
တစ်ခုတည်းသော တုံ့ပြန်ခြင်းက~~~
"တိတ်ဆိတ်စွာနေလိုက်ခြင်းပါပဲ"
ဒါကသင့်အတွက် အကောင်းမွန်ဆုံးသော
စကားတွေထက် ပိုပြီးသက်ရောက်မှုရှိစေပါလိမ့်မယ်
ဘာ့ကြောင့်လည်းဆိုတော့~~~
အကောင်းမမြင်တတ်တဲ့သူတွေဆိုတာ
သူတို့နဲ့ကိုက်ညီတဲ့စကားလုံးလောက်ပဲ
ရွေးပြီးတော့ နားထောင်ဖြစ်ကြတတ်တဲ့အတွက်
အကောင်းတွေပြောနေတတ်တဲ့ သင်နဲ့တော့
ဘယ်တော့မှ တိုင်ပင် ကိုက်နေမှာတော့မပာုတ်လောက်ဘူး
ဒါကြောင့်ပညာရှိတွေက ဆိုခဲ့ဖူးတယ်~~~
"လူရှုးတွေအတွက်
အကောင်းဆုံးသော တုံ့ပြန်မှုဆိုတာ
တိတ်ဆိတ်စွာ နေလိုက်ခြင်းပါပဲ" လို့ဆိုခဲ့ကြတယ်
သင်လည်းစဉ်းစားပေါ့ ငယ်တော့တဲ့အရွယ်မှ မဟုတ်တာပဲနော့် ။
Credit to
ကျော် ကျော်ခိုင်
လူဆိုတာ...
══════
လူဆိုတာ
တန်ဖိုးရှိလာလေ တိတ်ဆိတ်လေပဲ။
တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။
လူဆိုတာ
မြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။
ယုတ်နိမ့်လာလေ ဘရုတ်ကျလေပဲ။
လူဆိုတာ
သီလရှိလေ စကားနည်းလေပဲ။
သီလမဲ့လေ စကားများလေပဲ။
လူဆိုတာ
အမှားများလာလေ ဖုံးဖိနေရလေပဲ။
အမှားနည်းလာလေ တည်ငြိမ်အေးချမ်းလာလေပဲ။
လူဆိုတာ
အလိုကြီးလေ ရန်သူပေါလေပဲ။
အလိုနည်းလေ မိတ်ဆွေပေါလေပဲ။
လူဆိုတာ
အတ္တကြီးလေ ခက်ထန်လာလေပဲ။
အတ္တနည်းလေ မျက်နှာချိုအေးလေပဲ။
လူဆိုတာ
စိတ်ထားကောင်းလေ ခွင့်လွတ်နိုင်လေပဲ။
စိတ်ထားပုတ်လေ အငြိုးအာဃာတကြီးလေပဲ။
crd
အဆင့်တန်းရှိရှိ အနိုင်ယူပါ
သင့်ကိုမုန်းတဲ့သူတွေရှေ့မှာ
ပြုံးပြုံးလေး နေပြလိုက်စမ်းပါ။
အဲ့ဒါ သူတို့ကို အဆင့်တန်းရှိရှိ
အနိုင်ယူလိုက်တာပါပဲ။
သင့်ကို ထိကပါးရိကပါး
စောင်းမြောင်းတိုက်ခိုက်လာသူတွေရှေ့မှာ
မေတ္တာမပျက်သာ နေပြလိုက်စမ်းပါ။
အဲ့ဒါ အဆင့်တန်းရှိရှိအနိုင်ယူလိုက်တာပါပဲ။
သင့်ကို မနာလိုစိတ်နဲ့ အောက်တန်းကျစွာ
တိုက်ခိုက်လာသူတွေရှေ့မှာ ယုံကြည်မှု့ရှိရှိနဲ့ အထက်တန်းကျစွာ
နေပြလိုက်စမ်းပါ။
