ဟိုရှေးရှေးတုန်းက မြင့်မြတ်တဲ့ သမင်ဖိုတစ်ကောင် တောထဲမှာရှိသတဲ့။
သူရဲ့ ဦးခေါင်းဟာ တင့်တယ်လှပတဲ့ ဦးချိုများနဲ့ အလှဆင်းထားလို့ ကြည့်သူ အပေါင်းမှာ မင်္ဂလာတစ်ပါးပဲပေါ့။
သမင်ကြီးရဲ့ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်လာတဲ့အခါ သတ္တဝါ အပေါင်းရဲ့ အရိုအသေးပေးမှုကို ခံရတယ်။
သူဟာ သမင်အပေါင်းရဲ့ ဘုရင်တစ်ပါးပေါ့။
ဘုရင်တစ်ပါးဖြစ်သော်လည်း သတ္တဝါအပေါင်းကို မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။
တောတောင်တို့ရဲ့ အရှင်သခင်ဖြစ်တဲ့ ခင်္သြေတောင်မှ သူကို လေးစားသတဲ့။
တစ်နေတော့ ကုန်းသည်တစ်စုဟာ ခရီးလမ်းမှာ လမ်းပျောက်သွားသတဲ့ ကုန်သည်တွေဟာ သူတို့ ဘာဆက်လုပ်ရမယ်ဆိုတာ မသိလို့ စိတ်ပျက်လက်ပျက်နဲ့ ကြောက်လန့်နေကြပါသတဲ့။
ကုန်သည်များ နောက်ပြန်လှည့်ကြည့်တဲ့အခါ သမင်တစ်ကောင် သူတို့နားမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။
သမင်ကြီးက လမ်းပျောက်နေတဲ့ ကုန်သည်တွေကို သူ့နောက်က လိုက်ဖို့ ခေါ်လိုက်သတဲ့ ။
ကုန်သည်များဟာ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ သမင်းကြီးရဲ့နောက်ကို လိုက်သွားကြပါတယ်။
ထို့နောက် ကုန်သည်များကို မြို့ရဲ့ အစွန်အဖြားထိ လိုက်ပို့ပြီး သမင်းကြီးဟာ တောထဲကို ပြန်ဝင်သွားသတဲ့။
ကုန်သည်ခေါင်းဆောင်က ထိုသမင်းကြီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို သဘောကြသွားလို့ တိုင်းပြည်ပြန်ရောက်ရင် တိုင်းပြည်အုပ်ချုပ်တဲ မင်းကြီးကို သမင်းကြီးရဲ့ မြင်မြတ်တဲ့ စိတ်ထားကို ပြောပြချင်တဲ့စိတ်တွေ ဖြစ်ပေါ် လာပါသတဲ့။
ကုန်သည်များဟာ မင်းကြီးထံသွားပြီး အံသြစရာကောင်းတဲ့ မြင့်မြတ်တဲ့သမင်ကြီး အကြောင်းကို ပြောပြပါသတဲ့။
မင်းကြီးဟာ မြင့်မြတ်တဲ့သမင်းရဲ့ ချီးမွမ်းခန်းကို သေချာ နားမထောင်ပဲ၊ ထူးဆန်းတဲ့ သမင်တစ်ကောင် ဟုသာမှတ်ထင်လိုက်ပါတယ်။
ဒါ့ကြောင့် ဒီသမင်ကို တောလိုက်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။
တစ်နေ့တော့ မင်းကြီးဟာစစ်သည်တော်တွေနဲ့ တောလိုက်သွားတော့ သမင်းကြီးဟာ အေးဆေးစွာ စာကျက်မှာ အစာစားနေတာ ကို တွေ့ရသတဲ့။ ဒီတော့ မင်းကြီးက နောက်လိုက် စစ်သားတွေကို
“ ဒီသမင်းကြီးကို ဘယ်သူမှ မပစ်နဲ့ ငါကိုယ်တိုင်ပစ်ပြီး သူရဲ့လှပတဲ့ ဦးချိုကို ငါ့နန်းတော်ရဲ့ နံရံမှာ ချိပ်ထားမယ်” လို့ ပြောဆိုကာ မင်းကြီးကိုယ်တိုင် သမင်းကြီးကို ပစ်ပါသတဲ့။
မင်းကြီးရဲ့ မြှားဟာ သမင်းကြီးကို မထိမှန်ပဲ သမင်းကြီးက ပြေရင်းလွှားရင် ဘုရင်ကို တောနက်ထဲအထိ ဆွဲခေါ်သွားပါတယ်။
မင်းကြီး တောနက်ထဲကို ရောက်တော့ သူ့ရဲ့ နောက်လိုက်တွေနဲ့ အဆက်အသွယ် ပြတ်သွားတောပေါ့။
သမင်းကြီးဟာ ဘုရင်ကို သူ့နောက်က လိုက်ရင်း ရွံနွအိုက်ထဲကို ဆွဲခေါ်သွားတဲ့အခါ ဘုရင်ဟာ နွံအိုင်ထဲမှာ နစ်မြုပ်သွားလို့ ကယ်ပါယူပါ တစာစာအော်နေရသတဲ့။
ဘုရင်ကြီးရဲ့ အကူအညီးတောင်ခံသံဟာ သမင်းကြီးမှ တစ်ပါး ဘယ်သူမှ မကြားနိုင်ဘူးပေါ့။
အဲဒီအချိန်မှာတော့ သမင်ကြီးက ဘုရင်ကို သူရဲ့ သန်မာတဲ့ ဦးချိုကို နှိမ့်ချ ကမ်းလှမ်းကာ မင်းကြီးကို နွံအိုင်ထဲမှာ ကယ်တင်ခဲ့ပါတယ်။
ဘုရင်ဟာ အသက်ဘေးမှ ကင်းဝေးရလို့ သမင်းကြီးကို ကျေးဇူးတင်စကားပြောပြီး သူ့ကိုယ်သူလည်း အရှက်ရသွားတယ်။
သမင်းကြီးကတော့ ဘုရင်ကြီးတိုင်းပြည်ကို ပြန်ပို့လိုက်ပါသေးတယ်။
ဘုရင်က သမင်ကြီးကို မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ သူရဲ့နန်းတော်မှာ နေထိုင်ဖို့ ပြောဆိုတဲ့အခါ သမင်ကြီးက ငြင်းဆိုကာ သူရဲ့နေရာ တောကိုသာ ပြန်သွားပါသတဲ့။
ဒီပုံပြင်ဇာတ်လမ်းမှာ မြင့်မြတ်တဲ့ သမင်ကြီးဟာ မြတ်စွာဘုရားလောင်းပေါ့ ။
ဒီပုံပြင်ဇာတ်လမ်းကို လေ့လာကြည့်ခြင်းအားဖြင့် မြင်မြတ်တဲ့စိတ်ထားရှိသူဆိုတာ .....
ရန်သူပင်ဖြစ်နေပါစေ သူတို့ အကာအကွယ်မဲ့တဲ့အခါ ဘေးအန္တရာယ်နဲ့ ဆုံးတွေ့တဲ့အခါ မိတ်ဆွေရင်းပမာ ကူူညီစောက်ရှောက်ရမယ်ဆိုတဲ့ အသိပညာကို ရစေပါတယ်။
Crdit: မြန်မာ ဗုဒ္ဓဘာသာ အသင်း(ကနေဒါ)
▼
No comments:
Post a Comment