Wednesday, August 12, 2020

ကညာပျို (သို့မဟုတ်) သမီးအလိမ္မာ ပညာပေး

        တစ်ခါတုန်းက ရွာလေးတစ်ရွာရဲ့အနီးနားမှာ
ရှိတဲ့ယာခင်းလေးထဲမှာ အသက် ၅၀ အရွယ်ဖခင်ကြီး
နဲ့ ၁၀ နှစ်အရွယ်သမီးငယ်လေးတို့ဟာ ဟင်းသီးဟင်း
ရွက်လေးတွေနဲ့ ရာသီနှံလေးတွေစိုက်ပျိုးရင်းနေထိုင်ကြ သတဲ့...
အဲ့သလို နေထိုင် လုပ်ကိုင်ကြရင်း ဖခင်ဖြစ်သူမကျန်းမမာဖြစ်တော့ ဆေးဝါးကုသဖို့အတွက် သူေဋ္ဌးကြီးတစ်ဦးဆီကနေ ငွေချေးပြီးဆေးကုသရပြီးဖခင်ဖြစ်သူကျန်းမာရေးပြန်ကောင်းလာတော့အရင်လိုဘဲယာခင်းလေးထဲမှာ လုပ်ကိုင်စားသောက်လာကြရင်းသမီးဖြစ်သူလည်းအရွယ်ရောက်လာတဲ့အခါ လိမ္မာရေးခြားရှိပြီး အင်မတမ်မှချောမောလှပတဲ့မိန်းမပျိုလေးအဖြစ်နဲ့ ဂုဏ်သတင်းမွှေးပျံ့နေပါ သတဲ့..

အဲ့ဒီလို ချောမောလှပတဲ့သမီးပျု ိလေးအသက် ၁၈
နှစ်ရောက်တဲ့အချိန်မှာ ဖခင်ကြီးကျန်းမာရေးမကောင်းတုန်းက ငွေချေးထားတဲ့ သူေဋ္ဌးကြီးက ယာခင်းလး
ထဲရောက်လာပြီး ချေးထားတဲ့ငွေကို ပြန်လာတောင်း
တဲ့အခါ အတိုးတွေတရားတက်ပြီးသားအဖနှစ်ယောက်ပြန်မဆပ်နိူင်ဘူးဖြစ်နေတာပေါ့..

သူေဋ္ဌးကြီးက သူချေးထားတဲ့ငွေနဲ့အတိုးကိုပြန်မဆပ်နိုင်ရင် ယာခင်းလေးနဲ့သမီးပျိုလေးကိုအကြွေးသိမ်းမယ် လို့ပြောတော့ သားအဖနှစ်ယောက်လည်းသေဋ္ဌးကြီးကို ငိုယိုပြီးတောင်းပန်ကြရှာသတဲ့... 

အဲ့ဒီလို သားအဖနှစ်ယောက်က ငိုယိုပြီးတောင်းပန်တဲ့အခါ သူေဋ္ဌးကြီးက...
     ``ကောင်းပြီ..ငါလည်းမတရားမလုပ်ချင်ပါဘူး
ဒီတော့ မိန်းမပျု ိလေးကို အခွင့်အရေးတစ်ခု့ပေးပါမယ်အဲ့ဒီအခွင့်အရေးကတာ့ ငါလက်ထဲမှာ ကျောက်ခဲအဖြူတစ်လုံးနဲ့ အမည်းတစ်လုံးကို ဆုပ်ကိုင်ထားပြီးမိန်းမပျိုလေးက တစ်လုံးကိုနိူက်ရပါမယ်...

အဲ့လို့မိန်းမပျို ိလေးနိူက်လိုက်တဲ့ကျောက်ခဲတစ်လုံးဟာအဖြူ ဖြစ်ခဲ့မယ်ဆိုရင် ယာခင်းနဲ့မိန်းမပျို ိလးကိုမသိမ်းတဲ့အပြင် ပေးစရာရှိတဲ့အကြွေးတွေအားလုံးကိုပြန်ဆပ်စရာမလိုတော့ဘဲဒီနေရာကနေပြန်လှည့်သွားပါမယ်လို့ငါကတိပေးပါတယ်...

