ပညာတတ်ချင်တတ်မယ်
ဘွဲ့ရချင်ရမယ်
ချမ်းသာချင်ချမ်းသာနေလိမ့်မယ်
ဒါပေမယ့်အသုံးမကျရင်
လူရာမဝင်ဘူး…"
မင်းမိသားစုမင်းပတ်ဝန်းကျင်အတွက်
မင်းဟာအသုံးဝင်အောင်လုပ်ပါ
အသုံးဝင်မှ လူရာဝင်တာ…"
တစ်ချိူ့တွေ
ပညာမတတ်ဘူး မချမ်းသာဘူး"
ဒါပေမယ့်…"
သူ့မိသားစုမှာ သူ့ပတ်ဝန်းကျင်မှာ
သူကအရေးပါနေတယ်…"
သူက သူ့ကိုယ်သူအသုံးချတာကိုး
အသုံးချတော့ အသုံးကျတယ်
အသုံးဝင်တာပေါ့…"
မင်းလူရာဝင်ချင်တယ်ဆိုရင်
ကိုယ့်ကိုကိုယ်အသုံးချပါ
မင်းအသုံးကျလာတဲ့နေ့က
မင်းလူရာဝင်သွားပြီပဲ…"
ချမ်းသာမှ ပညာတတ်မှ
လူရာဝင်တာမျိုးမဟုတ်ဘူး
လူရာဝင်ဖို့
မင်းဟာ အသုံးဝင်နေဖို့ပဲလိုတယ်…"
Credit ဆရာကြီးဦးအောင်သင်း
No comments:
Post a Comment