🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕
မြေခွေးတစ်ကောင်ဟာ ကြက်ခြံတစ်ခြံကိုတွေ့တော့ ခြံထဲကိုဝင်ပြီးကြက်ခိုးစားဖို့ ကြံစီတယ်
ဒါပေမဲ့ သူ့ခန္တာကိုယ်က ဝလွန်းတာကြောင့် ခြံထဲကို တိုးဝင်လို့ မရဘူး ဘယ်လိုရှာရှာ တိုးတိုး မရတာနဲ့ အစာငတ်ခံတဲ့ နည်းကိုသုံးပြီး ၃ရက် အငတ်ခံပြီး ကိုယ်လုံးသေးသွားတော့မှ ခြံထဲကို တိုးဝင်လို့ရသွား ရော ..ဒါပေမဲ့ ကြက်တွေ ကိုခိုးစားလို့ ဝပြီး ပြန်ထွက်မယ် လုပ်တော့ ပြန်ဝနေတာနဲ့ ထွက်လို့ မရတော့ပြန်ဘူးဖြစ်နေရော
ဒါနဲ့ နောက်သုံးရက် အစာအငတ်ခံ တော့မှပဲ ကြက်ခြံထဲကပြန်ထွက်လာလို့ ရလာတော့တယ် ။
နောက်ဆုံးတော့ မြေခွေး လည်းစဉ်းစားမိတယ်
ကိုယ့် ရဲ့တုံးအမှု့ကြောင့် ကိုယ့် အခြေအနေ ကိုကိုယ်ပြောင်းလဲ နေမိတယ် နောက်ဆုံးတော့ဘာ အကျိုးမှလဲ မရှိဘူး ဆိုတာပါပဲ
ပုံပြင်ကဒီမှာပဲပြီဆုံးသွားပါတယ်။
ကျွန်တော်တို့ဘဝတွေ ဟာလည်းအထက်ပါပုံပြင်လေးနဲ့အတူတူပါပဲ ဘာမှသိပ်မကွာခြားလှပါဘူး
ကျွန်တော်တို့ မွေးဖွားလာတုန်းက ကိုယ်အလွတ် နဲ့ လက်ဗလာမွေးဖွားလာ ကြပြီး ပြန်သွားတဲ့ အချိန်ကျတော့လည်း လက်ဗလာနဲ့ ပဲပြန်သွားကြရတာ ပါ ဘယ်အရာမှသယ်သွားလို့ မရ နိုင်ပါဘူး
ဘယ်သူက မှလည်းရှာဖွေးထားတဲ့ စည်းစိမ်ဥစ္စာ နဲ့ ဂုဏ်ဓန တွေ ကို မသယ်သွားနိုင်ကြဖူးပါဘူး
ကျွန်တော်တို့ နုပျိုငယ်ရွယ်တုန်းအချိန်မှာ ကြိုးစားရုန်းကန်ပြီးငွေ ကို အသဲ အသန်ရှာဖွေ ခဲ့ကြပေမဲ့ အဲ့ဒီပိုက်ဆံတွေ နဲ့ ကျွန်တော်တို့ ရဲ့ ပျိုရွယ်တဲ့ ဘဝတွေ ကိုပြန်ဝယ်လို့ ဘယ်လိုမှ မရ နိုင်ပါဘူး ..
ပျော်ရွင်မှု့တွေ ကို ငွေ နဲ့ သွားလဲခဲ့ကြပေမဲ့ အဲ့ငွေ တွေ နဲ့ ပျော်ရွင်မှု့နဲ့ အချိန်တွေကိုပြန်သွားဝယ်လာ လို့ မရ နိုင်ပါဘူး ....
တစ်ကမ္ဘာ လုံးမှရှိတဲ့ ဥစ္စာပစ္စည်းတွေ နဲ့ လဲ ကိုယ့်ရဲ့ဘဝ ကိုပြန်ဝယ်လို့ မရ နိုင်ပါဘူး ဒါကြောင့် အလုပ် တဲ့အခါ ဆိုရင် လဲလုပ်ပါ
အနားယူတဲ့အခါ မှာလဲအနားယူပါ အလုပ်လုပ်နေရင်းနဲ့ လဲ ဘဝရဲ့ ပျော်ရွင်မှု့လေးတွေ နဲ့ တန်ဖိုးတွေ ကို ရိတ်သိမ်းသွားဖို့ သိတတ်ပါစေ ....
