တစ်နေ့မှာ လူငယ်တစ်ယောက်က
သူ့အဖေကို မေးတယ်....
သူ့ဘဝက ဘယ်လောက်
အဖိုးတန်သလဲတဲ့လေ....
သူ့အဖေက သူ့မေးခွန်းကို ဖြေရမဲ့အစား ကျောက်တုံးတစ်တုံးပေးလိုက်တယ်... ပြီးရင် မင်းဈေးထဲမှာ သွားရောင်းပါလို့ ပြောလိုက်တယ်... တစ်စုံတစ်ယောက်က ကျောက်တုံးကို ဝယ်ဖို့ ဈေးလာမေးခဲ့မယ်ဆိုရင် ဘာမှပြန်မပြောနဲ့ လက်နှစ်ချောင်းပဲထောင်ပြပါလို့ မှာလိုက်တယ်...
လူငယ်လေးက ကျောက်တုံးကို ယူပြီးဈေးမှာ သွားရောင်းတယ်... အဲဒီအချိန်မှာ မိန်းမ တစ်ယောက်က လာမေးတယ် ဒီကျောက်တုံးလေးကို သူ့ခြံထဲမှာ အလှထားချင်လို့ ဘယ်လောက်နဲ့ ရောင်းမှာလဲတဲ့.... ကောင်လေးက သူ့အဖေ မွာထားတဲ့ အတိုင်းပဲ လက်နှစ်ချောင်းထောင်ပြလိုက်တယ်...
အဲဒီမှာဈေးလာမေးတဲ့ အမျိုးသမီးပြောတယ်.... နှစ်ဒေါ်လာ လားတဲ့.... အိုခေ ဝယ်မယ်လေတဲ့...
သူက ( မရောင်းပဲ) အိမ်ကို ပြန်သွားတယ်... သူ့အဖေကို ပြန်ပြောပြတယ်... အမျိုးသမီးတစ်ယောက်ကတော့ နှစ်ဒေါ်လာပေးမယ်တဲ့.....
ငါ့သား ဒီကျောက်တုံးကို ပြတိုက်တစ်ခုကို ယူူသြား... တစ်စုံတစ်ယောက်က ဝယ်ဖို့ မေးလာရင် ဘာမှပြန်မပြောနဲ့ လက်ချောင်းနှစ်ချောင်းပဲ ထောင်ပြလိုက်ပါလို့... ထပ်မှာလိုက်တယ်....
လူငယ်လေးက ပြတိုက်တစ်ခုကို ယူသွားပြီး ကျောက်တုံးကို ရောင်းတယ်.... အဲဒီအချိန်မှာ လူတစ်ယောက်က ဈေးလာမေးတယ်... ကောင်လေး ဒီကျောက်တုံးကို ဘယ်လောက်နဲ့ ရောင်းမှာလဲတဲ့... ကောင်လေးက သူ့အဖေမှာတဲ့ အတိုင်းပဲ... ဘာမှပြန်မပြောဘူး လက်ချောင်းလေးနှစ်ချောင်းပဲ ထောင်ပြလိုက်တယ်... အဲဒီမွာ လာဝယ်တဲ့လူက မေးတယ်.... ဒေါ်လာ နှစ်ရာလားတဲ့... အိုခေ ဝယ်မယ်လေတဲ့....
လူငယ်လေးက အံ့သြသွားတယ်.... ပြီးတော့ အိမ်ပြန်သွားပြီး ပြောတယ်... အေဖ လူတစ်ယောက်က ဒေါ်လာ နှစ်ရာနဲ့ဝယ်မယ်လို့ ပြောတယ်ဆိုပြီးပြောပြတော့.... ငါ့သား ဒီကျောက်တုံးကို နောက်ဆုံးနေရာတစ်ခုကို ယူပြီး သွားရောင်းကြည့်ပါဦး..... အဲဒီနေရာကတော့ တန်ဖိုးကြီး ကျောက်တွေကြီးပဲ ရောင်းတဲ့ဆိုင်.... ပြီးရင်.... ဆိုင်ပိုင်ရှင်ကို ဒီကျောက်တုံးကို ပြလိုက်ပါ.... ဘာမှမပြောနဲ့ သူဈေးမေးလာရင် လက်နှစ်ချောင်းပဲ ထောင်ပြလိုက်ပါ... ဆိုပြီး ထပ်သွားရောင်းခိုင်းတယ်...
အဲဒီမွာ ကောင်လေးက တန်ဖိုးကြီး ကျောက်မျက်အရောင်းဆိုင်ကို သွားပြီး ဆိုင်ရှင်ကို ကျောက်တုံးပြတယ်.... အဲဒီမွာ ကောင်လေးကို ဆိုင်ရှင်က မေးတယ်...
မင်းဒီကျောက်တုံးကို ဘယ္ကေနရလာတာလဲ...
