ဗီဇဆိုတာ.. ဖျောက်ရခက်တယ်
(သင့်အတွက် သတိထားဆင်ခြင်စရာ )
တစ်ခါတုန်းက ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။
ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။
မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်းရုတ်တရက်မြစ်ရေစပ်မှာစိမ်နေတဲ့
ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။
"ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး
ဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ"
"ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်
ငါရေနစ်သေသွားမှာပေါ့ "
ကင်းမြီးကောက်၊...
"ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ
နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ"ဖားလည်းစဉ်းစားတယ်။
ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့
သဘောတူလိုက်တယ်။
ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့
ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။
မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။
ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။
"ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။
မင်းပဲ စောစောကပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။အခုငါ့မှာအဆိပ်တက်နေပြီ။
ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလား "
ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့
"ခင်ဗျားသေရင် ကျနော်လည်း
ရေနစ်သေမှာသိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါတစ်ကေါင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ"
နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။
ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။
ကလေးပုံပြင်မဟုတ်ပါဘူး။ လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။
သနားလို့ကူညီပေမဲ့လည်း
အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်
ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့
သတိပေးသင်ခန်းစာလေးပါ။
credit ဗန်းမော် သိန်းဖေ
▼
No comments:
Post a Comment