အဲ့ဒါ သူတို့ကို အဆင့်တန်းရှိရှိ
အနိုင်ယူလိုက်တာပါပဲ။
သင့်ကို ဂုဏ်သိက္ခာကျအောင်
တိုက်ခိုက်လာသူတွေရှေ့မှာ
တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်သာ
နေပြလိုက်စမ်းပါ။
အဲ့ဒါ သူတို့ကို အဆင့်တန်းရှိရှိ
အနိုင်ယူလိုက်တာပါပဲ။
တကယ်တော့ မနာလိုစိတ်နဲ့အညိုးထားပြီး
လူတစ်ဖက်သားကို ဂုဏ်သိက္ခာကျအောင်
လုပ်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်
ဂုဏ်သိက္ခာမရှိကြောင်း
ကြေငြာနေခြင်းတစ်မျိုးပါပဲ။
လောကမှာ စိတ်ဓာတ်အင်အား
နည်းသူတွေဟာ မိမိအပြစ်ကိုဖုံးကွယ်ပြီး
သူတစ်ပါးအပြစ်ကို အကျယ်ချဲ့ပြီး ထိကပါးရိကပါး စော်ကားတတ်လေ့ရှိကြတယ်။
ကောင်းကင်တစ်ခုရဲ့ အလှပကို
ညကြယ်စင်တွေက ခြယ်သပါတယ်။
ပန်းချီကားတစ်ချပ်ရဲ အလှပကို
ဆေးရောင်တွေက ခြယ်သပါတယ်။
ဘဝတစ်ခုရဲ့ အလှပကို
စိတ်ဓာတ်တွေက ခြယ်သပါတယ်။
ဒါကြောင့် ဘယ်သူတွေဘယ်လို
စိတ်ဓာတ်အောက်တန်းကျပါစေ
မိမိရဲ့စိတ်ဓာတ်ကို မြင့်မြတ်အောင်သာထားရှိပါ။
ဒါမှသာ
မိမိဘဝဟာ အဆင့်တန်းရှိရှိနဲ့
အစဉ်လှပနေမှာ ဖြစ်တယ်။
#credit
စာဖတ်ပါ
======
အတွေးခေါ်ကောင်းတွေ ရှိနေပါလျက်နဲ့
ဘယ်လို ဖွင့်ထုတ်ရမလဲ မသိ ဖြစ်နေတဲ့အခါ စာဖတ်ပါ။
အကောင်းဆိုး အကြောင်းကျိုးကို ဝေခွဲမရ
ဖြစ်နေတဲ့အခါ စာဖတ်ပါ။
အခက်ခဲတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရပြီး
ဆကျာ်ဖြတ်ရန် တွေဝေနေတဲ့အခါ စာဖတ်ပါ။
အမြင့်ကိုတက်နိုင်ရန် ခွန်အားတွေရှိနေပါလျက်နဲ့ ဘယ်ကစတက်ရမယ် ဆိုတာ မသိဖြစ်နေတဲ့အခါ စာဖတ်ပါ။
အချစ်က ဘ၀ကို ဖဲ့စားသွားလို့ ပြန်လည် ဖာထေးဖို့ အကြံဉာဏ်တွေလိုအပ်နေတဲ့အခါ စာဖတ်ပါ။
တစ်ယောက်တည်း အထီးကျန်ဆန်သလို ခံစားနေရတဲ့အခါ စာဖတ်ပါ။
ခံစားရတဲ့ ဝေဒနာတွေကို ဘယ်သူ့မှ ထုတ်ဖော်ပြလို့မရပဲ စိတ်ဓာတ်ကျဆင်းနေတဲ့အခါ စာဖတ်ပါ။
သူတို့တွေ ဘာကြောင့် အောင်မြင်နေသလဲဆိုတာ သိချင်လာပြီး ငါလည်း အောင်မြင် ချင်လိုက်တာလို့ တွေးမိတဲ့အခါ စာဖတ်ပါ။
