Sunday, August 16, 2020

မာနဆိုတာ

တစ်ခါတုန်းက မြို့​ဈေးတစ်ခုရဲ့​ဘေးမှာ
ထီးကို ဝါးလုံးနဲ့​ထောက်ထားပြီး
ထီး ​တွေ ဖိနပ်​တွေ မီးခြစ် ဂက်စ် ထည့်တာ​တွေလုပ်တဲ့
လူကြီးတစ်ဦးရှိတယ်
ဒါ​ပေမယ့် သူ့မှာ ​ခြေ​ထောက်တစ်​ချောင်း
ဒူးဆစ်က​နေ ဖြတ်ထားရတယ်

သူကို အားလုံးက ​ပေါင်တို လို့​ခေါ်ကြတယ်
ဒါ​ပေမယ့် သူကိုအဲ့လို​ခေါ်လို့လည်းအပြုံးမပျက်ဘူး
သူ​ပြော​နေကြစကားတစ်ခွန်းရှိတယ်

မာန က ဆာ​လောင်​နေ​​သော ဝမ်းကို မပြည့်​စေဘူး...။
မာန က လိပ်ပြာလုံ​စေတယ်တဲ့...။

အ​ပေါ်စာ​ကြောင်းကို လူတိုင်းနားလည်တယ်
ဒုတိယ စာ​ကြောင်းကို ​တော့ ဘယ်သူမှမသိကြဘူး
​ပေါင်တိုကြီး​မေးလည်း ဒီလိုပါပဲကွာလို့သာ​ဖြေတယ်

အဲ့​ပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် ​နေတဲ့
သားတစ်​ယောက်ရှိတယ်
သူ့ သားက ​ကျောင်းပိတ်ရက်​တွေဆို သူ့အ​ဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ်

တစ်နေ့ ​ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်​တွေဘာ​တွေ
မပါလာတတ်တဲ့ ​ပေါင်တိုရဲ့သားကို
​ဘေးက သူငယ်ချင်း​တွေကစတယ်

​​ဟေ​့​ကောင် ​ပေါင်တို​လေး
မင်းကွာ မုန့်​လေး ဘာ​လေးဝယ်စားပါဦးတစ်ခါတ​လေ
မင်း မဝယ်ချင်လည်း​ပြော ငါ့တို့အ​ညောင်းခံဝယ်​ပေးပါ့မယ်ကွ

ငါ​ကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှမဟုတ်တာ
မင်းတို့ စားချင်ရင်​ပြော​လေ ငါဝယ်​ကျွေးပါ့မယ်
ဒီမှာ ပိုက်ဆံ ​ရော့
​ဟေ့​ကောင် များလှပါလားကွ
အင်း ငါစုထားတာ​ရောမို့ပါ

မင်းကွာ အ​တော်ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံ​တွေရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး

ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့​ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်​ထောင်းထားတာမဟုတ်ဘူးကွာ

မင်းတို့သိချင်ရင် ​ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့​လေ
ငါ ​မုန့်​ကျွေးပါ့မယ် ​ဈေးထိပ်နားမှာ ​ပေါင်တိုဆိုင်လို့​မေးလာခဲ့

​ဟေ့​ကောင် ​ပေါင်တို​လေး ငါ့တို့​ရောက်ပြီ
သားငယ် မင်း သူငယ်ချင်း​တွေကို တစ်ခုခုဧည့်ခံလိုက်​လေ
ဟုတ်ကဲ့ အ​ဖေ

ဦးကျင်နွမ်း ကျွန်​တော်ကို ​ဆီချက်​လေးပွဲ
လ္ဘက်ရည်​လေးခွက်​ပေးပါဦး
သူငယ်ချင်း​တွေလာလို့

​ဟေ့​ကောင်​တွေစားကြ
​မောင်​လေး ဖိနပ်ချုပ်ချင်​
​အော် ဟုတ်ကဲ့

အစ်မ သဲကြိုးပါ လဲဦးမလား
ဘယ်​လောက်ကျမလဲ
၇ ရာပါ
လဲ​ပေးပါ​မောင်​လေး ကန်​တော့​နော်

ရပါတယ်ဗျာ ကန်​တော့လုပ်မ​နေနဲ့

​ကောင်​လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအ​ချောင်း​လေးထွက်လာပြီ ပြန်ထည့်မရလို့
၅ ရာ ကျမယ် အန်တီ ခဏ​စောင့်ရမယ်

​ဟေ့​ကောင်​တွေစား​လေ
ဘာလို့လဲ

မင်းငါတို့ကို​ကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား
ဘာဖြစ်လို့လဲကွ

မဟုတ်ပါဘူးကွာ
မင်းလုပ်​နေတာကြည့်ပြီးမစားရက်လို့
သူများ​တွေ ​ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများ​တွေကို အရိပ်​ပေးတဲ့အရာ​တွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ

ဒီလိုပါပဲကြာ
ဒါ​ပေမယ့် ငါလိပ်ပြာသန့်တယ်​လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ​ကျောင်းတတ်တယ်
ငါအ​ဖေက ​ခြေ​ထောက်တစ်​ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီး​ကျောင်းထား​ပေးတယ်

ဒီလိုနားလည်​စေဖို့ အ​တွေးမမှား​စေဖို့
အ​မေဆိုတာငါမှာရှိတယ်

ငါ့အ​ဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲ​ပြောပြတာရှိတယ်

သား ​လောကကြီးမှာ ​ခြေ​တွေလက်​တွေသန်မာဖို့ထက်
စိတ်ဓာတ်​တွေကြံ့ခိုင်ဖို့ ပိုအ​ရေးကြီးတယ်
လူဆိုတာ နှစ်မျိုးရှိတယ်
မှန်တာလုပ်တဲ့လူရယ်
အမှားကို လုပ်​နေတဲ့သူရယ်

ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာ​ဖွေရရှိမှုအတွက်
လက်မ​ထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်

မာန ဆိုတာ မ​ကောင်းဘူးလို့​ပြောကြတယ်
ငါ့အ​ဖေရဲ့ မာန က ရှင်းရှင်း​လေးပဲ
ငါ ရိုးသားစွာရှာ​ဖွေပြီးရတဲ့ ​ငွေ​ကြေးအ​ပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက်မ ရဲရဲ​ထောင်ပြီး
​ပျော်​အောင်အိပ်မယ်ဆိုတာမျိုးပဲ

မင်းတို့​ပြောသလို ငါကပ်စီးနည်းတယ်​ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလို​သေးလို့ပါ

ငါ့အ​ဖေက ငါ့ ​ကျောင်းပိတ်ရက်​တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖိုးအဖြစ်​ပေးတာကွ

ငါအိမ်ကိုပိုက်ဆံပြန်​ပေးတိုင်းအ​ဖေက​ပြောတယ်

ငါ့သား မာန က ဆာ​လောင်နေ​သော ဝမ်းကိုမပြည့်​စေဘူး
မာန က လိပ်ပြာလုံ​စေတယ်တဲ့

ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ​ပြောဆိုဆက်ဆံမှုပဲလိုတယ်

မာနက လိပ်ပြာလုံ​စေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြုန်းသည်ဖြစ်​စေ သုံးသည်ဖြစ်​စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။

အ​တွေးတစ်ခုခုရကြပါ​စေ။

Credit:Original uploader


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...