လောက လူ့ဘုံတွင်
လူတို့သည်
မိမိတို့ပြုလုပ်ထားသော
ဝဋ်ကြွေး ကံကြွေး တို့အား
ပေးဆပ်ကြရပြီး သံသရာထိလည်း
ပါသွားတတ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်း
သုံးဆယ်ကျော်ခန့်က
အဖြစ်အပျက် တစ်ခု -
ကိုသာမောင်သည်
သူငယ်ချင်းတစ်ယောက်နှင့်
အင်းတစ်ခုကို
လေလံဆွဲရန်အတွက်
ဘကြီးဘိုးထွန်းထံမှ
ငွေနှစ်ထောင်ချေးငှားခဲ့ပါတယ်။
ဘကြီးက အတိုးပင်မယူပဲ
ချေးပေးခဲ့သည်။
အင်းပေါ်ခါနီးမှ…
သူငယ်ချင်းသည် ဗွေဖောက်ပြီး
လောင်းကစားဖက်လာ၍
မရှုံးသင့်ပဲ ရှုံးခဲ့ရတယ်တဲ့။
ကိုသာမောင်သည်
ရိုးသားဖြောင့်မတ်သူ ဖြစ်၍
အကြွေးကိစ္စနှင့်
အိပ်ရာထဲ လဲပါတော့သည်။
ဘကြီးဘိုးထွန်းက အကြွေးအား
ဖြေးဖြေးခြင်း ဆပ်ရန်
ကျန်းမာရေးကိုသာ ဂရုစိုက်ရန်
အတန်တန်ပြောခဲ့ပြီး
ဆေးဖိုးဝါးခပင်
ထုတ်ပေးခဲ့ပါသေးတယ်။
သို့သော်…
ကိုသာမောင်သည် ဘယ်လိုမှ
ဒီအကြွေးကို မဆပ်နိုင်တော့ဟု
ယူဆသည်။
ထိုခေတ်က ငွေနှစ်ထောင်သည်
အလွန်တန်ဖိုး ရှိသတဲ့။
စိတ်လျော့လိုက်သဖြင့်
အသက်ပါ ပါသွားတော့သည်။
ကိုသာမောင်မှာ
သားသမီးလေးဦး ကျန်ခဲ့ပြီး
ဇနီးဖြစ်သူမှာလည်း…
စိတ်ထောင်းကိုယ်ကြေဖြစ်ကာ
သေဆုံးသွားခဲ့ပြန်ပါတယ်။
သားအကြီးဆုံးဖြစ်သူ
ကိုကြီးစိုးနှင့် ညီဖြစ်သူတို့ဟာ…
သူတို့ရဲ့ ညီမလေးနှစ်ယောက်ကို
ဂရုစိုက်ပြီး သေချာပြုစု
စောင့်ရှောက်ခဲ့ပါတယ်။
မောင်နှမများလည်း
အသီးသီးအိမ်ထောင် ကျခဲ့ကြပြီး
စီးပွားရေးမှာလည်း တဖြေးဖြေးနှင့်
တိုးတက်ကောင်းမွန်လာခဲ့ပါသည်။
ကိုကြီးစိုးနှင့် မောင်နှမများသည်
ဘကြီးဘိုးထွန်းအား
အလွန်ဒေါသ ဖြစ်နေကြသတဲ့။
အဘယ်ကြောင့် ဆိုသော်…
ဘကြီးဘိုးထွန်းက
သူ့အိမ်မှနွားလေးအား
သူတို့အဖေနာမည် သာမောင် ဟု
ခေါ်ဆိုသောကြောင့် ဖြစ်ပေသည်။
မောင်နှမများ မကျေနပ်၍…
ဘကြီးဘိုးထွန်းအိမ် သွားပြီး
မေးမြန်းရန် တိုင်ပင်ကြပါတယ်။
ဘကြီးမှာ ကျေးဇူးရှင်ဖြစ်၍
ပြေပြေလည်လည် ပြောဆိုကြရန်
အကိုကြီးဖြစ်သူမှ မှာကြားပါသည်။
အေးကွာ… ငါလည်း
စိတ်မကောင်းတာ အမှန်ပဲ။
ငါ ဒီနွားပေါက်လေးကို
ပန်းဘဲစုမှာ
အကြွေးသွားတောင်းရင်း
ကြိုက်လို့… ငါ့ညီဆီကနေ
ဝယ်ခဲ့တာ။
ငါလည်း ဝယ်ပြီးတော့…
ငါ့သူငယ်ချင်း အိမ်မှာ
ချည်ထားခဲ့တယ်။
ပြန်လာတော့ ချည်တိုင်မှာ
မရှိတော့ဘူး။
လိုက်ရှာတော့လည်း မတွေ့တာနဲ့
အိမ်ကို ပြန်လာခဲ့တယ်။
အံ့သြစရာကောင်းတာက…
အိမ်ရောက်တော့
နွားတင်းကုပ်မှာ ရောက်နေတယ်။
စဝယ်ကထဲက
ငါ့ကို တွေ့လည်းတွေ့ရော
ပရောပရီနဲ့ လုပ်နေတယ်။
အခုလည်း ငါ့အိမ်ရောက်နေတယ်။
ငါလည်း မင်းတို့အဖေ
ဝင်စားသလားဆိုပြီး
ဟေ့ကောင်…
သာမောင်ကြီးလို့လည်း ဆိုရော
ငါ့ဆီကို တန်းပြေးလာတာပဲ။
ဟာဗျာ… ဘိုးလေးကလဲ…
အေးပါ…
ငါက အဖြစ်ကို ပြောပြတာပါ။
အင်း…
ငါလည်း စိတ်မကောင်းပါဘူး။
မင်းတို့အဖေက အရမ်းရိုးတာ။
ဒါကြောင့်ငါက လွယ်လွယ်ကူကူ
