Wednesday, August 12, 2020

ဘဝအတွက် အားဆေး(၁၀)မျိုး

စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို
သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ...

(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ
လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ်
မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ
သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။
ထာ၀ရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။

(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။
အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ
နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ
စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲ ဆိုရင် ရင်ကော့ပြီး
ရင်ဆိုင်ပစ်လိုက်ပါ။

(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။
ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကို
သင်ဆက်လျှောက်ပါ။ လမ်းမှာဟောင်သမျှ
ခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့
ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။

(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊
ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင်
ဝေးဝေးကရှောင်ပါ။ ထိုသုံးမျိုးက သင့်ကို
သွေးမျက်ရည်ကျစေနိုင်ပါတယ်။

(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊
သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။
ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။

(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။
ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ
တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးလိမ့်မယ်။

(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်
ကြိုးစားပါ။ ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့
ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊
ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။

(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေ
မဖြစ်ပါစေနဲ့။ မလုပ်သင့်မှန်းသိရက်နဲ့ ခဏပျော်ဖို့ကို
ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

(၁၀) သင့်မျက်နှာမှာ အပြုံးတစ်ပွင့်တပ်ဆင်လိုက်ပါ။
အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်
တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်ရင်ထဲ ဝမ်းနည်း
နာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့မယ်ဆိုရင်
သင်ဟာ ရင့်ကျက်သူဖြစ်လာပါပြီ။

လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည့် ဆိုးတဲ့
စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ
စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို
စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။
မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ
ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ
စဉ်းစားချိန်ထိုးနိုင်ဖို့ ဒီစာလေးကို
ရေးသားပေးလိုက်ပါတယ်။…..Credit-Original.......


No comments:

Post a Comment