Wednesday, August 12, 2020

ကိုယ်ချင်းစာတဲ့စိတ်ဆိုတာ

ဟိုး....တစ်ခါတုန်းက  ရွာငယ်ဇနပုဒ်လေးသစ်ခုမှာ  လင်မယားနှစ်ယောက်ရှိကြတယ်။ လင်ဖြစ်သူဟာ မိုးလင်းကမိုးချူပ် တောအုပ်ထဲဝင်ပြီး သားကောင်အမျိူးမျိူး
ကို ကျော့ကွင်းမြှားနဲ့ ပစ်ခတ်လို့ ပစ်ခတ်ပြီး မုဆိုးအလုပ်ကို လုပ်ကိုင်သူဖြစ်ပါတယ်။

    မုဆိုးအလုပ်ဆိုတာ သားကောင်ကြီးငယ်မရွေး ဖမ်းဆီးသတ်ဖြတ်ရတာဆိုတော့ မုဆိုးကြီးရဲ့ ရုပ်သွင်ပုံပမ်း ဟာ ခက်ထန်ကြမ်းတမ်းနေတာပေါ့။

မုဆိုးရဲ့ ဇနီးသည်ကတော့ အံ့သြဖွယ်ကောင်းလောက်အောင် ရုပ်ရည်အဆင်းလှပတာနဲ့အမျျှ အပြောအဆိုကလည်း ချိူသာအေးဆေးလေတော့ ပတ်ဝန်းကျင်က လူတွေဆိုရင် မုဆိုးရဲ့ ဇနီးဖြစ်သူကို ခင်မင်ကြသလောက် ၊ ကြမ်းတမ်းခက်ထန်တဲ့ မုဆိုးကြီးကိုတော့ မျက်နှာချင်းဆိုင်ရမှာတောင်  မဝံ့ရဲကြဘဲ ရွံ့ ကြောက်ကြီးဖြစ်နေကြတယ်ဆိုပဲ။

အသွင်မတူဘဲ အိမ်သူဖြစ်လာကြတဲ့ သူတို့ဇနီးမောင်နှံကို အများကအံ့သြနေကြတာ ဆန်းတယ်လို့ မဆိုနိုင်ပါဘူး။

     မုဆိုးကြီးရဲ့ ဇနီးသည်ဟာ လင်တော်မောင် ဖမ်းဆီးသတ် ဖြတ်လာခဲ့တဲ့ သားကောင်တွေကို ရောင်းချရပေမယ့်လို့ စိတ်ထဲကတော့ ဘယ်သတဝါကိုမှ သေစေလိုတဲ့ စိတ်မရှိပါဘူး။ပြီးတော့ ရတနာသုံးပါးကိုလည်း ကြည်ညိုသူဖြစ်တယ်။

အိမ်က ဘုရားကျောင်းဆောင်မှာဆိုရင် နံ့သာ ၊ဆီမီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းဆိုတာ ဘယ်တော့မှ မပြတ်လပ်စေရဘူး။

လပြည့်လကွယ် ဥပုသ်နေ့တွေရောက်ပြီဆိုရင် ဥပုသ်သီလကို မကျိုးမပေါက်၊ မပြောက်ကျလေအောင်စောင့်ထိန်းလေ့ရှိတယ်။အဲသည်မှာ တစ်ခုကောင်းတာက လင်ဖြစ်သူမုဆိုးကြီးဟာ ကိုယ်ကသာ ဘုရား၊တရားအလုပ်ကိုမလုပ်ချင်ရင်သာရှိရမယ်။

မယားဖြစ်သူ ဘုရား၊တရားအလုပ်လုပ်တာကိုတော့ ငြူစူလေ့မရှိသလို၊ ကန့်ကွက်မှုလည်း မပြုဘူးတဲ့။ သည်စိတ် ဓာတ်ကို မယားဖြစ်သူက သိထားလေတော့ တစ်နေ့နေ့ကျရင် လင်မုဆိုးကြီးကို ဘာသာတရားနဲ့ မွေ့လျော်သူ ဖြစ်စေရမယ်လို့ အားခဲထားပါသတဲ့။

