(အစားကြူးသော ကျီးမိုက်)
အစားကြူးသောကျီးတစ်ကောင်သည် မြစ်ထဲ
မျောပါလာသော ဆင်သေကောင်ကိုမြင်လိုက်ရ၏။
ဝမ်းသာစွာ ဆင်ရှိရာသို့ပျံသွားလေ၏။ဆင်သေပေါ်
နားမိလျှင် လှည့်ပတ်ကာအကဲခတ်ကြည့်၏။
" ဆင်ကောင်ကကြီးတယ်။ငါ့တစ်သက်လုံး
စားမကုန်နိုင်ဘူး။အရင်ကအစာရှာရင်ရန်သူကြောက်
ရ ပင်လဲပင်ပမ်း။ငါလောက်ကံကောင်းတဲ့သူဒီကမ္ဘာ
မှာမရှိနိုင်တော့ဘူး။ဟို ကျီးကန်းယုတ်မာတွေသိလို့
မဖြစ်ဘူး။တိတ်တိတ်လေးလိုက်သွားမှ " ဟုအတွေး
ဝင်ကာ ဆင်သေကောင်ပေါ်နား၍ စားလိုက်
အိပ်လိုက်ဖြင့် လိုက်ပါသွားပါတော့သည်။
ဆင်သေကောင်သည် မြစ်အတွင်းမှ သမုဒ္ဒရာ
ထဲသို့ တဖြည်းဖြည်းမျောပါသွားလေ၏။ရက်ကြာ
လာသောခါ ခန္ဓာကိုယ်မှအသားများ ရိရွဲ ပုပ်ပွ ကာ
ရေအောက်သို့ ပဲ့ကျုကုန်လေ၏။
ဖြစ် ပျက်မှုကိုမသိသောကျီးသည် ဆင်သေ
ကောင်အသားကို စွဲလန်းတပ်မက်စွာစားသုံးလာ
ခဲ့ရာ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်သို့ရောက်ရှိ
သွားပါတော့သည်။
ဆင်တစ်ကောင်လုံးပုပ်ပွ၍ ရေအောက်သို့
နစ်မြုပ်သွားတော့မှ ကျီးသည်ထိတ်လန့်တုန်လှုပ်
လျက် ပျံသွားရန်ကျို းစားပါတော့သည်။
စည်းစိမ်ယစ်မူး အစားကြူ း ပတ်ဝန်းကျင် နှင့်
အဆက်ပြတ် မေ့လျော့စွာနေထိုင်လာခဲ့သော
ကျီးမိုက်သည် ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်
မှ လွတ်မြောက်အောင်မပျံသန်းနိုင်တော့ပေ။
ပင်လယ်ပြင်ထဲ ဘဝဆုံးရှုံးလိုက်ရတော့သည်။
{ အကျိုးရှိစွာ ဆင်ခြင်သုံးသပ်နိုင်ကြပါစေ။ }
credit :မူရင်း
▼
No comments:
Post a Comment