Thursday, August 13, 2020

ကိုယ်ကိုတိုင်ရိုးသားသူ ဟုတ်ပါရဲ့လား

တစ်ခါက အင်မတန်ဆင်းရဲနုံချာလှတဲ့
သူဆင်းရဲတစ်ယောက်ဟာ ငတ်မွတ်လွန်းလှတဲ့
အတွက် ဈေးထဲက ပေါင်မုန့်ဆိုင်ကနေ
ပေါင်မုန့်တစ်ဖဲ့ကို ခိုးယူမိခဲ့ပါသတဲ့..။

အဲဒီလို သူဆင်းရဲရဲ့ ခိုး၀ှက်ခြင်းကို မြင်ကြတဲ့
အခါ ဈေးထဲက လူတွေ၊ မြို့ကလူတွေဟာ
သူဆင်းရဲကို ၀ိုင်း၀န်းဖမ်းဆီးရိုက်နှက် ကြပြီး
မြို့စားမင်းထံကို အပ်နှံကြပါသတဲ့..။
အဲဒီလို မြို့အုပ်မင်းထံကို ရောက်တဲ့အခါ
မြို့စားမင်းက သူဆင်းရဲကို ဒီလိုပြောခဲ့တယ်။

"မင်းဟာ ဘ၀ရှင်မင်းတရားကြီးချမှတ်ထားတဲ့ ဥပေဒကို ချိုးဖောက်သူ ငမိုက္သားပဲ။
ဒါကြောင့် မင်းဟာ ကြိုးပေးပြီးသေဒဏ်
စီရင်ခြင်းခံရမယ်"

အဲဒီလို မြို့စားမင်းရဲ့အမိန့်ကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောတယ်

"ကျွန်တော်မျိုးဟာ အင်မတန်ဆင်းရဲလှပါတယ်
တြယ္တာစရာ ပူပင်စရာ မိသားစုတစ်စုံ
တစ်ရာလည်း မရှိသူဖြစ်ပါတယ်။
ဒါကြောင့် သေဒဏ်ကျခံရလည်း ကျွန်တော်မျိုးအတွက် အကြောင်းမဟုတ်ပါဘူးလေ။
ဒါပေမယ့်လည်း ကျွန်တော်မျိုး
တစ်သက်လုံး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့
လျှို့၀ှက်ချက်တစ်ခုကိုတော့ မသေခင်မှာ
တစ်စုံတစ်ယောက်ကို ပြောသွားချင်ပါတယ်"

အဲဒီအခါ မြို့စားဟာ သူဆင်းရဲရဲ့
လျှို့၀ှက်ချက်ကို သိချင်လာတယ်။

"မောင်မင်းမှာ ဘာလျှို့၀ှက်ချက်ရှိလဲ" လို့
မေးတယ်။ အဲဒီအခါ သူဆင်းရဲက

"ကျွန်တော်မျိုးမှာ အင်မတန်ထူးဆန်းတဲ့
အတတ်ပညာရှိပါတယ်။
အဲဒီအတတ္ပညာကေတာ့ တလည်းစေ့
တစ်လုံးကို မြေကြီးထဲမှာမြှုပ်လိုက်ပြီးတဲ့
နောက် ညတွင်းချင်း အပင်ပေါက်ပြီး
ကြီးထွားလာအောင် လုပ်တဲ့အတတ်ပညာဖြစ်
ပါတယ်။

အဲဒီအတတ္ပညာကို ကျွန်တော်မျိုးကြီးဟာ
ဘုရင်ကြီးရဲ့ရှေ့မှောက်မှာ ပြသချင်ပါတယ်။ အဲဒီအခွင့်အရေးပြီးရင်တော့ ကျွန်တော်မျိုးကို စိတ်တိုင်းကျ သတ်ဖြတ်အပြစ်ပေးပါတော့" လို့တောင်းဆိုလိုက်တယ်။
အဲဒီလို သူဆင်းရဲရဲ့ စကားကို ကြားတဲ့အခါ

မြို့စားမင်းက

"ကောင်းပြီလေ၊ ဒါဖြင့် မင်းကို နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ မင်းတရားကြီးရှေ့မှောက်ကို ခေါ်ဆောင်သွားပေးမယ်" လို့ကတိက၀တ်ပြုလိုက်တယ်။

အဲဒီနောက်မှာတော့ မြို့စားဟာ ဘုရင်ကြီးရဲ့ရှေ့ကို ၀င်ရောက်ပြီးအကြောင်းစံလျှောက်တင်တယ်။

