Thursday, August 13, 2020

အချိန်လေး ခဏ စောင့်ပေးလိုက်ပါ

တစ်ခါတုန်းက
ပညာရွိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ္ခုကို အတူတူထွက်လာခဲ့ကြသတဲ့ ။ လမ်းခရီးတစ်ဝက် တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ် ။

သောက်စရာ ရေလည်းကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာ ရွိတဲ့ ရေအိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ် ။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကိုသွားကြတာပေါ့ ။

အဲဒီအခါမွာ ရေကန်မှာ မကြာသေးခင်ကမှ
သမင် ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာတွေ့လိုက်ရတယ် ။
ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ ့အဖိုးအိုဆီ ပြန်လာခဲ့ကြတယ် ။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ
တိတ်တိတ် ဆိတ်ဆိတ်နေတယ် ။
နောက် တစ်နာရီလောက်ကြာတဲ့အခါ
တပည့်တွေကို ရေသွားခပ်ခိုင်းပြန်သတဲ့ ။ ဒီတစ်ခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကိုတွေ့လိုက်ရတယ် ။

၀မ်းသာအားရနဲ့ တပည့်တွေအားလုံးရေခပ်ပြီး ပြီးပြန်လာကြတာပေါ့ ။ ဒီတော့အဖိုးအိုက မေးတယ် ။
ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ 
ဘာမှမလုပ်ပါဘူး 
တပည့်တွေအားလုံး ၀ိုင်းဖြေကြတယ် ။
အဲဒီထဲကမွ တပည့်တစ်ယောက်ကတော့ ။
  အချိန်စောင့်လိုက်ရပါတယ်  လို့ ဖြေသတဲ့ ။

အဖိုးအိုကပြုံးပြီး ပြောတယ် ။
ဟုတ်တယ်' ရေကန်ထဲကရေတွေ အားလုံးကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တစ်ခုကို စောင့်ရပါတယ်"

အဲဒီလိုပဲတစ်စုံတစ်ယောက်က
သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင်ပြုလုပ်လို့ သင်တို့ စိတ်တွေနောက်ကျိနေပြီဆိုရင် ..
ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။ အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေမရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ်

Ashin Marnita
Credit ; မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ


No comments:

Post a Comment