🌓၁၉၉၁ ခုနှစ်
------------*-*
" သားကြီး ကျောင်းသွားတော့မှာလား "
" ဟုတ်ကဲ့ဖေဖေ "
"စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ "
" အဖေကြီး ....ရှင့်သားကို ကျွန်မ. မုန့်ဖိုးပေးပြီးသားလေ. တော်ရဲ့"
"ဟာ... မင်းပေးသလို ငါလည်း ပေးရမှာပေါ့ကွ၊ ငါ့သားကြီးက. စာတော်တဲ့သားကွ "
" ရော့ ..သားကြီးအတွက် မုန့်ဖိုး။ ဒါက. အဖေပေးတာနော်"
x
🌓၂၀၀၂ ခုနှစ်
-------------
"သားကြီးရေ၊ သားကြီး "
"မင်းအတွက် စပို့ရှပ်လေး ဖေဖေ ဝယ်လာတယ် "
"သားကြိုက်တဲ့ အပြာနုရောင်လေးပဲ၊ လိုက်မလိုက် ဝတ်ကြည့်စမ်းပါဦးကွ "
" ငါ့သားကြီး တက္ကသိုလ် ကျောင်းသားကြီးတောင် ဖြစ်ပြီးဆိုတော့
အကျီၤၤၤ ကောင်းကောင်းလေးတွေ လိုမှာပေါ့၊ ဖေဖေ နောက်လည်း ဝယ်လာခဲ့မယ် "
" အဖေကြီး....ရှင့်ပုဆိုးက. စုတ်နေပြီးလေ"
" သားကြီးမှာက. အကျီၤကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်"
" ရှင့်အတွက် ပုဆိုးကို ဝယ်မလာပဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲရှင်"
" ငါ့ပုဆိုးက. လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး "
" မင်းသိလား....ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်း ရတဲ့အခါ ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။
အဲ့ဒီတော့မှ မင်း ငါ့ကို ငေးကြည့်ရမယ် "
" အေးပါတော် ....။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့"
x
🌓၂၀၁၂ ခုနှစ်
-------------
"မိန်းမရေ....ငါ့သား ချစ်သူက အချောလေးပါလားကွ"
" ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တခုခုတော့ လုပ်ပေးဖို့ လိုတာပေါ့။ နောက်မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ"
ငါတို့နေတဲ့မြေက....တို့အဖိုးအဖွားကြီးနှစ်ယောက်အတွက် ကြီးမနေဘူးလားကွ"
" ပေ ၄၀ထဲက ပေ ၂၀ကို ထုတ်ရောင်းပြီး သားကြီးမင်္ဂလာဆောင်အတွက် သုံးပေးလိုက်ရင်ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ"
" ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ ရောင်းစားပေမလား...မသိဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော"
x
🌓?၂၀၁၄ ခုနှစ်
-------------
(က)
" ဟလို.....သားကြီးလား...ဖေဖေပါ"
"ဖေဖေ. အသုံးစရိတ်ပြတ်နေလို့
ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား...သားကြီးရယ်"
"ဟာ... ဖေဖေကလည်းဗျာ "
"ပြီးခဲ့တဲ့ လတုန်းကပဲ ဖေဖေ့ကို ငွေသုံးသောင်း ပေးထားသေးတယ်မဟုတ်လား "
ဟုတ်တယ်သားကြီးရဲ့.....
ဖေဖေ. ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်"
" မင်းမေမေ. မရှိကတည်းက
ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်"
(ခ)
" သားကြီးတို့ လင်မယားပါလား....ဘယ်ကလှည့်လာတာလဲ"
"ကျွန်တော်...
ဟိုဘက်ရပ်ကွက်ထဲ ကိစ္စတစ်ခုနဲ့လာရင်း ကြုံလို့ ဝင်လာတာပါ ဖေဖေ"
" ဒါဆို သားကို ပြောစရာရှိတာနဲ့ အတော်ပဲ"
"သားမလာရင် သားဆီဖုန်းဆက်ပြီး ပြောမလို့"
" သားကြီး...ဖေဖေ.မျက်မှန်က. သိပ်ကြည့်လို့. မကောင်းတော့ဘူး"
"ဖေဖေ ပါဝါတိုးရမလား မသိဘူး"
" သားကြီး အဆင်ပြေရင်
ဖေဖေ့ကို မျက်စိဆေးခန်းခေါ်သွားပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်"
" ဖေဖေကလည်း ....မျက်မှန်ကအကောင်းကြီး ရှိသေးတာပဲကို"
" ကျွန်တော်လည်း အခုက မအားသေးဘူး"
"ဖေဖေ့မြေးက. ဖာလူဒါ သောက်ချင်တယ်ဆိုလို့ သွားတိုက်ရအုံးမှာ"
" ဒီလိုလုပ်လေ.... ကျွန်တော် အားတဲ့တစ်နေ့. ဖေဖေ့ကို လာခေါ်မယ်လေ"
(ဂ)
" သားကြီးရေ "
"ဖေဖေ့ ကျန်းမာရေး သိပ်မကောင်းတော့ဘူးကွယ် "
" နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်။"
" သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား"
"သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင် မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက် သက်သာပါပြီး"
"ဟာ....ဖေဖေအဲဒါတော့ အဆင်မပြေဘူးဗျ"
" ကျွန်တော့မိန်းမက အိမ်မှာ သက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး"
" အဲဒါကြောင့် သူ့အဖေ သူ့အမေကိုတောင် ခေါ်မထားဘူး"
" ကျွန်တော်လုံး၀ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့ကို နားလည်ပေးပါ"
x
🌓၂၀၁၅ ခုနှစ်
-------------
လူဆိုတဲ့ သတ္တဝါဟာ ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင်
အရိပ်ကလေးတော့ခိုချင်ကြတာ
သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
ဖေဖေ့ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး
ဘိုးဘွား ရိပ်သာမှာပဲ သွားနေဖို့
အသင့်ဖြစ်ပါပြီး။ သာကြီးတို့မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့. ဖေဖေဆုတောင်းခဲ့ပါတယ်
်သားကြီးရယ်။
🌓 ၂၀၁၆ ခုနှစ်
-------------
ဘိုးဘွာရိပ်သာတစ်ခု၏ ကုတင်နံပတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မယ်။
ထိုအဖိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြေးနေရှာသလဲဆိုသည်ကိုလည်း စာဖတ်သူတို့. နားလည်သဘောပေါက်ကြမည်ကို ကျွန်တော်အသေချာ သိပါသည်။
Credit: မင်းခလူ
Thursday, August 13, 2020
ငါ့ကို ဘိုဘွားရိပ်သာ ပို့ပေးပါ
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment