Tuesday, August 11, 2020

စကားသုံးခွန်းတန်ဖိုး

၁။ နွယ်ပင် မဖြစ်စေနဲ့။

သူများကို အားကိုးတယ်ဆိုတာ ခဏပဲ ကောင်းတယ်။ အမြဲတမ်း မှီဖို့မကြိုးစားနဲ့။ မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး။ အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း အမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပဲ။

၂။ ထမင်းပူကို မစားနဲ့။

သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာ ရအောင် ယူရင် အဲဒါ ထမင်းပူစားတာနှင့်တူတယ်။

ဒါကြောင့် မတရားတဲ့အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။ အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။

၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ။

ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမှာပဲ။ ဒီတော့ ကိုယ်လည်း တနေ့ လောကကြီးကနေ ထွက်ခွါရဦးမှာဆိုတာကို ဘယ်တော့မှ မမေ့ကြနဲ့။

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါတယ်။ ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေရာချခြင်းပဲ ဖြစ်ပါတယ်။

Credit:  မူရင်း


No comments:

Post a Comment