Thursday, August 13, 2020

အဖိုးအိုပြောသော ဥပမာပေးဆုံးမစကား

တစ်ခါတုန်းက တောရွာလေးတစ်ခုမှာ အင်မတန်မှ ဆင်းရဲလှတဲ့ မုတ်ဆိုးမ သားအမိရှိတယ်တဲ့..

ရာသီဥတုပူပြင်းတဲ့နေ့လေး တစ်နေ့မှာတော့....

ခိုင်းဗျာ………ခိုင်းချင်တိုင်းခိုင်း………တော့
တနေ့ကုန်အောင်ခိုင်း……တချက်မှအနားမပေးပဲခိုင်း

ခလေးတယောက်က ရွာအပြင်သစ်ပင်ရိပ်အောက်မှာ ဒေါသတွေ အကြီးကျယ်ထွက်ပြီး တယောက်တည်း ပါးစပ်ကနေ တတွက်တွက်ပြောနေလေသည်။

ထိုးအချိန် ခွေးလေးတစ်ကောင်ကို ခေါ်ဆောင်ပြီး အပန်းဖြေရန် သစ်ပင်ရိပ်သို့ ရောက်လာတဲ့ ခရီးသွား အဖိုးအိုတယောက်က သူ့အဖြစ်ပျက်ကြည့်ပြီး မေးလာတယ်……။

ကောင်လေးမင်းကိုဘယ်သူက ဘယ်လိုလုပ်ပြီး ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တိုနေရတာလဲကွာ………

""ဘာရှိရမှာလဲဗျာ………အိမ်ကအမေပေါ့""
""သားကိုအလုပ်တွေ တနေကုန်ခိုင်းနေတယ်……""
""သူငယ်ချင်းတွေနဲ့တောင် ……ကစားချိန်မရဘူး………""

""ဒါဆို မင်း……အဖိုးနဲ့ကစားမလား………""

အဖိုးအိုကပြောပြောဆိုဆို ……ကျောက်ခဲ၂ လုံးကို ကောက်ယူပြီး……

""ရော့……မင်းနဲ့ငါ ဘယ်သူဇွဲပိုကောင်းလဲကြည့်ရအောင်
ခဲလုံးမ ;တမ်း ကစားရအောင် …အကြာကြီးကိုင်ထားနိုင်သူက အနိုင်ပေါ့………""

ကစားနည်းက မခက်ခဲတာကြောင့် ကောင်လေးက လက်ခံလိုက်ပါတယ် ခံလုံးကို နာရီဝတ်မျှပင် မပြည့်သေး မ; ထားရတာ လေးလာတာကြောင့်……

""တော်ပြီဗျာ………သားအရူံးပေးတယ်
လက်ညောင်းလာပီ……ကစားရတာလည်းမပျော်ဘူးဗျာ……""

အဖိုးအိုးက

""ဒါဖြင်လည်း……ခွေးကလေးနဲ့ကစားလေ……"
""တခုတော့ရှိတယ်……ခွေးကလေးနဲ့ မကစားခင်း…""
""ဟို………အိတ်ထဲက နို့တစ်ဗူးကုန်အောင် တိုက်ပြီးမှ ကစားရမယ်……'''

""ရတယ်ဗျာ………သားနို့တိုက်ပေးမယ်""

ထိုသို့ပြောပြီး……ခွေးကလေးကိုနို့တိုက်ရာမှာ ခွေးကလေးက နို့မသောက်ပဲ ဟိုပြေး ဒီပြေးလုပ်နေတော့ ကောင်လေးကစိတ်တိုလာပြီး……

""မတိုက်နိုင်တော့ဘူးဗျာ……တချက်မှကိုအငြိမ်မနေတာ
စိတ်ကုန်လာပြီး……မကစားရရင်လည်း နေပါစေတော့ ……""

ဒီတော့မှ အဖိုးအိုကပြုံးပြီး………

""ဒီမှာကောင်လေး……ဘယ်လောက်မှမလေးတဲ့  ကျောက်တုံးတတုံးကို…နာရီဝတ်ပြည့်အောင်တောင် မင်းကကိုင်ထားနိုင်တာ မဟုတ်ဘူး……မင်းဒီအရွယ်ရောက်ဖို့အရေး……မင်းအမေက မင်းကို ကိုးလအကြာ လွယ်လာခဲ့ရတယ်ဆိုတာ မင်းသတိထားမိရဲ့လား………""

""မင်းက……ခွေးကလေးကိုလည်း နို့တနပ်စာတောင် ဝအောင်မတိုက်နိုင်ခဲ့ပေမယ့်……မင်းအမေက ဒီအရွယ်ရောက်ဖို့ ……နို့အနပ်ပေါင်း မရေတွက်နိုင်အောင်…တိုက်နိုင်ဖို့ ဘယ်လိုဒုက္ခခံပြီး…တိုက်ခံရတယ်ဆိုတာကိုရော မင်းသိကော်သိရဲ့လား………?

ကောင်လေးက…အဖိုးအိုစကားကြားချိန်မှာသေချာ…စဉ်းစားမိပြီး အမေ့ကို …သနားတဲ့စိတ်နဲ့ မျက်ရည်တွေဝဲပြီး  …ဘာတခွန်းမျှ မပြောတော့ပဲ………

နောက်ဆို …အမေခိုင်းသမျှ  မငြိုငြင်းပြတော့ဘူးလို့ …ဆုံးဖြတ်ကာ အိမ်ကို အပြေးလေး ပြန်သွားတော့တယ်……

သူသတိမထားမိလို့ …အသိတရားတွေမရှိခဲ့ပေမယ့်
အခုတော့ မိဘရဲ့ ကျေးဇူးတရားကို …သူကောင်းကောင်းကြီး သတိထားမိလေ…………ပြီ။

မိခင်ကျေးဇူးကို သိတက်သော သား/သမီးအလိမ္မာလေးများ
ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း

Credit မူရင်း


No comments:

Post a Comment