မြို့စားရဲ့လျှောက်တင်ချက်ကို ကြားပြီးတဲ့အခါ ဘုရင်မင်းကြီးက သူ့ရဲ့အပါးမှာ
အမြဲတမ်းခစားလေ့ရှိတဲ့ အမတ်ချုပ်ကြီး၊
ဘဏ္႑ာစိုးကြီးနဲ့ မြို့စားကြီးကို ခေါ်ဆောင်ပြီး ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်ကို
ထွက်လာခဲ့ကြတယ်။

အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ
သူဆင်းရဲကို အစောင့်အကြတ်တွေနဲ့
ခေါ်ဆောင်လာစေတယ်။
အတုပ်အနှောင်ကို ဖြေလျှော့စေပြီးတလင်းပြင်
မှာနေရာယူစေတယ်။ အဲဒီနောက်မှာတော့
ဘုရင်ကြီးဟာသူဆင်းရဲရဲ့ လျှို့၀ှက်အပ်တဲ့
အတတ္ပညာကို ပြသစေတယ်။

သူဆင်းရဲဟာ ဘုရင့်ဥယျာဉ်တော်ရဲ့တလင်းပြင်
မွာ ကျင်းတစ်ခုကို တူးတယ်။
အဲဒီနောက်မှာတော့ သူ့ခါးကြားထဲမှာ
ထည့်ထားတဲ့ တလည်းစေ့ ကို လက်မှာကိုင်ပြီး ဂါထာတစ်မျိုးကို စတင်ရွတ်ဖတ်တယ်။
အဲဒီနောက်မှာတော့ သူဟာ ဘုရင်ကြီး၊
အမတ်ချုပ်ကြီးနဲ့ ဘဏ္႑ာစိုးကြီးဘက်ကို
လှည့်ပြီး ဒီလိုပြောခဲ့တယ်။

"ခုကျွန်တော်မျိုးရာဇ၀တ်သားရဲ့ အစီအရင်ပြီးဆုံးပါပြီအရှင်တို့။ ကျွန်တော်မျိုးလက်ထဲက
တလည်းစေ့ဟာ သိဒ္ဓိ၀င် တလည်းစေ့ဖြစ်သွားပါပြီး။ အဲဒီတလည်းစေ့ကို ခိုးမှု မကျူးလွန်ဘူးတဲ့ အပြစ်ကင်း ဖြူစင်သူ စိုက်ပျိုးလိုက်တာနဲ့ နေ့ချင်းညချင်း အပင်ပေါက်ကြီးထွားလာမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါအရာရောက်တဲ့ နေရာကို ယူထားကြသူတွေဟာ
အင်မတန် ဖြူစင်မြင့်မြတ်သူတွေဖြစ်မှာပါ။
ကျွန်တော်မျိုးလို သူခိုးတစ်ယောက်ကတော့
ခိုးမှုကျူးလွန်ပြီးဖြစ်တဲ့အတွက် စိုက်ပျိုးလို့
မရေတာ့ပါဘူး။ အဲဒီတော့ ဒီတလည်းစေ့
မခိုးဘူးတဲ့အရှင်တို့သာ ဆောင်ယူပြီးစိုက်ပျိုးကြပါတော့"

အဲဒီနောက်မှာတော့ သူဆင်းရဲဟာ
တလည်းစေ့ကို အမတ်ချုပ်ကြီးလက်ထဲကို
ထည့်လိုက်တယ်။ အမတ်ချုပ်ကြီးရဲ့
မျက်နှာဟာ မလုံမလဲဖြစ်လာပြီး ကြောက်ရွံ့
လာတယ်။ အဲဒီနောက်မှာတော့ အမတ်ချုပ်ကြီးက ဘုရင်ကြီးကို ဒီလိုလျှောက်တင်လိုက်တယ်

"ကျွန်တော်မျိုး ရှက်ရှက်နဲ့၀န်ခံပါရစေဘုရား။ ကျွန်တော်မျိုးငယ်စဉ်က ကစားဖော်တစ်ယောက်ရဲ့ ထွေပြားကို ခိုးယူထားခဲ့ဘူးပါတယ်၊
အဲဒီတော့ ကျွန်တော်မျိုးဟာ ဖြူစင်သူမဟုတ်ပါဘုရား"

