တစ်နေ့မှာ ကုလားအုတ်လေးတစ်ကောင်က သူ့မိခင်ကုလားအုတ်မကြီးကို မေးပါတယ်။
ကုလားအုတ်လေး - မေမေ သားတို့ကုလားအုတ်တွေမှာ ဘာလို့ဘို့တွေရှိတာလဲဟင်?
မိခင် - သားရယ် မေမေတို့က သဲကန္တာရမှာ ကျက်စားတဲ့တိရိစ္ဆာန်တွေဆိုတော့ ရေတွေအများကြီးသိုလှောင်ထားဖို့လိုတာပေါ့။ ဒါ့ကြောင့် မေမေတို့တွေ ကန္တာရထဲမှာရေမသောက်ရလည်းဘဲ အသက်ဆက်ရှင်နိုင်တယ်လို့ အားလုံးကသိကြတယ်လေ။
ကုလားအုတ်လေး - ဒါဆိုရင်သားတို့ခြေထောက်တွေက ဘာလို့ရှည်မျောမျောနဲ့ဖြစ်နေပြီး ခြေဖဝါးတွေကဝိုင်းဝိုင်းကြီးတွေဖြစ်နေတာလဲဟင်?
မိခင် - ခြေထောက်တွေကလည်း သဲကန္တာရထဲမှာသူများတွေထက်ပိုပြီး လမ်းကောင်းကောင်းလျှောက်နိုင်ဖို့အတွက်ပေါ့သားရဲ့။
ကုလားအုတ်လေးက - ဟုတ်ကဲ့။ အဲ့ဒါဆို သားတို့မျက်တောင်တွေကရော ဘာလို့အရမ်းရှည်နေတာလဲဟင်? တစ်ခါတစ်လေ မျက်စိကြည့်ရတာတောင်ရှုပ်တယ်။
မိခင် - အဲ့ဒီမျက်တောင်ရှည်ရှည်လေးတွေက သားမျက်လုံးကိုသဲကန္တာရထဲက လေပြင်းတွေ၊ သဲတွေရဲ့ဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေပေါ့။
ကုလားအုတ်လေး - ဪ...သားသိပြီ။ ဒါဆို သားတို့ရဲ့ဘို့ကသဲကန္တာရထဲရှိနေတဲ့အချိန်မှာ ရေတွေသိုလှောင်ထားဖို့၊ ခြေထောက်တွေကလည်း သဲထဲမှာကောင်းကောင်းလျှောက်နိုင်ဖို့၊ မျက်တောင်ကလည်းသဲကန္တာရထဲက သဲတွေမျက်လုံးထဲမ၀င်အောင်ကာကွယ်ဖို့ပေါ့နော်။
မိခင် - ဒါပေါ့သားရဲ့။
ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက်မေးချင်သေးတယ်။
မိခင် - ဘာများလဲသားရဲ့။
ကုလားအုတ်လေး - သားတို့ ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေတာလဲဟင်?
မိခင် - ? ? ? ? ?
တစ်ကယ်တော့ လူတစ်ယောက်ရဲ့ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စွမ်းရည်နဲ့အတွေ့အကြုံဆိုတာတွေက နေရာမှန်တစ်ခုကိုရောက်နေမှ တကယ်အသုံးကျတာပါ။
ဒါဆိုသင်ရော ......... အခုနေရာမှန်ရဲ့လား?
Credit: မူရင်း
No comments:
Post a Comment