ကိုယ့်မှာရှိနေတဲ့ တန်ဖိုးကို ရှာတွေ့တတ်ပါစေ ....
ကိုယ့်မှာရှိနေတဲ့ အချစ်တွေ ကို ထိန်းသိမ်းဂရုစိုက်တတ်ပါစေ ....
ကုန်းဆုံးနေတဲ့ တစ်ရက်ပြီးတစ်ရက် ကိုပျော်ရွင်မှု့တွေ သာရရှိနေပါစေ.....
အင်မတန်ခမ်းနားတဲ့ ဈေးကြီး အိမ်ကြီးဖြစ်နေပါစေ.... သင်လဲ ညအိပ်တဲ့အခါ မျက်လုံးပိတ် အိပ်ရမှာပဲ...
ကားအကောင်းစားဈေးကြီး ကြီးနဲ့ ဘယ်လောက်ပဲ ကောင်းနေ မြန်နေ ပါစေ ရန်ကုန် ကားတောထဲ မှာ ညပ်ပြီး ပိတ်ခံ နေရပြီဆို အမြန်မောင်းလို့မှမရတာ အမြန်မောင်းပြန်ရင်လဲ ဒဏ်ငွေဆောင်ရမှာပါ
ဈေးကြီးတဲ့ အိတ်အကောင်းစားကြီးပဲ ဖြစ်နေပါစေထည့်လို့ရတာကတော့ ပလပ်စတစ်အိတ်ကျွတ်ကျွတ်အိတ်သာသာပဲ ထည့်လို့ရပါလိမ့်မယ်....
သူများမိန်းမ ဆိုတာ ဘယ်လောက်ချောနေပါစေ တစ်နေ့ တော့ ဆံဖြူသွားကျိုး ခါးကိုင်းပြီး အိုမှာအတူတူပါပဲ ဒါကိုသိပါဖောက်ပြန်ဖို့ မကြိုးစားပါနဲ့ မြေခွေးတစ်ကောင်ရဲ့ပုံပြင်ရဲ့သင်ခန်းစာကိုယူပါ
ဘာမှအကျိုးမရှိဘူး ဆိုတာ သိပါလိမ့်မယ်....
သူများယောကျ်ား အင်မတန်ချမ်းသာ အရမ်းချမ်းသာနေပါစေ သင့်ကိုသစ္စာရှိရှိချစ်နေတဲ့ ဆင်းရဲသားယောက်ျားကိုတော့ မမှီနိုင်ပါဘူး...
ဖောက်ပြန်ပြီ စည်းစိမ်ဥစ္စာမက် မသာယာလိုက်ပါနဲ့ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့တဲ့ဒဏ်မယားကြီးရဲ့အထုအထောင်းဒဏ်ခံနိူင်မလားစဉ်းစား ခဏတာသာယာမှု့အတွက်ပေးဆပ်ရတာ မတန်နိူင်ပါဘူး.....
မဖြစ်နိုင်တဲ့အရာ အတွက် ဖွေ ရှာမနေမိပါစေနဲ့မသာယာမိစေနဲ့ ဆုပ်ကိုင်ထားတဲ့အစစ်အမှန်တွေနဲ့ပျော်ရွှင်ပါ အတုအယောင်ပျော်ရွင်မှု့တွေကို ပစ်ထားခဲ့လိုက်ပါ ဘာကြောင့်လဲ ဆိုတော့ တကယ်တမ်း ပျော်ရွင်မှု့ အစစ်အမှန်ဆိုတာ နေရာ တိုင်း အချိန်တိုင်းမှာရှိနေနိုင်ပါတယ် အဲ့တာ ဘာလဲဆိုတော့ ကိုယ့်ကိုကိုယ်သာ
“ ရောင်ရဲတင်းတိမ် ”တတ်ခြင်းပဲဆိုတာပါပဲ .....
Credit မူရင်း
▼
No comments:
Post a Comment