မိမိရဲ့ စိတ်ဝိညာဉ်တွေ ထိန်းလို့ မရအောင်
ပျံ့လွင့်နေတဲ့အခါ စာဖတ်ပါ။
ဘယ်လိုအကြောင်းရာတွေပဲ တိုက်ခိုက်လာပါစေ
မိမိက စာပေဗဟုသုတ ပြည့်၀တဲ့လူတစ်ယောက်ဆိုရင်
အရာတိုင်းကို အေးချမ်းစွာ ဖြတ်သန်းနိုင်မှာ သေချာပါတယ်။
အလုပ်တွေ မအားလို့ စာဖတ်ဖို့အချိန်မရပါဘူးဆိုတဲ့ ဆင်ခြေစကားဟာ လူဖျင်းတွေရဲ့လက်သုံးစကားဖြစ်တယ်။
အောင်မြင်နေသူတွေဟာ သူတို့တွေ
ဘာကြောင့် ထိပ်တန်းရောက်နေကြသလဲဆိုရင် အခြေခံအုတ်မြစ်က စာပေဗဟုသုတ များခဲ့လို့ပါ။
စာဖတ်တဲ့လူတိုင်းက လူလိမ္မာ သူတော်ကောင်းလို့ မဆိုလိုပေမဲ့ လူလိမ္မာ သူတော်ကောင်းတိုင်း စာဖတ်ကြတယ်။
စာဖတ်အားကောင်းလာတာနဲ့ လူတစ်ယောက်ဟာ
ပြဿနာတစ်ခုခု ကြုံခဲ့တယ်ဆိုရင်တောင်
မိမိစိတ်က ဦးနှောက်ကို သတိပေးတတ်တယ်။
ပြောသင့်၏,မပြောသင့်၏၊လုပ်သင့်၏, မလုပ်သင့်၏
ဆိုတဲ့ သတိလေးက ကပ်ပါလာတော့ အမှားနည်းလာတာကို
သိရမှာပါ။
လူတစ်ယောက်ကို အဓိက လုပ်ဆောင်တာက စိတ်ပါ။
အဓ်ိက ကျတဲ့ စိတ်ကို အစာကျွေးခြင်းကတော့ စာဖတ်ခြင်းပါပဲ။
စာဖတ်တာများလေလေ စိတ်က အားကောင်းလာလေ၊ စိတ်က အားကောင်းလာလေ လူက လုပ်ဆောင်ရည်,စွမ်းဆောင်ရည် ပိုမြင့်တတ်လာလေပါပဲ။
ဒါကြောင့် စာဖတ်ပါ ၊ အခမဲ့ စာဖတ်ပါ။
လူတောတိုးရတဲ့အခါ စာဖတ်သူနဲ့ စာမဖတ်သူက အရမ်းကွာခြားသွားပါတယ်။
စာဖတ်ပြီး ဗဟုသုတ ကြွယ်၀တဲ့သူဟာ
ဘယ်လို ပညာရှိတွေနဲ့ပဲ တွေ့ကြုံရပါစေ
အမြဲတမ်း ခေါင်းမော့လျက်ပါပဲ။
မိမိကိုယ်ကို ယုံကြည်မှု အပြည့်၀ရှိတယ်။
စာမဖတ်တဲ့သူကတော့ အလိုိုလို သိမ်ငယ် နေရတတ်တယ်။
ဒါကြောင့် မိမိရဲ့အချိန်တွေထဲက စာဖတ်ချိန်လေးတော့
နည်းနည်း ခွဲဝေပေးလိုက်ကြပါ။
Credit - ဇော်လှိုင်းထက် {တကောင်းသား}
မေတ္တာဖြင့်မျှဝေသူ🙏🙏᠌
Friday, August 14, 2020
တုံ့ပြန်မှု၊ လူဆိုတာ၊ အဆင့်အတန်းရှိရှိအနိုင်ယူ စဖတ်ပါ
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment