ခြင်္သေ့ဆိုတာ မြက်မစားဘူး
သိပ်မှန်တယ်
ဒီစကားလေးဟာ ဆိုရိုးတစ်ခု အဖြစ်
အသိအမှတ်ပြုထားကြတယ်။
နွားတွေကြားတော့ ဝမ်းသာတာပေါ့။
သူတို့စားကျက် လု မှာမဟုတ်တဲ့
ခြင်္သေ့ ကို ဝိုင်းပြီး အားပေး ထောက်ခံကြတယ်။
( ခြင်္သေ့ကို ထောက်ခံသူဟာ နွားတွေပဲ)
နွားဆိုတာ သူများခိုင်းတာပဲလုပ်တတ်တဲငတုံး
ဆိုတာ ခြင်္သေ့က သိတယ်။
ခြင်္သေ့က စိတ်ထဲက ဆက်ပြောတယ်
ငါက မြက်မစားဘူးလို့ပဲပြောတာ
နွားသားတော့ကြိုက်တယ်။
ခြင်္သေ့ဟာ သူ့ကို ယုံကြည့်ထောက်ခံတဲ့
နွားတွေကို စိတ်တိုင်းကျ အကွက်ချ စားတယ်။
နွားတွေကတော့ ကိုယ့်သေတွင်း ကိုယ်မသိ
ခြင်္သေ့ကို အားပေးထောက်ခံရင်း
ခုထိ အစား ခံနေရတုန်းးးးး
Credit: မူရင်း
No comments:
Post a Comment