Monday, August 10, 2020

သစ်ခုတ်သမား (ဘာသာပြန်ပုံပြင်)






တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်ရှင်ဟာ သစ်ခုတ်သမားကို ထိုက်သင့်တဲ့ လစာနဲ့ ကောင်းမွန်တဲ့ အလုပ်ခွင်လေးတစ်ခုကို ပေးလိုက်တယ်။ပထမတစ်ရက်မှာတော့ သစ်ခုတ်သမားဟာ ကြိုးစားပမ်းစားနဲ့ သစ်ပင်တွေကို ခုတ်လှဲလိုက်တာ အလုပ်သိမ်းချိန်မှာ သစ်ပင် ၁၅ ပင် ခုတ်လှဲနိုင်ခဲ့တယ်။ ဒါနဲ့ သူဌေးကိုပြောတော့ သူဌေးကလည်း သစ်ခုတ်သမားကို"ကောင်းတယ်၊ ဒီအတိုင်း ဆက်ကြိုးစား" လို့ အားပေးလိုက်တယ်။သူဌေးရဲ့ အားပေးစကားကြောင့် စိတ်ဓာတ်ခွန်အား တက်ကြွသွားတဲ့ သစ်ခုတ်သမားဟာ မနေ့ကထက် ပိုပြီး အားသွန်ခွန်စိုက် သစ်ပင်တွေကို ခုတ်ထစ်တယ်။ ဒါပေမယ့် ဒီနေ့ကျတော့ သူဟာ သစ်ပင် ၁၂ ပင်ပဲ ခုတ်ထစ်နိုင်တယ်။ နောက်တစ်နေ့ကျတော့ မနေ့ကလို မဖြစ်ရအောင် သူ ကြိုးစားပမ်းစား သူများတွေထက် အလုပ်ပိုလုပ်တယ်။ ဒါပေမယ့်  သူ ၁၀ ပင်ပဲ ခုတ်နိုင်တယ်။ တစ်နေ့ထက်တစ်နေ့ သူဟာ မနေ့ကတွေထက် ပိုပြီး ကြိုးစားပမ်းစား အလုပ်လုပ်တယ်။ ဒါပေမဲ့ တစ်နေ့ထက်တစ်နေ့ ခုတ်ထစ်နိုင်တဲ့ သစ်ပင်အရေအတွက်ဟာ နည်းနည်းလာလိုက်တာ နောက်ဆုံးမှာ သူဟာ ၁ ပင်ပဲ ခုတ်နိုင်တော့တာ တွေ့ရတယ်။စိတ်ပျက်အားလျော့လာတဲ့ သစ်ခုတ်သမားဟာ အလုပ်ရှင်ကိုသွားပြောတယ်။ ဝမ်းနည်းပြီး အားငယ်နေတဲ့ သစ်ခုတ်သမားဟာ အလုပ်ရှင်ကိုလည်း အားနာနေတာပေ့ါ။ ဘယ်လောက်ကြိုးစားကြိုးစား သစ်ပင်တစ်ပင်သာ ခုတ်ထစ်နိုင်တော့တဲ့ သူ့ကိုယ်သူလည်း နားမလည်နိုင်ဘူး။ ဒါနဲ့ သူဟာ သူဌေးကိုလည်း တောင်းပန်စကားဆိုရင်းနဲ့ သူ ပင်ပန်းနွမ်းနယ်ေ နလွန်းတာ ဖြစ်လိမ့်မယ်လို့ သူဌေးကို ပြောလိုက်တယ်။ ဒါနဲ့ သူဌေးဟာသစ်ခုတ်သမားကို မေးလိုက်တယ်။"မင်း ပုဆိန်ကို သွေးခဲ့တာ ဘယ်နေ့နောက်ဆုံးကလဲ""သွေးခဲ့တာ၊ ကျွန်တော့်မှာ ပုဆိန်ကို သွေးဖို့အချိန်ကို မရှိခဲ့ဘူး။ သစ်ပင်တွေကိုသာ ခုတ်ထစ်ဖို့ ကျွန်တော် တစ်ချိန်လုံး ကြိုးစားနေခဲ့တာ" တဲ့။
တကယ်တော့ ပုံပြင်လေးရဲ့ အဓိပ္ပာယ်ကိုက ယနေ့ခေတ်ဘဝတွေကို အကောင်းဆုံး ဖော်ကျူးပေးနိုင်ပါတယ်။ သစ်ပင်တွေကိုသာ ခုတ်ဖို့ ကြိုးစားရင်း ပုဆိန်သွေးဖို့ မေ့နေတဲ့ လူတွေကို ကြည့်ရတာ ပျော်ရွှင်မှုတွေ လျော့နည်းလာကြသလိုပဲ။ အလုပ်၊ အလုပ်လို့ အချိန်ရှိသရွှေ့လုပ်နေကြတဲ့ ကျွန်တော်တို့ဟာ မိသားစုအတွက်၊ ကိုယ်ချစ်တဲ့လူတွေအတွက် အချိန်မပေးမိဘဲ တစ်နေ့မှာတော့ သစ်ခုတ်သမားလို ပျော်ရွှင်မှုတွေ  လျော့နည်းလာခဲ့တယ်။လုပ်ပါ၊ မိတ်ဆွေ၊ အလုပ်ဆိုတာ ဂုဏ်ရှိပါတယ်။ ဒါပေမဲ့ သင်ချစ်တဲ့လူတွေ၊ အရာတွေအတွက်လည်း အချိန်ပေးဖို့ မမေ့ပါနဲ့...

Credit: မူရင်း


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...