သည်လိုနဲ့ပဲ နေလာလိုက်တာ အခါကြီးရက်ကြီး တစ်ရက်ကို ရောက်လာခဲ့ပါတော့တယ်။ သည်တော့ မယားဖြစ်သူက
       ''မောင်ကြီးရယ်... သည်ကနေ့တော့ တောလည်မထွက်ဘဲနဲ့ ဘုရားကျောင်းကန်သွားပြီး ဥပုသ်သီတင်းလေး စောင့်ပါလားရှင်..."
      လို့... ချိုုချိုသာသာနဲ့ ပြောတိုက်တွန်းပါတယ်။ သည်တော့ မုဆိုးကြီးက...
       " အေးကွယ်...မင်းတိုက်တွန်းတဲ့အတိုင်း သွားဆို သွားပါ့မယ်။ ဒါပေမယ့်
ဥပုသ်ကို တစ်ခါမှ မစောင့်ဖူးလေတော့... ကြောင်တက်တက် ဖြစ်နေမလားဘဲ"
လို့ ပြန်ပြောတယ်။

      " အို... ဘာလို့ ကြောင်တက်တက် ဖြစ်နေရမှာလဲ။ ကျောင်းပေါ်မှာ ရောက်နေတဲ့ ဥပုသ်သည်တွေနဲ့ရောပြီး သီလယူရင်ရတာပဲ။ သီလယးူပြီးတဲ့အခါ
ဘုန်းတော်ကြီးကို သြဝါဒတစ်ခွန်းချီးမြှင့်ပါလို့ လျှောက်ထားချေ..."
     " ကောင်းပါပြီကွယ်...ကောင်းပါပြီ"
      လင်တော်မောင် မုဆိုးကြီး ဥပုသ်စောင့်သွားမယ်ဆိုတော့ မယားဖြစ်သူလည်း ဝမ်းသာအားရနဲ့ လိုအပ်တာတွေပြင်ဆင်ပေးလိုက်ပါသတဲ့။ ဒါနဲ့ပဲ မုဆိုးကြီးလည်း တခြားဥပုသ်စောင့်မယ့်သူတွေနဲ့အတူ ဘုန်းတော်ကြီးကျောင်ရှိရာကို လိုက်သွားတဲ့အခါ လူတွေအားလုံးဟာ အံ့အားတသင့် ဖြစ်နေကြတာပေါ့။
       ကျောင်းရောက်လို့ အချိန်ကျတဲ့အခါ ဘုန်းတော်ကြီးကဥပူသ်သည်တွေကို သီလပေးပါတယ်။ အများနဲ့ရောယောင်ပြီးဘုန်းတော်ကြီးတိုင်ပေးသမျှကို လိုက်ဆိုရတော့ မုဆိုးကြီးအဖို့ ဘာမှ အခက်အခဲမရှိလှပါဘူး။

သီလယူပြီးတဲ့အခါ ဥပုသ်သည်တွေ အလျှိုလျှို ကျောင်းအောက်ကို ဆင်းသွားကြပေမယ့် မုဆိုးကြီးကတော့ ဆင်းမသွားခဲ့ပါဘူး။ ဘာကြောင့်ဆို ဇနီးသည်မှာကြားခဲ့တဲ့အတိုင်း ဘုန်းတော်ကြီးဆီကနေ သြဝါဒစကားတစ်ခွန်း နာယူခဲ့ဖို့ပါ။ ဒါနဲ့ လူရှင်းတုန်းမှာ ဘုန်းတော်ကြီးကို လျှောက်ထားလိုက်တယ်။
      " အရှင်ဘုရား.. . တပည်တော်ကို သြဝါဒစကားတစ်ခွန်း မိန့်ကြားပေးတော်မူပါဘုရား"
     " ကောင်းပြီ... ဒါဆိုရင် သေသေချာချာ နားထောင်ပါဒကာကြီး။ အဲဒါကတော့ 'ဒကာကြီး မကြိုက်တာကို မလုပ်ပါနဲ့'။ ဒါပါပဲ... အဲသည် သြဝါဒတစ်ခွန်းကို တစ်သက်လုံး စွဲမှတ်ထားပြီး ကျင့်ဆောင်နိုင်ရင် အကောင်းဆုံးပါ"
      " အရှင်ဘုရား... 'တပည့်တော် မကြိုက်တာ မလုပ်ပါနဲ့' ဆိုတော့ တပည့်တော် ကြိုက်တာကိုပဲ လုပ်ရမယ်လို့ဆိုလိုတာပေါ့။ ဒါဖြင့်ရင်... တပည့်တောဟာ မုဆိုးအလုပ်ကို လုပ်ရတာ ကြိုက်ပါတယ်။ သားကောင်တွေကို ဖမ်းဆီးသတ်ဖြတ်ရတာကြိုက်တယ်။ သည်တော့...မကြိုက်တာ မလုပ်နဲ့ကြိုက်တာလုပ်မယ်ဆိုရင် တပည့်တော်ကြိုက်တာတွေကိုပဲ လုပ်ရမှာပေါ့ဘုရား..."
     သည်အခါ ဘုန်းတော်ကြီးက ဦးခေါင်းကို လေးတွဲစွာခါလိုက်ပါတယ်။
     "ဒကာကြီးက...ကျုပ်ရဲ့ဆိုလိုရင်းကို နားလည်သဘောပေါက်မှုမရှိဘဲကိုး။ ကျုပ်ရဲ့ ဆိုလိုရင်းကို လက်တွေ့ပြပါ့မယ်"
     ဘုန်းတော်ကြီးလည်း မုဆိုးကြီးကို ရှေ့တိုးစေတယ်။ အနားရောက်လာတဲ့အခါ ဘုန်းတော်ကြီးလည်း အပ်တစ်ချောင်းကိုုယူပြီး မုဆိုးကြီး ရဲ့လက်မောင်းကို ဆတ်ခနဲ ထိုးလိုက်တယ်။