အကဲ၍ မိန်းမပျိုလေးနိူက်မိ့တဲ့ကျောက်ခဲတစ်လုံး
ဟာ အမည်းဖြစ်ခဲ့မယ်ဆိုရင်တော့ ယာခင်းလေးနဲ့
မိန်းမပျိုလေးကိုသိမ်းရပါမယ်..

     ဒီအခွင့်အရေးကိုမယူရင်လည်း ငါ့ရဲ့မူလအစီစဉ်
အတိုင်းဘဲ ယာခင်းနဲ့မိန်းမပျု ိလေးကိုသိမ်းပါမယ်`´

အဲ့ဒီလိုသူေဋ္ဌးကြီးက ပြောလိုက်တဲ့အခါ မိန်းမပျို ိလေးကစဉ်စားပါတယ်...

       ``သူေဋ္ဌးကြီးပေးတဲ့အခွင့်အရေးကိုမယူရင်
လည်းအသိမ်းခံရမယ်...

ယူခဲ့ရင်တော့ကံကောင်းပြီးကျောက်ခဲအဖြူ ကိုသူနိူက်မိ့ရင် အသိမ်းခံရမယ့်အရေးကနေလွတ်မြောက်ဖို့အခွင့်အလမ်းရှိသေးတယ်` လို့စဉ်းစားပြီး သူေဋ္ဌးကြီးပြောတဲ့ အခွင့်အရေးကိုသဘောတူလိုက်ပါတယ်...

အဲ့လိုမိန်းမပျို ိလေးကသဘောတူလိုက်တော့သူေဋ္ဌးကြီးက အနားမှာရှိတဲ့ ကျောက်ခဲနှစ်လုံးကိုလက်နဲ့ကောက်ယူလိုက်ပါတယ်.
         
ဒါပေမယ့် သူေဋ္ဌးကြီးကောက်ယူလိုက်တာဟာ
ကျောက်ခဲအမည်းကြီးဘဲနှစ်လုံးဖြစ်နေတာကို မိန်းမပျိုလေးကတွေ့သွားတယ်အဲ့ဒီအခါ မိန်းမပျို ိလေးဟာ တုန်လှုပ်သွားပေမယ့် သူေဋ္ဌးကြီးကိုဘာမှမပြောဘဲ အချိန်တိုလေးအတွင်းမှာ ဉာဏ်ပညာနဲ့သူစဉ်းစားပါတယ်...
သူဘာမှမပြောဘဲဒီအတိုင်းနိူက်လိုက်ရင်ကျောက်ခဲကအမည်းကြီးဘဲနှစ်လုံးဖြစ်နေရင်တော့ အမည်းကိုဘဲနိုက်မိ့မှာသေချာတယ်
သူပြောလိုက်လို့ သူေဋ္ဌးကြီးက ကျောက်ခဲအဖြူတစ်လုံးနဲ့အမည်းတစ်လုံးကိုပြန်ကောက်ထည့်ရင်လည်းကျောက်ခဲအဖြူ ကိုနိူက်မိ့ဖို့မသေချာဘူး..
မနိူက်တော့ဘူးလို့ပြောရင်လည်းယာခင်းလေးနဲ့သူကိုသူေဋ္ဌးကြီးက သိမ်းမယ်..

        သူဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး အချိန်တိုလေးအတွင်းမှာမိန်းမပျို ိလေးဟာခေါင်းအေးအေးထားပြီး ဉာဏ်ပညာနဲ့ တွေးတောစဉ်းစားပါတယ်...
     အဲ့လိုဉာဏ်ပညာနဲ့တွေးတောစဉ်းစားပြီးနောက်ဆုံးမှာမိန်းမပျို ိလေးဟာသူေဋ္ဌးကြီးကိုဘာမှမပြောတော့ဘဲကျောက်ခဲတစ်လုံးကိုနိူက်ဖို့ဆုံးဖြတ်လိုက်ပါတယ်...

