ကိုယ် အားမရှိလို့ သူ တအားဖိလာရင်လည်း
တရားနဲ့ညှိကာ ကိုယ်ကပဲသည်းခံလိုက်ပါ။
ကိုယ် မှန်နေပေမယ့် သူ ထန်နေရင်လည်း
မူမမှန်တဲ့သူ့ကို ကိုယ်ကပဲ သည်းခံလိုက်ပါ။
ကိုယ် ကောင်းရဲ့သားနဲ့ သူ ချောင်းဖဲ့တာများရင်လည်း
အကောင်းမရွဲ့ရအောင် ကိုယ်ကပဲ သည်းခံလိုက်ပါ။
ကိုယ် မေတ္တာရှိသလို သူ သစ္စာမရှိရင်လည်း
မေတ္တာမပျက် ကိုယ်ကပဲ သည်းခံလိုက်ပါ။
ကိုယ် သိတတ်ပေမယ့် သူ အသိအမှတ်မပြုရင်လည်း
မသိတတ်တဲ့သူ့ကို ကိုယ်ကပဲ သည်းခံလိုက်ပါ။
သည်းမခံနိုင်လို့ အထိမခံ ပြန်တုန့်ပြန်ရင်
ကိုယ့်သံသရာ ရှည်နေဖို့သာ ရှိမှာပေါ့။
သူ့အပိုင်းဟာ သူ့သမိုင်း
ကိုယ်မရိုင်းဖို့က ကိုယ့်တာဝန်
ကိုယ့်အကြောင်းကောင်းဖို့ ကိုယ်ကြိုးစား
အဆိုးမများဖို့အရေးကိုယ်ကပဲသည်းခံပေးရုံပဲလေ…"
Credit: မူရင်း
No comments:
Post a Comment