Friday, August 14, 2020

စွဲလမ်းမှုတဏှာကြောင့် ဘဝဆုံးနိုင်တယ်

ဒီပုံပြင်လေးကို လူအတော်တော် များကြားဖူးကြမယ်ထင်ပါတယ်။

တောရွှာလေးတစ်ရွှာမှာ မျောက်တစ်ကောင်ဟာ လူမရှိတဲ့အိမ်ထဲကို ပွင့်နေတဲ့ ပြတင်းပေါက်ကနေ ဝင်လာတယ်။မီးဖိုချောင်မှ ထန်းလျက်ခဲတွေထည့်ထားတဲ့ စဥ့်အိုးတစ်လုံးကိုတွေ့လို့ အဖုံးကို မ,ယူဖွင့်ပြီး ထန်းလျက်ခဲတစ်လုံးကို နှိုက်စားလိုက်တယ်။ကြိုက်လို့ နောက်နှစ်လုံး ထပ်ယူစားပြန်တယ်။နောက်တော့ စိတ်မထိန်းနိုင်တော့လို့ လက်တစ်ဆုပ်စာ ထန်းလျက်ခဲတွေ နိုှက်ယူလိုက်တယ်။သူ့လက်ကို ပြန်ဆွဲထုတ်လိုက်တော့ သူ့လက်ကို နှုတ်မရတော့ဘူး။သူ့လက်သီးဆုပ်ဟာ အိုးအဝအကျဉ်းမှာ တစ်နေပြီ။ ဒီတော့ သူ့လက်လွှတ်အောင် အတင်းရုန်းလို့ ထန်းလျက်အိုးလည်း လှုပ်ခါနေပြီး အသံတွေ ထွက်လာတယ်။အိမ်းနီးချင်းတွေက အသံကြားပြီး လာကြည့်လိုက်တော့ မျောက်ကိုတွေ့သွားကြပြီး အော်ဟစ် မောင်းထုတ်ကြတယ်။ဒါပေမဲ့ မျောက်ဟာ သူ့လက်သီးဆုပ်ကို မဖြည်တော့ အိုးထဲက လက်ကို ထုတ်မရတာကြောင့် မပြေးနိုင်ဖြစ်ပြီး ရွှာသားတွေရဲ့ တုတ်တွေနဲ့ ရိုက်နှက်တာခံရပြီး သေသွားရတယ်။

ဒီပုံပြင်လေးကို ကြည့်ပြီး ဒီမျောက်ဟာ တော်တော်တုံးတဲ့သူပဲ။ လက်သီးဆုပ်ထားတာ ဖြည်ပြီး ထွက်ပြေးရင် ရလျက်သားနဲ့ လို့ မှတ်ချက်ပေးလိမ့်မယ်။ကျွန်တော်ကတော့ ဒီပုံပြင်ကို အခုလိုမျိုး တွေးမိပါတယ်။

👇👇👇👇👇👇👇👇👇👇👇👇👇👇

မျောက်ဟာ ထန်းလျက်ခဲတွေကို စွဲလမ်းတပ်မက် တဲ့ တဏှာကို မစွန့်နိုင်လို့ သေသွားရတယ်။ဒီလိုပါပဲ လူတွေမှာလည်း တဏှာကြောင့် ဘဝပျက်သွားတာတွေ အများကြီးပါ။တဏှာဆိုလို့ ဖိုမ ကိစ္စတစ်ခုတည်းပဲမဟုတ်ပါဘူး။တစ်စုံတစ်ရာကို စွဲလမ်း တပ်မက်ခြင်းကို လည်း တဏှာလို့ ခေါ်ပါတယ်။စွဲလမ်းမှုကြီးရင် မျောက်လိုပဲ သေသွားလိမ့်မယ်။

ဥပမာ အရက်သောက်တယ်၊ပိုက်ဆံကုန်တယ်၊ရောဂါရမယ်။ဒါပေမဲ့ အရက်ကို မသောက်ရမနေနိုင်အောင် စွဲလမ်းပြီး ဖြတ်မရလို့ နောက်ဆုံး အသည်းကျွမ်းပြီး သေသွားနိုင်တယ်။ထို့နည်းတူပဲ လူငယ်လေးတွေ ဂိမ်းမကစားရ မနေနိုင်လောက်အောင် စွဲလမ်းသွားရင် အသက်မသေရင်တောင် နောက်ဆုံး စာမေးပွဲကျ နောက်ဆုံး လူ့အောက်ကျနောက်ကျဘဝမှာ တစ်သက်တာ ကုန်ဆုံးသွားရမှာပဲ။နိုင်ငံခြားမှာလူငယ်တစ်ချို့ ကွန်ပျူတာဂိမ်းကို နှစ်ရက်သုံးရက် မအိပ်ဘဲ ကစားရင်း နှလုံးရပ်သေသွားတဲ့ ဖြစ်ရပ်တွေရှိပါတယ်။
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️
လူတွေဟာ စွဲလမ်းတပ်မက်ခြင်း တဏှာလို့ ပြောရင် ဘာသာရေး ကိစ္စလို့ မြင်ကြတယ်။တကယ်တော့ လူတွေ နေ့စဉ် သတိမထားမိတဲ့ စွဲလမ်းမှုတွေမှာ အရမ်းအားသန်သွားရင် မိမိဘဝ ထိခိုက်မယ် ဆိုတာ သတိပြုစေချင်ပါတယ်။မနက်မိုးလင်းကတည်းက အိပ်တဲ့ အချိန်ထိ ဖုန်း Screen လေး ပွတ်ရင်း Facebook ကြည့်နေတာကလည်း တဏှာစွဲလမ်းတပ်မက်ခြင်းဆိုတာ သတိပြုစေချင်ပါတယ်။ ကျွန်တော်လည်း အဲ့ဒီ တဏှာကနေ ရုန်းထွက်ဖို့ ကြိုးစားနေဆဲလူပါ။အောင်မြင်လာခါနီးပါပြီ။ဒါကြောင့်မို့ ကျွန်တော်တို့ကို ကျွန်တော်တို့ သတိပြုမိထားရင် အဘယ်အရာမှာ မဆို ကြိုးစားပြီး သတိထားရုံက လွှဲပြီး "တန်ဆေးလွန်ဘေး" မဖြစ်အောင် ဆောင်ရွက်အောင် လုပ်ကြရပါမယ်။
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Credit: Everything is Chance👸


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...