အဲဒီလိုနဲ့ အမတ်ချုပ်ကြီးဟာ တလည်းစေ့ကို ဘဏ္႑ာစိုးကြီးထံကို လက်ဆင့်ကမ်းလိုက်တယ်။ ဘဏ္႑ာစိုးကြီးဟာလည်း လိပ်ပြာမလုံတဲ့အမူအရာနဲ့ဒီလိုပြောပြန်တယ်

"ကျွန်တော်မျိုးဟာ ဘုရင့်ဘဏ္႑ာကို
ကိုင်တွယ်ထိန်းသိမ်းနေရသူဆိုတော့
တစ်ခါက ဒင်္ဂါးပြားတစ်ပြားကို အိပ်ထဲကို
ဆောင်ယူလာမိပါတယ်ဘုရား၊

အရှင်အပြစ်ပေးရင်လည်းခံရမှာပါပဲ။
ကျွန်တော်မျိုးဟာလည်း ခိုးမှုကျူးလွန်သူပါဘုရား"

အဲဒီလိုနဲ့ ဘဏ္႑ာစိုးကြီးဟာ တလည်းစေ့ကို
ဘုရင်ကြီးလက်တော်ထဲကို ထည့်ပေးလိုက်တယ်။
အဲဒီအခါမှာလည်း ဘုရင်ကြီးက

"ငါကိုယ်တော်လည်း ခိုးမှုကျူးလွန်ခဲ့ဘူးတာပဲ မင်းကြီးတို့ရဲ့။ ငါကိုယ်တော် အိမ်ရှေ့စံဘ၀က ဖခမည်းတော်ရဲ့ လည်ဆွဲကို မပြောဘဲ
ယူဆောင်ဆင်မြန်းခဲ့မိတယ်။
ဖခမည်းတော်က ခွင့်လွှတ်တော်မူလို့
ဒီလိုထီးနန်းအရိုက်အရာစံစားခွင့်ရခဲ့တာပဲ"

အဲဒီလို ဘုရင်ကြီး၊ ဘဏ္႑ာစိုးကြီးနဲ့
အမတ်ချုပ်ကြီးရဲ့စကားတွေကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောခဲ့တယ်။

"အရှင်တို့ အရှင်တို့ဟာ ရွှေ၊ ငွေ၊ စည်းစိမ်
ပြည့်စုံပါရက်နဲ့ ခိုးမှုကျူးလွန်ခဲ့ကြသူတွေဖြစ်တယ်။ အရှင်တို့ဟာ ခိုးမှုကျူးလွန်ပါရက်နဲ့ အပြစ်ဒဏ်တစ်စုံတစ်ရာမှ ကျခံရခြင်း၊
ခံစားရခြင်း မရှိခဲကြဘူး။ ကျွန်တော်မျိုးလို
သူဆင်းရဲဟာ ငတ်လွန်းမက ငတ်တဲ့အတွက် တစ်နပ်စာမျှတောင်မရှိတဲ့ ပေါင်မုန့်
လေးတစ်ဖဲ့ကို ခိုးယူစားသောက်မိခဲ့တာပဲဖြစ်တယ်။ အဲဒီပေါင်မုန့်တစ်ဖဲ့ကို စားသောက်မိတဲ့
အတွက် လူအများရဲရိုက်ပုတ်ခြင်းကိုလည်း
မချိမဆံ့ ခံခဲ့ရသေးတယ်။ အဲဒီအပြင် အခု
မင်းတရားကြီးရဲ့ ဥပေဒအရ သေဒဏ်တောင်ကျခံရတော့မယ်။ အဲဒီအျဖစ္ကို ဆင်ခြင်စဉ်းစားပေးတော်မူကြပါဘုရား။ ကျွန်တော်မျိုးကြီးလို သူဆင်းရဲ အငတ်တစ်ယောက်တောင် သေဒဏ်ကို ခံရသေးရင် တိုင်းပြည်ကို အုပ်ချုပ်၊ တရားသဖြင့် စီရင်တတ်တဲ့ အရှင်တို့လို လူတွေက ပိုပြီးကျခံရမှာမဟုတ်ဘူးလား"

အဲဒီလို သူဆင်းရဲရဲ့စကားကို ကြားတဲ့အခါ ဘုရင်ကြီးဟာ အင်မတန်မှ သတိသံေ၀ဂရခဲ့တယ်။
သူဆင်းရဲကို အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး အပါးတော်မြဲအမတ်အဖြစ် ခန့်အပ်ပြီးမြို့
တစ်မြို့ကိုလည်း အပိုင်စားပေးတော်မူခဲ့တော့တယ်။

Credit: မူရင်း


No comments:

Post a Comment