Thursday, August 13, 2020

အတုံ့အလှည့်

ဘယ်သူမှ မုဆိုးမဟုတ်ဘူး ...
ပြီးတော့... ဘယ်သူကမှလည်း သားကောင် မဟုတ်ဘူး...
ကံတရားဆိုတာ အတုံ့အလှည့်ရှိတယ်...
သံသရာဆိုတာကလည်း စက်ဝန်းကြီး တစ်ခုလိုပါပဲ... ။

_ လူတစ်ယောက်ကို ကိုယ့်ကြောင့်ကျဆုံးစေခဲ့ရင်
အဲ့ဒီလူကျဆုံးခဲ့တဲ့ နေရာဟာ ...
နောင်တစ်ချိန် ကိုယ်လဲပြိုကျရမယ့် နေရာလေးဆိုတာ
သိထားပါ... ။

_ ကိုယ်စိတ်ချမ်းသာဖို့ အတွက်...
သူတစ်ပါး စိတ်ဆင်းရဲ လိုက်ရတယ်... ။
_ ကိုယ့် ပျော်ရွှင်မှု့ တစ်ခုအတွက်...
သူတစ်ပါး မျက်ရည်ကျခဲ့ရမယ် ဆိုရင်
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ....
ကိုယ်လည်း သူ့လိုပြန်ခံစားရမယ် ဆိုတာ မလွဲပါဘူး။

ကိုယ့်ကိုချစ်တဲ့ သူကို ကိုယ်က စိတ်ဆင်းရဲအောင်လုပ်မိရင် နောင်တစ်ချိန်မှာ
ကိုယ်ချစ်ရတဲ့ သူကလည်း ကိုယ့်ကိုစိတ်ဆင်းရဲအောင်
လုပ်မှာပဲ....
ဘာထူးခြားသွားလဲ ...?
တစ်ချိန်က သားကောင်ဖြစ်ဖူး သူတွေက
နောင်တစ်ချိန်မှာ မုဆိုး ဖြစ်ချင်ဖြစ်လာတယ် ...
မုဆိုးပါဆိုတဲ့ သူတွေကလည်း
တစ်ခါတစ်လေမှာ သားကောင် ဖြစ်ခဲ့ရပြန်ရော။

တကယ်တမ်းကျတော့ ဒါဟာ ...
တစ်ဦးကိုတစ်ဦး ဝဋ်ကြွေးတွေလှည့်ပတ်ပေးဆပ်နေတာပါ။ လူဖြစ်လာတယ်ဆိုကတည်းက ဝဋ်ကြွေးတွေဆပ်ဖို့ပါလို့
ကျွန်မတို့ ဘုရားရှင်က ဟောကြားထားခဲ့ပြီးသား...

ကိုယ်တိုင်ကိုက ထိခိုက်နာကျင်သူ ဖြစ်နေမယ်ဆိုရင်တောင်
နာကျည်းမုန်းတီးတဲ့စိတ်တွေနဲ့ မတုံ့ပြန်မိဖို့ပဲကြိုးစားပါ။

သံသရာမှာ ကိုယ်ဝဋ်ကြွေးတွေ ထပ်မတင်ချင်ဘူးမို့လား။
ဘယ်အရာမှ မြဲတာမဟုတ်လို့ အရာအားလုံးက
သူ့အလိုလို ပျက်သုဉ်းပျောက်ကွယ်သွားမှာပါ... ။

ကိုယ့်ရဲ့ထိခိုက်နာကျင်မှုတွေဟာ ဝဋ်ကြွေးတစ်ခု
ပေးဆပ်နိုင်ခဲ့ပြီလို့သာ တွေးလိုက်ရင်းပဲ
ကျေနပ်စရာကောင်းပါတယ်။

ပြီးတော့ နောင်သံသရာမှာ ဝဋ်ကြွေးတေ
ွ မပါအောင်လို့သာ ဒီဘဝမှာ သူတစ်ပါး
ထိခိုက်နာကျင်အောင် မပြောမိ၊ မလုပ်မိ၊ မကြံစည်
မိအောင် ကြိုးစားပြီး နေသွားတာကပဲ
ကိုယ့်ဘဝအတွက် အကောင်းဆုံး နေထိုင်ခြင်းလေး ဖြစ်မှာပါ။

ထိုကြောင့် တစ်ကျော့ပြန် ဝဋ်းကြွေး ပြန်မဆပ်ရအောင် ဆင်ခြင်ပြီး နေထိုင်သွားကြပါစို့လား

Credit: original writer


No comments:

Post a Comment