ချေးပေးခဲ့တာပေါ့။
သာမောင်က မသေခင်အထိ
အကြွေးကိစ္စ စွဲနေတာလေ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ဘိုးလေးရာ…
ဒီနွားကို အဖေ့နာမည် မခေါ်ပါနဲ့။
အေး… ငါလည်း
တခြားနာမည်ပေးပြီး ခေါ်ပါတယ်။
မလှုပ်ဘူး။
သာမောင်လို့
ခေါ်လိုက်လို့ကတော့…
ကြားတဲ့နေရာက ပြေးလာတာပဲ။
ဆက်ပြောလျှင် မောင်နှမတွေ
ဒေါသပါလာတော့ မည်ကိုသိ၍
အကိုကြီးက စကားဖြတ်ပြီး
ပြန်လာခဲ့တော့သည်။
ညီမလုပ်သူမှ… အဖေ့နာမည်
နွားကို ပေးထားတာဟာ
အဖေ့သိက္ခာကို ချနေတာ။
သမီးအနေနဲ့ အဖေ့ဂုဏ်သိက္ခာကို
ပြန်ဆယ်ရမှာပဲ။
ကဲ…
နင်တို့ ဒီလောက်တောင်
ဖြစ်နေကြတာ
ကျေးရွာ တရားသူကြီးအဖွဲ့ကို
တိုင်ကြရအောင်။
ကျေးရွာလူကြီးနှင့်အဖွဲ့သည်
အမျိုးမျိုးတိုင်ပင် ဆွေးနွေးကြပြီး
လယ်ထဲတွင် …
ကိုကြီးစိုးတို့မောင်နှမ
ဘကြီးဘိုးထွန်းနှင့်
နွားတို့အား ခေါ်ပြီး
ပြဿနာအား ဖြေရှင်းရလေသည်။
နှစ်ဦးနှစ်ဖက်သည်…
ကျေးရွာလူကြီးများ၏
အဆုံးအဖြတ်ကို နာခံမည်ဟု
ကတိပြုကြသည်။
ရွာလုံးကျွတ်
လာရောက်ကြည့်ရှုကြသဖြင့်
စည်ကား လှပေသည်။
ထို့နောက် ဦးလေးဘိုးထွန်းအား
သူ့နွားလေးကို ခေါ်စေသည်။
ရွှေနီ - ထိပ်ကွက်
စသည့်အမည်များကို
ခေါ်သော်လည်း
နွားက တုပ်တုပ်မျှ မလှုပ်။
သာမောင်ကြီးဟု ခေါ်လိုက်သည်နှင့်
အပြေးကလေး ရောက်လာသည်။
ထို့နောက်
မောင်နှမလေးယောက်အား
အပြင်လူ (၂၀ ) ဦးနှင့်ရောပြီး
တန်းစီစေသည်။
ကဲ… မင်း သာမောင်ကြီး
ဝင်စားတာမှန်လျှင်
တန်းစီတဲ့ အထဲက
မင်း သားကြီးဆီ သွားနမ်းစမ်းဟု
နွားလေးအား ပြောလိုက်ရာ
ကိုကြီးစိုးရှေ့တည့်တည့်သွားကာ
နမ်းလေသည်။
အံ့သြစရာပါပဲ။
ဦးခေါင်းဖြင့် နမ်းရှုံ့ပြီး
မျက်ရည်များပင် စီးကျနေ သည်။
ပရိသတ်ကြီးမှာလည်း
ဝမ်းနည်းကြေကွဲသွားကြသည်။
ထို့နောက် နွားလေးသည်
သမီးထံသို့ သွားကာ
နမ်းရှုံ့လိုက်စဉ်…
အောင်မလေး အဖေရဲ့…
သမီး ရင်ကွဲပါပြီ
ဖြစ်မှဖြစ်ရလေ အဖေရယ်ဟု
ကြေကွဲစွာ ငိုလေသည်။
နွားလေးကို ဖက်ပြီး
ငိုကြွေးလိုက်သော အသံသည်
ပရိတ်သတ်ကြီးအား…
တုန်လှုပ်ခြောက်ခြား
သွားရလေတော့သည်။
ဤအဖြစ်အပျက်သည်
တကယ့်အဖြစ်အမှန်ဖြစ်ပြီး
အလွန်ပင် သံဝေဂယူစရာ
ကောင်းလှပေသည်။
၁။ ကိုသာမောင်သည်
ဖခင်တစ်ဦးအနေဖြင့်
မိသားစု၏ …
စားဝတ်နေရေး အတွက်
ရုန်းကန်ရင်း အကြွေးမပေးနိုင်၍
အပါယ်ဘုံ၌ ကျရောက်ရခြင်း။
၂။ အကုသိုလ်ကံ ပေးဆပ်လျှင်
ပြုလုပ်သူ မိမိသာလျှင်
ပေးဆပ်ရခြင်း။
၃။ အဆိုပါ အကုသိုလ်ကံသည်
ဘဝပေါင်း မည်မျှ လိုက်လံ
အကျိုးပေးမည်ကို မသိခြင်း။
အဲဒါကြောင့်…
တစ်ချို့မှာ အကြွေးယူပြီး
ပြန်မဆပ်လိုသည် သာမက
ရန်ပင် ပြုလိုက်ပါသေးသည်။
သံဝေဂရလျှက် ဆင်ခြင်နိုင်စေရန်
ရေးသားလိုက်ရပေသည်။
Credit: အရှင်ပုည(ဝကုန်း)
Wednesday, August 12, 2020
သံသရာကြွေး
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment