တစ်ခါက...
အသက်ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်ကျော်ကြားတဲ့
သူဌေးသားတစ်ယောက်က သူ့ဖခင်ကိုခေါ်ပြီး
အင်မတန်မှ စျေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာအတူသွားစားကြသတဲ့ ။
အဲဒီမှာ..
ညစာစားနေတုန်း....
နာမည်ကြီး စန္ဒယားဆရာတစ်ယောက်က
စင်ပေါ်တက်လာပြီး ဖျော်ဖြေတင်ဆက်တာမြင်တော့
သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွားအမှတ်ရလိုက်တယ်....။
ဒါနဲ့...
ဖခင်ဘက်ကို လှည့်ပြီး....
" ကျနော်သာ ငယ်ငယ်က စန္ဒယားကို
ကောင်းကောင်းသင်ခဲ့ရင် အခုစင်ပေါ်မှာ
စန္ဒယားတီးနေတဲ့သူက သားဖြစ်နေမှာ " လို့
ပြောလိုက်တယ် ။
ဖခင်က...
" ဟုတ်တယ် သား.. " လို့ ထောက်ခံလိုက်တယ်...။
ဒီတော့...
သားဖြစ်သူက တွေးတွေးလေးပြန်ပြောလိုက်တယ်...
" ဒါပေမယ့်...
အဲလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ
သားဖြစ်ချင်မှဖြစ်နေမှာ " တဲ့ ။
တစ်ခါတစ်လေ....
လက်လွတ်သွားတဲ့ အရာတွေက
တန်ဖိုးရှိပေမယ့်...
မိမိရောက်ရှိနေတဲ့ နေရာကလည်း
တန်ဖိုးဖြတ်လို့မရပါဘူး....။
ဒါနဲ့ပတ်သက်ပြီး..
ပုံပြင်လေးတစ်ပုဒ်ပြောပြချင်သေးတယ်....
တစ်ခါကပေါ့...
နတ်မင်းကြီးက ကျနော့်ကို ခရုတစ်ကောင်ရဲ့
လက်ကိုဆွဲပြီး ခရီးထွက်ဖို့ တာဝန်ပေးခဲ့တယ်...။
ကျနော် ဘယ်လောက် အေနှေးဆုံးသွားသွား
ခရုက မလိုက်နိုင်ခဲ့ဘူး...။
အမြဲတမ်း နောက်မှာပဲကျန်နေတယ်...။
ကျနော် ခရီးဆုံးအမြန်ရောက်ချင်တယ်...
ဒီတော့..သူ့ကို ဆွဲတယ်..
ပြီးတော့...တွန်းတယ်လေ. ။
ဒါကို ခရုက မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့
ကြည့်ပြီးပြောတတ်တယ်...
" ကျုပ်လည်း အတတ်နိုင်ဆုံး မြန်အောင်
လျှောက်တာပါပဲ.." တဲ့
ကျနော် ဆက်ပြီး ခြေထောက်တွေနဲ့ ကန်တယ်...
ဆောင့်တွန်းတယ်...ကြာတော့...
ကျနော်ချွေးတွေထွက်လာတယ်..
ခရုလည်းဒဏ်ရာတွေရလာတယ်...။
ဒါပေမယ့်...
ခရီးကညထင်သလောက် မပေါက်ခဲ့ဘူး...။
"နတ်မင်းကြီးရယ်.. ဘာဖြစ်လို့များ ကျနော့်ကို
ခရုနဲ့တွဲလျှောက်ခိုင်းရတာလဲ" လို့
ညည်းပစ်လိုက်တယ်...
ပြီးမှ....
" ကောင်းပြီလေ..
အသင်နတ်မင်းကြီးတောင် ဂရုမစိုက်မှတော့
ကျနော်က ဘာကိစ္စလောတော့မှာလဲ "
ဒါနဲ့ အရွဲ့တိုက်ပြီး ခရုနောက်က ပြန်လိုက်တယ်
ဒေါသထွက်ထွက်နဲ့ပေါ့ ။
ဒီအချိန်မှာ
နှာခေါင်းထဲကို ပန်းရနံ့လေးတွေဝင်လာတယ်...။
" ဟာ အရမ်းမွှေးတာပဲ...
တအံ့တသြနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် ။
" အော်.. လတ်စသတ်တော့
ငါ ပန်းခြံထဲရောက်နေတာကို..."
ဒီလိုနဲ့ အမှတ်မထင် လေရူးလေးတစ်ချက်
တိုက်တော့...
ရင်ထဲမှာ ပေါ့ပေါ့ပါးပါး ခံစားမိလိုက်တယ် ။
အေးချမ်းတဲ့ညရဲ့ လေရူးလေးက ဒီလောက်တောင်
ညင်သာတာပဲလား...။
နားထဲမှာလည်း...
ငှက်တွေတေးဆိုနေတဲ့အသံတွေ
ပုရစ်လေးတွေ တစ်ကောင်နဲ့တစ်ကောင်
အသံနဲ့ ကျီစယ်နေတာတွေ...
ကြားရတာ ကြည်းနူးလာတယ်...
ကောင်းကင်ကိုမော့ကြည့်တော့လည်း...
" ဝွား...
ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ...
လှလိုက်တာ..."
ပီတိတွေဖြစ်လို့...။
ရုတ်တရတ်အသိတစ်ခု ဝင်လာတယ်..
" ဟမ်..
အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာလဲ..?
တဖြည်းဖြည်းနဲ့ စဉ်းစားမိလာတယ်..
" အော်..လက်စသက်တော့...
ဒါ့ကြောင့်...
နတ်မင်းကြီးက ငါ့ကို ခရုနဲ့
လမ်းတူတူလျှောက်ခိုင်းတာကို "
ပုံပြင်လေးကတော့ဒါပါပဲ...။
လောကမှာ
စိတ်ချမ်းသာမှုက အရမ်းရေးကြီးပါတယ်...
ဒီတော့..
ချမ်းသားအောင်ကြိုးစားပါ...
ဒီထက်...
စိတ်ချမ်းသာအောင် ပိုပြီးကြိုးစားပါ...။
ဖတ်မိသော ပုံပြင်လေးများဖြင့်...
#ဘဝအားဆေး
Credit
▼
No comments:
Post a Comment