       မိန်းမပျု ိလေးဟာကျောက်ခဲကိုနိူက်တဲ့အခါမှာ
မျက်စေ့ကိုစုံမိတ်ပြီး ကျောက်လန့်တဲ့အမူအရာနဲ့သူေဋ္ဌးကြီးလက်ထဲဆုပ်ကိုင်ထားတဲ့ ကျောက်ခဲနှစ်လုံးထဲကတစ်လုံးကိုနိူက်လိုက်ပါတယ်...
အဲ့လိုကျောက်ခဲတစ်လုံးကိုနိူက်နိူက်ပြီးချင်းသူလက်ထဲမှာပါလာတဲ့ကျောက်ခဲကို ဖွင့်မပြဘဲ အနီးနားမှာရှိတဲ့ရေတွင်းထဲကိုပစ်ချလိုက်ပါတယ်...

အဲ့ဒီလို မိန်းမပျို ိလေးကနိူက်လိုက်တဲ့ကျောက်ခဲကိုဖွင့်မပြဘဲ ရေတွင်းထဲပစ်ချလိုက်တာကိုတွေ့တာ့..
သူေဋ္ဌးကြီးက စိတ်ဆိုးပြီး...

       ``ဟ့..ဘာဖြစ်လို့ နိူက်လိုက်တဲ့ကျောက်ခဲကို
ဖွင့်မပြဘဲ ရေတွင်းထဲကိုပြစ်ချလိုက်တာလည်း``လို့
ို့သူေဋ္ဌးကြီးကမေးတဲ့အခါ..မိန်းမပျိုလေးက..
     ``တောင်းပန်ပါတယ် သူေဋ္ဌးမင်းကြီးရယ် ကျွန်မ
လည်းကြောက်ကြောက်နဲ့သူေဋ္ဌးမင်းကြီးလက်ထဲက
ကျောက်ခဲတစ်လုံးကိုနိူက်လိုက်ရတော့ဖွင့်မကြည့်ရဲ
ဘဲ ရေတွင်းထဲကိုပြစ်ချလိုက်မိ့တာပါ..

ဒါကြောင့်မို့ကျွန်မနိူက်မိ့တဲ့ကျောက်ခဲကအဖြူ လားအမည်းလားဆိုတာကိုမသိ့ရတော့တဲ့အတွက် သူေဋ္ဌးမင်းကြီး လက်ထဲမှာကျန်ခဲ့တဲ့ကျောက်ခဲတစ်လုံးဟာအဖြူလားအမည်းလားဆိုတာကိုဘဲကြည့်ရူခွင့်ပြုပါ``ဆိုပြီးမိန်းမပျိုလေးကပြောလိုက်တော့ သူေဋ္ဌးကြီးလည်းဘာမှမတတ်နိူင်တော့ဘဲ သူလက်ထဲမှာရှိတဲ့ကျောက်ခဲအမည်းတစ်လုံးကိုဘဲ ဖွင့်ပြရတော့တာပေါ့
   သူေဋ္ဌးကြီးလက်ထဲကနေဖွင့်ပြတဲ့ကျောက်ခဲက
အမည်းဖြစ်နေတာလည်းတွေ့ကောမိန်းမပျို ိလေးလည်းဝမ်းမြောက်ပျော်ရွှင်စွာနဲ့...
  ´သူေဋ္ဌးကြီးလက်ထဲမှာကျန်ခဲ့တဲ့ကျောက်ခဲကအမည်းဆိုတော့ ကျွန်မနိူက်လိုက်မိ့တဲ့ကျောက်ခဲကအဖြူပေါ့နော်``လို့ပြောလိုက်တဲ့အခါ..

          သူေဋ္ဌးကြီးလည်းသူကတိစကားအတိုင်း
ယာခင်းနဲ့မိန်းမပျိုလေးကိုထားပြီး ပြန်သွားပါတော့တယ်။

Credit to orginel


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...