တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။
“ အဖိုး ကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ ”
“ မေးပါ လူလေး ”
“ ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ ကျွန်တော့်ကို တစ်ရွာလုံးက ဝိုင်းနှိမ်ကြပါတယ် အဖိုးကျွန်တော့်ကို
ဆင်းရဲလို့လည်းနှိမ်ကြတယ် ရုပ်ဆိုးလို့လည်းနှိမ်ကြတယ် အရပ်ပုလို့လည်းနှိမ်ကြတယ် ကျွန်တော့်ရဲ့မျိုးရိုးကိုလည်းနှိမ်ကြတယ်
ကျွန်တော်က သဘောထားပြည့်ဝပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ် အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲဆိုတာ အဖိုးကိုလာမေးတာပါ ”
“ လူလေး တကယ်သဘောထားပြည့်ဝရဲ့လား ”
ပြောပြောဆိုဆို အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက်ခေါ်လာခဲ့တယ် ။
စမ်းချောင်းအစပ်ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကိုရေဖြည့်ပြီးကျောက်တုံးတစ်တုံးထည့်လိုက်တယ် ။
အဲဒီအခါ ရေတွေဟာ ဇလုံရဲ့အပြင်ဖက်ကို လျှံကျလာတာတွေ့လိုက်ရတယ် ။
ပြီးတော့အဖိုးအိုကအရွယ်အစားကြီးတဲ့ကျောက်တုံးတစ်တုံးကိုယူပြီး စမ်းချောင်းထဲပစ်ချလိုက်တယ် ။
စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ်ဖြစ်ပြီးခဏကြာတော့ ငြိမ်သက်သွားတယ် ။
အဖိုးက ရွာသားကိုပြောလိုက်တယ် ။
“ ငါ့မြေး ငါ့မြေးဟာ စမ်းချောင်းထဲကရေးလား ... ဇလုံထဲကရေလား .. .ကိုယ့်ကိုယ်ကို စမ်းချောင်းထဲကရေလို့သဘောထားခဲ့ရင်
ဘာလို့ တစ်ဖက်သားက ကျောက်ခဲသေးသေးလေးပစ်ထည့်လိုက်တာနဲ့ ဇလုံထဲကရေလို လျှံကျချင်နေရတာလဲ ” တဲ့ ။
========================
သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲကရေလို ကြည်လင်အေးမြ နေတယ်ဆိုရင်
တစ်ပါးသူရဲ့ မနာလို ဝန်တို တိုက်ခိုက်မှု ကျောက်တုံးသေးသေးလေးတွေကြောင့် အနှောက်အယှက်မဖြစ်ပါစေနဲ့
ပင်ကိုယ်စိတ်ရင်းက ကြည်လင်နေတယ်ဆိုရင် သူတစ်ပါးကြောင့်လှိုင်းထတယ်ဆိုရင်လည်းခဏတာပါပဲ
ဘယ်တော့မှ ဇလုံထဲကရေလို လျှံမကျမိပါစေနဲ့ ။
စိတ်သဘောထားပြည့်ဝတဲ့လူဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့်
ကိုယ့်စိတ်ကိုယ် လှိုင်းမထစေရပါဘူး။
Credit မူရင်း
Wednesday, August 12, 2020
အဖိုးအိုပြောသောဥပမာပေးစကား
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
တစ်ခါက... တိုင်းပြည်တစ်ခုမှာ.. ထူးဆန်းတဲ့ဥပဒေတစ်ခုကို ပြဌာန်းထားခဲ့တယ်... ဥပဒေအရ.. ယောက်ျားတိုင်းဟာ ဘုရင်ဖြစ်နိုင်ပြီး တိုင်းပြည်ကို (၅) နှ...
No comments:
Post a Comment