ဒီကျောက်တုံးက ကမ်ဘာမှာ အရှားပါးဆုံးကျောက်အမျိုးစားထဲက တစ်ခုပဲ...
မင်းဘယ်လောက်နဲ့ ရောင်းမှာလဲတဲ့...
ကောင်လေးက လက်ညိုးနှစ်ချောင်းထောင်ပြတယ်....
ဒေါ်လာ နှစ်သိန်းလား... ဝယ်မယ်လို့ ပြောတယ်....
လူငယ္က အိမ်ကို အပြေးပြန်သွားပြီး သူ့အဖေကို ပြောတယ်... ဆိုင်ရှင်က ဝယ်ချင်တယ် ဒေါ်လာ နှစ်သိန်းပေးမယ်ပေ့ါ...
သူ့အဖေက သူ့ကိုပြန်ပြောပြတယ်...
သား မင်းဘဝရဲ့ တန်ဖိုးကို အခု မင်းသိပြီလား...
မင်းတွေ့တယ်ဟုတ်... မင်းဘယ်ကနေလာတယ်.... မင်းဘယ်မှာမွေးတယ်... မင်းရဲ့အသားရောင်က ဖြူချင်ဖြူမယ်မဲချင်မဲမယ်.... မင်းမွေးတုန်းက ပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာတွေက..... အရေးမကြီးပါဘူး.....
အရေးကြီးတာက မင့်ဘဝကို ဘယ်နေရာမှာ ထားမလဲဆိုတာကပဲ အရေးကြီးပါတယ်....
မင်းဟာ မင့်ဘဝရဲ့ တန်ဖိုးကို နှစ်ဒေါ်လာပဲတန်တယ်လို့ တွေးပြီးနေရင်တော့... မင်းဟာ နှစ်ဒေါ်လာတန်ပဲဖြစ်နေမှာပဲ... မင့်ဘဝကြီးမှာ ပတ်ဝန်းကျင်ကလူတွေကလဲ မင့်ကို နှစ်ဒေါ်လာပဲတန်တဲ့လူလို့ပဲ မြင်ကြလိမ့်မယ်....
ဒါပေမယ့် လူတိုင်းရဲ့ ရင်ဘတ်ထဲမှာ စိန်တုံးလို အဖိုးတန်တဲ့ ဘဝရှိတယ်... ဒါပေမယ့် မင့်ဘဝကို စိန်လို တန်ဖိုးထားတဲ့လူ... မင့်အရည်ချင်းဟာ စိန်လိုအဖိုးတန်တယ်ဆိုတာ သိမြင်နိုင်တဲ့ ပတ်ဝန်းကျင်ကို မင်းမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ပဲလိုတယ်...
ငါတို့ရဲ့ ဘဝကို နှစ်ဒေါ်လာလောက်ပဲ တန်တဲ့ ဈေးထဲမှာ ထားနိုင်သလို ငါတို့ဘဝကို အဖိုးတန်ကျောက်မျက်တွေ ရောင်းတဲ့ဆိုင်မှာလဲ ထားနိုင်တယ်.... အဲဒါကို ငါတုို့ဘာသာ ငါတို့ရွေးချယ်ရမှာ.... အဲလိုပဲ... ငါတို့တွေဟာ... တစ်ခြားလူတွေရဲ့ တန်ဖိုးကိုကြည့်မြင်ရွှေးချယ်နိုင်တယ်....
အဲလို စိန်လို အဖိုးတန်တဲ့ အရည်ချင်းရှိတဲ့လူကို တွေ့ခဲရင်လဲ သူ့တို့ကို ကူညီပေးပါ...
အဲလိုလုပ်ခြင်းဟာ... မင့်ဘဝကို မင်းကိုယ်တိုင် ပြောင်းလဲနိုင်ပါလိမ့်မယ်....
မင်းဟာ ဘယ်လောက်ပဲ အရည်ချင်းရှိနေပါစေ.... မင်းကို နှစ်ဒေါ်လာပဲတန်တယ်လို့ မြင်တဲ့ ပတ်ဝန်းကျင်မှာတော့ မင်းဟာ နှစ်ဒေါ်လာတန်ပဲဆက်ဖြစ်နေမှာပဲ... မင်းအရည်ချင်းကို ဒေါ်လာ နှစ်သိန်းတန်တယ်လို့ ပတ်ဝန်းကျင်ကို ရွေးချယ်ရင်တော့ မင်းဟာ ဒေါ်လာနှစ်သိန်းတန်လာမှာပဲ....
အဲလိုပဲ တချို့လူတွေက မင့်ကို ဘာမှတန်ဖိုး မရှိတဲ့လူလို့ မြင်လိမ့်မယ်....
Credit: ဘာသာပြန်ဆို သူ
▼
No comments:
Post a Comment