တစ်ခါကမြို့လေးတစ်မြို့တွင်
မြစ်ရေကြီးလေရာမြို့ထဲရှိအိမ်မျ ားလည်း
ရေမြု ပ်ကုန်သဖြင့်လူများရေလွတ်ရာ
သို့တိမ်းရှောင်ကြရလေသည်။
ထိုစဉ်သူဠေးအိမ်မှကြေး
အိုးကြီးတစ်လုံးနှင့်ဆင်းရဲသားအိမ်မှမြေအိုးတစ်လုံးတို့
ရေလွှမ်းနေသော ရွာလယ်လမ်းတွင် မျေ ာလာကြရင်း
ဆုံတွေ့ကြလေသည်။
ကြေးအိုးကြီးကစတင်၍မြေအိုးလေးအားနှု တ်ဆက်စကားဆိုလိုက်ရာမှ အိုးနှစ်အိုးတို့အောက်ပါအတိုင်းအပြန်အလှန်စကားဆိုဖြစ်ကြလေသည်။
"မင်္ဂလာပါမောင်မြေအိုး.
( အိုးကောင်းလို နာနာခပ် )ဆို
တဲ့စကားအတိုင်း ရွှံ့စေးဘဝမှာနာနာအထုထောင်းခံရ
မှအိုးကောင်းဖြစ်တယ်တဲ့..မင်းရော အဲ့လိုလုပ်ခဲ့ရဲ့လား
ကွဲ့ "
" ခင်ဗျားဗျား..
( အိုးကမပူ စလောင်းကလာပူ )နေပြန်ပြီ
ကျနော်ကနာနာခပ်ရုံမက
( မီးအကျက်နာမှအိုးကောင်းရ )
ဆိုသလိုမီးအကျက်နာထားတဲ့အိုးပါဗျ "
" ( အိုးတန် ဆန်ခပ် )တဲ့..တန်ရုံစကားပြောပါကွယ်..
( မပြည့်အိုး ဘောင်ဘင်ခတ်)
တော့မဖြစ်စေနဲ့
( သူ့အိုးနဲ့ သူ့ဆန် တန်ရုံပဲကောင်းပါတယ် ) "
" ကျ နော်က ( ထောပတ်တောင်းတာ အိုးလိုက် မ, ယူ
လာ )
ဆိုတဲ့ခပ်တုံးတုံး အိုးမဟုတ်ပါဘူးဗျ
( အိုးစွပ်ခွက်စွပ် မရိုးစွတ် ) ပါနဲ့ဗျား "
" ဟား ဟား ဟား..ကျ လည်းကျ တဲ့မြေအိုးပါလားကွာကြို က်ပဟေ့..ခုမှ
(ကရင်ထန်းလျ က်အိုးတွေ့ )ဆိုသလိုတွေ့ကြပြီပေါ့ကွာ "
" အင်း အဲဒါကအကြောင်းမဟုတ်ဖူး..
(ဆီးချ ို သည်ရှေ့သကာည်အိုးမှောက် )
သာမဖြစ်စေနဲ့ပေါ့ဗျား "
" အေးပါကွာ..အေးပါ..ဒါနဲ့ စကားမစပ်ပြောရအုံးမယ်..
( ပညာရွှေအိုး လူမခိုး )
ဆိုပေမယ့် ငါနေတဲ့သူေဋ္ဌးကြီး
ဦးပညာအိမ်ကရွှေအိုးကြီးရေမကြီးခင်ရက်ကလူခိုးခံ
လိုက်ရသကွ "
" ဟုတ်လား..အဲဒီသူခိုးတော့( ဆန်အိုးထဲကြွက်ကျ )ဆို
သလို အတော်ဖြစ်သွားမှာပေါ့နော် "
" အင်း..ငါတို့သူဠေးက ကော်တရာကပ်စေးနည်း..လှူ ဖို့
တန်းဖို့ဆို အားကြီးလန့်တာ..
အခုတော့
(ယာဂုအိုးမှောက်မှ ရွှေစည်းခုံလှူ )
ဆိုသလိုသူခိုး အခိုးခံရမှ လှူ ဖို့
တန်းဖို့သတိရနေပြီပေါ့ကွာ "
ဤသို့ရေစီးနှင့်အတူမြောပါရင်း စကားတပြောပြောနှင့်
လာကြစဉ်ကြေးအိုးကြီးနှင့် မြေအိုးလေးတို့ နီးကပ်လာ
ကြလေရာ -
" မင်းကမြေအိုးဆိုတော့ ငါ့လောက်ခိုင်ခံ့မှာမဟုတ်ဖူး..
(စလယ်ဝင်အိုး ဖင်မမဲခင်ကွဲ)မဖြစ်ရလေအောင်မင်းကိုငါအနီးကပ်ကာကွယ်ပေးချ င်ပါရဲ့ "
" အမလေး..နေပါစေ အဲဒီလိုလုပ်လိုက်ကာမှ
(အိုးရွဲ့ကိုစလောင်းရွဲ့နဲ့ဖုံး )
ဆိုသလို ခင်ဗျားကကျ နော့်ကိုအရွဲ့တိုက်သလိုဖြစ်နေပါအုံးမယ် ကိုကြေးအိုးရယ် "
" အလိုလေး မင်းကများ
(အိုးမလုံ အုံပွင့်)
ဖြစ်နေရတယ်လို့..ငါကမင်းအတွက်ပြောတာပါကွယ် "
" နေပါစေဗျား..
( ကြက်ကန်း ဆန်အိုးတိုး )လည်းမဖြစ်ချ င်ပါဘူး..ရှေးလူကြီးတွေကပြောကြတယ်
( မဖုတ်အိုးလည်း ဈေးနဲ ဆစ်ကာမဝယ်နဲ့ အရုပ်ဆိုးလည်း ပေးတဲ့မေတ္တာမပြယ်နဲ့ )တဲ့ဗျ ..
ခင်ဗျ ားကျ နော့်ကိုမေတ္တာရှိရင်
ခပ်ဝေးဝေးမှာနေပါဗျား "
" အမယ် မင်းကမျာကွာ(ငပိအိုးကမနံ နံ့သာဆီအိုးက
နံ )နေပြန်ပါပြီ ..ငါကမင်းအတွက်စိတ်ပူတာပါ "
" စိတ်မပူပါနဲ့ဗျား..
( ကြိုးချ င်းထားကြိုးချ င်းငြိအိုးချင်းထား အိုးချ င်းထိ )
ဆိုပေမယ့် ခင်ဗျားလိုကြေးအိုးနဲ့ ကျနော့်လိုမြေအိုးထိလို့တော့မဖြစ်ဖူး.
တော်ကြာကျ နော်မောင်မြေအိုး
(အသက်နဲ့ကိုယ် အိုးစားကွဲ)
ဆိုသလိုဖြစ်နေပါ့မယ်..
ဒါကြောင့် ဝေးလေကောင်းလေမို့ သွားပါပြီကိုကြေးအိုးရေ့ "
ဤသို့နောက်ဆုံးနှု တ်ဆက်စကားဆိုကာ မြေအိုးလေး
သည် ကြေးအိုးကြီးနှင့် ဝေးရာသို့ ရေစီးဖြင့် မျောရင်း
ထွက်ခွာသွားပါလေတော့သတည်း။
Credit: မူရင်း
▼
No comments:
Post a Comment