Friday, August 14, 2020

ခံစားချက်ဆိုတာ လူသိလည်းအလကားပဲ သိမ်းထားတာတန်ဖိုးရှိတယ်

ကိုယ်ဝမ်းသာတဲ့အခါ
အနားကလူကို မျှဝေမိတယ်..
သူက ကိုယ့်ကို
ကြွားတယ်လို့ သတ်မှတ်တယ်..
မမျှဝေမိရင်ကောင်းသား
ခံစားချက်ဆိုတာ လူသိလည်းအလကားပဲ..

ကိုယ်စိတ်ညစ်တဲ့အခါ
အနားကလူကို မျှဝေမိတယ်..
သူက ကိုယ့်ကို
ငြီးတယ်လို့ သတ်မှတ်တယ်..
မမျှဝေမိရင်ကောင်းသား..
ခံစားချက်ဆိုတာ လူသိလည်းအလကားပဲ..
သိမ်းထားတာတန်ဖိုးရှိတယ်..

ကိုယ်ဝမ်းနည်းတဲ့အခါ
အနားကလူကို မျှဝေမိတယ်..
သူက ကိုယ့်ကို
အမူပိုတယ်လို့ သတ်မှတ်တယ်..
မမျှဝေမိရင်ကောင်းသား
ခံစားချက်ဆိုတာ လူသိလည်း အလကားပဲ..
သိမ်းထားတာတန်ဖိုးရှိတယ်..

အရှင်သုစိတ္တ(မော်ကျွန်း)

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..🙂
#ohmarshin


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...