မုဆိုးကြီးလည်းအားခနဲအော်ပြီး နာကျင်သွားတဲ့ သူ့လက်မောင်းကို ပွတ်သပ်နေတော့တာပေါ့။
     "ဘယ့်နှယ်... တော်တော်လေးနာသွားလားဒကာကြီး"
     "အပ်နဲ့ အထိုးခံရတာပဲ မနာဘဲ နေပါ့မလား။သိပ်နာတာပေါ့ ဘုရား..."
     " ဒါဖြင့် အဲသလို နာကျင်အောင် အလုပ်ခံရတာကို ဒကာကြီး ကြိုက်လာ

'' ဒါဆို ...... ဘုန်းကြီးပြောတဲ့ သြဝါဒက ရှင်းရှင်းလေးပဲလေ။ သားကောင်တွေဆိုတာ ဒကာကြီးရဲ လေးမြားလက်နက်ကြောင့် နာကျင်ခံစားကြရတယ်။ မရူမလှသေပွဲဝင်ကြရတယ်။ သူတို့သာ စကားပြောတတ်ရင် မေးကြည့်စမ်းပါ။ အဲ့သလိုခံစားရတာ ကြိုက်သလားလို့ .............
  ဘယ်ကြိုက်ပါ့မလဲ ဘုရား
'' ကောင်းပြီး .....ဒကာ သတ္တဝါတွေခများ သူတို့နာကျင်ခံစားရတာ မကြိုက်ကြသလို ဒကာကြီးလဲ နာကျင်ခံစားရတာ မကြိုက်ဘူးနော်
'' တင်ပါ့ တပည်တော် မကြိုက်ပါဘုရား ''
ဒါဆို ဒကာကြီးမကြိုက်တာမလုပ်နဲ့ပေါ့ ဒီတော့မှ မုဆိုးကြီးလဲ သူအဖြစ်သနစ်ကို သစေ့စေ့တွေးရင် သူဖမ်းဆီသတ်ဖြတ်ခဲ့တဲ့ သားကောင်းတွေကို မြင်ယောင်လာခဲ့တယ်။

အပ်ဖျားကလေနဲ့ အထိုးခံရတဲ့ငါ့တောင်မှ ဒီလောက်နာကျင်ခံစားရရင် အဆိပ်လူးမြားနဲ့ အပစ်ခံရတဲ့ သားကောင်းလေတွေဆို ဘယ်လောက်တောင်မှ နာကျင်ခံစားရမလဲဆိုတဲ့ ကိုယ်ချင်စာတဲ့တရားတွေ ဝင်လာတယ် သူတစ်ပါးအပေါ် သတ်ဖြတ်ညှင်ဆဲခြင်းဆိုတဲု့ ပါဏာတိပါတာ ကံရဲ့အပြစ်ကို မြင်ရလာတယ်။

အဲ့ဒီနေ့ကစလို့ မုဆိုးအလုပ်ကို စွန်လွတ်ပြီး တောင်ယာအလုပ်ကိုပြောင်းလဲလုပ်ကိုင်ရင် ရတနာသုံးပါကို အသက်ထက်ဆုံး ကိုယ်ကွယ်ယုံကြည်ပြီး ပျော်ရွင်ဖွယ်ကောင်းတဲ့မိသားစုဘဝကို တည်ဆောက်သွားတော့လေတတည်း။

Credit: မူရင်း


No comments:

Post a Comment