ဖော်လည်းမစွယ် တကိုယ်ငယ်
အိုဘယ်လူသား ကြောက်ဘူးလား။
ထိုသို့မေးသော်
ရွှင်အေးကြည်သာ ပြုံးမျက်နှာဖြင့်
အိုဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ ‘သတ္တိ’ရှိပြီ
ချစ်သည်သဟာ ‘ဇွဲ’လည်းပါ၍
မကွာထပ်လောင်း ငယ်ကပေါင်းသည့်
ဆွေကောင်း’လုံ့လ’ ဘေးကတူယှဉ်
ပါခဲ့လျှင်သော်
ငါ့တွင်သေချာ အောင်ဖို့ရာတည့်။
ယောကျ်ားငါကိုယ် မွက်ဟဆို
ဖော်မလိုပဲ တကိုယ်ထဲ
တော်ပေ့လူမော် ပွဲတိုင်းကျော်
သုံးဖော်ဆွေလည်း တူယှဉ်တွဲသည်
အောင်မြဲမုချ အောင်မည်ပ။ ။
Monday, August 17, 2020
သူရဲကောင်းသုံးယောက်နှင့်ခရီးသည် (ငွေတာရီ)
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment