Thursday, August 13, 2020

နွားလိုမကျင့်နဲ့ ကျွဲလို့ကျင့်ပါ

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ
ကော်လိုရာဒိုပြည်နယ်အလယ်ပိုင်းက
ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။
ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့
ကျောက်တောင်ကြီးတွေရှိတာကြောင့်
ရှု့ခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။
ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး
ကျယ်ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။
နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာ
ကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။
ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူ
တွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာ ...
ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို
သေသေချာချာ လေ့လာခွင့်ရခဲ့တယ်။
အဲဒီအထဲက လေပြင်းမုန်တိုင်းတိုက်ရင်
သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။

အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့
နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။
နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။
ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို
မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို
ကစင့်ကရဲ လွင့်စင်သွားစေတယ်။ ဒါကြောင့် ...
တခ့ျို နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။

ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။
အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို
အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။
မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်း
တည့်တည့်ဆီကို အတင်းပြေးကြတယ်။
ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ
ကြာကြာမမိလိုက်ဘဲ ခဏနဲ့
မုန်တိုင်းအောက်က လွတ်သွားကြတယ်။

အဲဒီခဏလေးကိုကြိတ်မှိတ်နေလိုက်တော့

ခဏပဲ ဝေဒနာခံစားရတယ်။

ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခုနဲ့
ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။
စိတ်ပူတယ်။ သောကရောက်တယ်။
ကံကောင်းရင် ပြဿနာ အလိုလို
ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။
မပျောက်လို့ ကြာလာတော့
စိတ်ဆင်းရဲဝေဒနာ ခံစားနေရတယ်။
အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။

မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့
မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။
ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်။
ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပြီးနေမယ်ဆိုရင်
ပြဿနာဟာ နောက်က လိုက်လာမှာပါ။
ပြဿနာက ဒုက္ခပေးနေမှာပါ။
ပြဿနာဆိုတာ ဖြစ်လာရင်
အောင်းထားလို့ မကောင်းဘူး။
ပြဿနာဆိုတာ သူ့ အလိုလို
ပျောက်သွားတာမျူ ိး မဟုတ်ဘူး။
ပျောက်သွားတယ်ဆိုရင်
အဲဒါ ... ပြဿနာ မဟုတ်ဘူး။ ဒါကြောင့် ...
ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့
မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလို
ပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက်
ဖြေရှင်းလိုက်ရင် ...
စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကို
ကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။

credit  ဗန်းမော်သိန်းဖေ



No comments:

Post a Comment