တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည်သွားလာနေတုန်း ဗြုန်းဆို
ခပ်လှမ်းလှမ်း လာနေတဲ့ဝက်ဝံကြီးတစ်ကောင်ကို တွေ့လိုက်ရသတဲ့။ တစ်ယောက်ဟာ
ချက်ချင်းဆိုသလို ဝုန်းကနဲထွက်ပြေးသွားပြီး နီးစပ်ရာအပင်ပေါ်ကိုတွယ်တက်သွားတယ်။
နောက်တစ်ယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ဝက်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ
ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို
ဟန်ဆောင်နေလိုက်တယ်။ဝက်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး
လမ်းပေါ်မှာလဲနေတဲ့ သူ့အနား ရောက်လာတဲ့အခါ ရပ်လိုက်တယ်။ပြီးတော့
သူ့ရဲ့မျက်နှာနားကပ်ပြီး အနံ့ခံလိုက်သတဲ့။အောက်ကလူကတော့ အသက်ရှူရပ်မတတ်ကို
ကြောက်လန့်နေရှာတော့တာပေါ့။အသက်မရှူတဲ့သူကို တွေ့တဲ့ ဝက်ဝံကြီးဟာ အသေကောင်လို့ထင်ပြီး
အနားက ထွက်ခွာသွားတော့တယ်။ဝက်ဝံကြီးပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ
အောက်ကိုပြန်ဆင်းလာတယ်။ ပြီးတော့ အသက်ထွက် မတတ်ကြောက်ရွံ့နေရှာတဲ့
သူ့သူငယ်ချင်းကိုကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။ ရယ်နေရင်းနဲ့ပဲ “ဝက်ဝံကြီးက
မင်းမျက်နှာနားကပ်ပြီး ဘာပြောသွားတာလဲကွ” လို့ မေးလိုက်တယ်။အဲဒီအခါ မြေကြီးပေါ်မှာ
လှဲနေတဲ့သူဟာ ပြန်ထလာပြီး….. “အေး… ဒုက္ခတစ်စုံတစ်ရာနဲ့ တွေ့တဲ့အချိန်မှာ အနားက
ထွက်ပြေးရှောင်ပုန်းသွားတဲ့ သူဟာ မပေါင်းအပ်တဲ့ မိတ်ဆွေပဲလို့ ပြောသွားတယ်လေ”
ဟုပြန်ဖြေလိုက်လေသည်။
Credit: မူရင်း
Thursday, August 13, 2020
ဝက်ဝံကြီးပြောတဲ့စကား
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment