တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းအဖိုးတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ်...ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်... မျက်မမြင်သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ်လို့ပြောတယ်... ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ်... မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ်... "ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်လို့သိနေပါရဲ့ ကျွန်တော့်ကို မီးအိမ်တစ်ခုပေးတာ ကျွန်တော့်ကို လှောင်နေတာလား?"
အိမ်ရှင်က ပြန်ပြောတယ်... "ကျွန်တော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ... ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့..." မျက်မမြင်သူငယ်ချင်း အဖိုးက သဘောပေါက်နားလည်သွားပါတယ်။
နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ ကျွန်တော်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။
ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့်ကနေကြည့်ရင် မတူတဲ့အမြင်ရှိကြပါတယ်။
သင့်မှာ သမီးတစ်ယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။
သင့်မှာ သားတစ်ယောက်ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ်။
သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှုကိစ္စတွေများတယ်၊ နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။
သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။
သင်လမ်းလျှောက်တဲ့အချိန်ကားမောင်းသူတွေကို အမြင်ကပ်တယ်။
သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။
သင်အလုပ်သမားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ယူဆတယ်။
သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ်မရှိဘူးလို့ ယူဆတယ်။
သင်ဝယ်ယူသူဖြစ်တဲ့အချိန် ဈေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့သတ်မှတ်တယ်။
သင်ဈေးရောင်းသူဖြစ်တဲ့အချိန် ဝယ်ယူသူက ဈေးဆစ်တတ်လွန်းတယ်လို့ သတ်မှတ်တယ်။
အမြဲတမ်းကိုယ့်နေရာကနေဘဲမကြည့်ဘဲ တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်။
တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ။ တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ ကြင်နာခြင်းတစ်မျိုးပါ။
တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ။
Credit :
Thursday, August 13, 2020
သူတစ်ပါး မြင်နိူင်ဖို့ပါ
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment