Monday, August 10, 2020

ကျားအိုနှင့် ခရီးသွား






     တစ်ခါတုန်းက ကျားအိုကြီးတစ်ကောင်ဟာ
ရေအိုင်နားမှာရေချိုးပြီး သူများတွေမြင်လျှင် မြက်ကိုသာအမြဲစားသည့် ကျားသူတော်ကောင်းကြီးပါ
လားဟု အထင်ခံရအောင် သမန်းမြက်တွေကိုကိုင်ထား
ပြီး ကမ်းနဖူးမှာထိုင်နေစဉ် ခရီးသွားတစ်ယောက်ကို
တွေ့သောအခါ ...
    '' အို ခရီးသည်  ငါ့ဆီကရွှေလက်ကောက်ကို လာယူ
လှည့်ပါ '' ဟုဆိုလေ၏ ။
      ခရီးသည်လည်း လိုချင်မှုလောဘဇောတက်ပြီ
စိတ်ထဲမှာစဉ်းစားလေ၏ ။
ဒီရွှေလက်ကောက်ဟာ ငါ့ရဲ့ရှေးဘုန်းရှေးကံကြောင့်
ရသင့်ရထိုက်လို့ ဖြစ်လာတာပဲ ၊ ဒါပေမဲ့ စဉ်းစားစရာ
တော့ တစ်ချက်ရှိတယ်။
                  
'' မနှစ်သက်အပ်သောအရာမှနှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းကိုရခြင်းဟာကောင်းကျိုးမဖြစ်နိုင်ဘူးအဆိပ်နဲ့ရောထားတဲ့ အမြိုက်သုဓာဟာအသက်ကိုသေစေနိုင်တယ်…''

   ဒါပေမဲ့ ပစ္စည်းဥစ္စာရှာဖွေရာမှာ စွန့်စားမှု ၊ ဒါမှမဟုတ် အန္တရာယ်ကတော့ ရှိမှာပဲ။

'' လူဟာ မစွန့်စားပဲအခြေနေကောင်းကို မတွေ့မြင်နိင်ဘူးစွန့်စားပြီး တကယ်လို့အသက်ရှင်နေသေးရင်အခြေနေကောင်းကို တွေ့မြင်ရနိုင်တယ်…''

    ဒါကြောင့် ငါအရင်စုံစမ်းဦးမယ်ဆိုပြီး…
    '' အို ကျားကြီး…သင့်ရဲ့ရွှေလက်ကောက်က ဘယ်မှာလဲ '' လို့ မေးတဲ့အခါ ကျားကြီးက ရွှေလက်
ကောက်ကိုပြလေ၏ ။
   ထိုအခါ ခရီးသွားက …
'' အသားစားတဲ့ကျားကို ငါဘယ်လိုယုံရမှာလဲ '' လို့မေးတဲ့အခါ ကျားကြီးက…
'' ခရီးသွား…ငါပြောတာနားထောင်ပါဦး၊ ငယ်တုန်းကတော့ ငါတော်တော်ဆိုးခဲ့ပါတယ်၊ နွားနဲ့ လူပေါင်းများစွာကို သတ်ခဲ့တဲ့အတွက် ငါ့သားမယားတွေလည်းသေကုန်ကြလို့ ငါ့မှာဆွေမျိုးမဲ့နေပါပြီ။

        တစ်နေ့မှာ တရားရှင်တစ်ယောက်နဲ့တွေ့ပြီးငါ့ကိုဆိုဆုံးမလို့ အခုငါဟာ အလှူဒါနပြုခြင်း စတဲ့
ကောင်းမှုပြုတဲ့ သူတော်ကောင်းကြီးဖြစ်နေပါပြီ၊ပြီးတော့လည်းငါ့မှာ ခြေသည်း လက်သည်း အစွယ်သွားတွေ ကြွေလို့ အဖိုးကြီးဖြစ်နေသောကြောင့် မယုံကြည်
နိုင်စရာ အကြောင်းမရှိပါဘူး ''

'' ယဇ်ပူဇော်ခြင်းဝေဒကို သရဇ္ဈာယ်ခြင်းအလှူပေးခြင်းခြို့ခြံစွာကျင့်ခြင်းမှန်သောစကားကိုဆိုခြင်းတည်ကြည်ခြင်းသည်းခံခြင်းလောဘမကြီးခြင်းဆိုတဲ့ အကျင့်ရှစ်ပါးရှိပါတယ်။

အဲဒီအကျင့်ရှစ်ပါးထဲမှာ ရှေ့လေးပါးက ထင်ပေါ်ကျော်ကြား လှည့်စားခြင်းငှာလည်း ကျင့်ကြတယ် ။
နောက်လေးပါးကတော့ စိတ်ထားမြတ်သူတို့မှာသာတည်တယ် ။
ဒါကြောင့်မို့ ငါဟာလောဘကင်းနေပြီဖြစ်လို့ ဒီရွှေလက်ကောက်အားတစ်ဦးဦးကို ပေးချင်နေတာပါ။
ဒါပေမဲ့ ကျားဆိုတာ လူသားစားတတ်တယ်ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက်ကိုတော့ တားမြစ်ပိတ်ပင်ရန်
ခဲရင်းလှပါတယ် ''

  '' လောကကြီးဟာ…
ရှေးရိုးစဉ်လာကို လိုက်လေ့ရှိတယ်တရားနည်းလမ်းညွန်ပြတတ်တဲ့
အောင်သွယ်မိန်းမရဲ့စကားကိုနွားသတ်တဲ့ပုဏ္ဏားရဲ့စကားလောက်ဘယ်သူမှ အရေးမထားပေ…''

       '' ခရီးသွား…ငါလည်း တရားဓမ္မတွေကို သင်ယူထားပါတယ် ။ သင်နားထောင်ပေးပါဦး…''
'' ရေရှားတဲ့အရပ်မှာ မိုးရွာသလိုငတ်မွတ်နေသူအား အစာပေးတာ အကျိုးရှိတယ်မရှိဆင်းရဲသားအားအကျိုးရှိတဲ့ ဒါနကိုပေးသင့်တယ်…''

'' မိမိအသက်ရှင်ချင်သလို သတ္တဝါတွေရဲ့အသက်တွေကိုလည်းရှင်စေချင်ရတယ်ကိုယ်ချင်းစားတရားဖြင့်သူတော်ကောင်းတွေကသတ္တဝါအားလုံးကို သနားကြတယ်…'' 

'' တောင်းတာကိုငြင်းပယ်ခြင်းပေးခြင်းချမ်းသာ ဆင်းရဲအချစ် အမုန်းတို့၌ကိုယ်ချင်းစာသဖြင့်လူတစ်ယောက်ရဲ့စံကို သိရတယ်…''

'' သူတပါးသားမယားကို အမေလိုသူတပါးစည်းစိမ်ကို မြေကြီးခဲလိုသတ္တဝါအားလုံးကို မိမိလိုသဘောထားနိုင်ရင်အဲဒီလူဟာ အမြင်မှန်ရတဲ့ ပညာရှိပဲ…''

    သင်ခရီးသွားသည်လည်း အတော်ဆင်းရဲပုံရတယ်။ဒါကြောင့် ဒီရွှေလက်ကောက်အား သင့်ကိုပေးဖို့ အလွန်ကို ဆန္ဒရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့…

'' ဆင်းရဲသားတို့ကို ကျွေးမွေးစောင့်ရှောက်ပါချမ်းသာတဲ့သူကို ဥစ္စာမပေးပါနဲ့ဆေးဟာ မကျန်းမာသူအတွက်သာ အကျိုးရှိတယ်ကျန်းမာတဲ့သူအတွက် ဘာအကျိုးမှ မရှိလို့ပဲ''

  '' ဤကဲ့သို့ သင်ယူမှတ်သားခဲ့ရပါတယ် ။နောက်ထပ်ကျမ်းဂန်ထဲမှာ သင်ခဲ့ရတာကတော့…

'' အလှူလှူမယ်ဆိုရင်…
ကိုယ့်ကိုကျေးဇူးမပြုဘူးသူကို
လှူသောအလှူဒါနနှင့် ဒေသ ' ကာလ ' မြတ်သောအလှူခံတို့၌လှူသောအလှူဒါနဟာ မြတ်တယ်လို့သင်ယူခဲ့ရဘူးပါတယ် ။

ဒါကြောင့်မို့သင်သည်
ဒီရေအိုင်မှာရေချိုးပြီး ရွှေလက်ကောက်ကို ယူပါ '' လို့ ကျားကြီးကပြောတဲ့အခါ ခရီးသွားဟာ ကျားရဲ့စကားကိုယုံပြီး လောဘရဲ့ဆွဲ
ဆောင်မှုကြောင့် ရေချိုးရန် ရေအိုင်ထဲသို့ဆင်းတဲ့အခါညွန်ထဲနစ်ပြီး ရုန်းထွက်မရပဲ ဖြစ်နေလေ၏။

      ထိုအခါ ကျားကြီးက…
  '' အို…ညွန်ထဲနစ်သွားတာပဲ၊ စိတ်မပူပါနဲ့၊ သင့်ကိုငါကယ်မယ် ''ဆိုပြီး တဖြေးဖြေးအနားကပ်သွားကာ
ခရီသွားကို ဖမ်းယူကိုက်ချီလိုက်တဲ့အချိန်မှာ ခရီးသွားက နောင်တရပြီး စဉ်းစားလေ၏် ။

'' တရားကျမ်းဂန်ကို ရွတ်ဖတ်ခြင်းဟာသူယုတ်မာအတွက် သူတော်ကောင်းဖြစ်ရန်အကြောင်းရင်းမဟုတ်ဘူးနွားနို့ဟာ ပင်ကိုယ်အားဖြင့်ချိုသလိုမျက်နှာပန်းလှအောင်ဗန်းပြတဲ့အရာတွေထက်ပင်ကိုယ်သဘောကသာသာလွန်လွှမ်းမိုး၏'…''

'' မိမိရဲ့ဣနြေ္ဒနဲ့စိတ်ကိုမထိန်းနိုင်တဲ့သူတွေရဲ့ အပြုအမူဟာဆင်ရေချိုးသလို ဘာအကျိုးမှမရှိဘူးကိုယ်ကျင့်တရားကင်းတဲ့ ဉာဏ်ပညာဟာရုပ်ဆိုးတဲ့သူ တန်ဆာဆင်သလိုဝန်လေးရုံသက်သက်ပါပဲ…''

အခုတော့ ငါသည်
ယုတ်မာသောကျားအပေါ် ယုံမိခြင်းမှာ မကောင်းသောလုပ်ရပ်ကို လုပ်မိသွားပြီ။ဒါကြောင့် ရှေးပညာရှိတွေက ဒီလိုဆိုထားတာပဲ…

'' ဦးချိုရှိတဲ့ သတ္တဝါရယ်မြစ်ရယ် ခြေသည်း လက်သည်းရှိတဲ့သတ္တဝါရယ်လက်နက်ရှိတဲ့သူတွေရယ်(မကောင်းတဲ့)မိန်းမရယ်မင်းမျိုးတွေရယ်ကိုယုံကြည် ခင်မင် အကျွမ်းမဝင်သင့်ဘူး…''

'' အရာအားလုံးရဲ့ သဘာဝကိုသာစူးစမ်းလေ့လာသင့်တယ်အခြားသောဂုဏ်တွေကိုမစူးစမ်း မလေ့လာသင့်ဘူး
    အဘယ့်ကြောင့်လဲဆိုတော့
သဘာဝဟာ ဂုဏ်တွေရဲ့အထက်မှာတည်လို့ပဲ ''
နောက်ဆုံးတော့ ခရီးသွားလည်း ကျားလက်မှလွတ်လမ်းမမြင်တော့တဲ့အဆုံး ကံကိုသာပုံချလေတော့၏ ။

'' ကောင်းကင်မှာရှိတဲ့ရောင်ခြည်တစ်ထောင်အလင်းဆောင်တဲ့ နေမင်းရယ်ကြယ်တာရာကြားမှာခစားတဲ့ လမင်းတို့တောင်မှရာဟုဖမ်းတာ ခံရသေးတာပဲကံကြမ္မာကစီရင်လိုက်တဲ့ဒီနဖူးပြင်က အမှတ်အသားကို ဘယ်သူက ဖျောက်နိုင်မှာတဲ့လဲ…''

ဤသို့ စိတ်ဓာတ်ကျပြီး တွေးတောစဉ်းစားနေစဉ်မှာပဲကျားရဲ့ကိုက်သတ်ခြင်းကိုခံလိုက်ရလေ၏။
ရွှေလက်ကောက်ကို လိုချင်တဲ့လောဘကြောင့်ညွန်နစ်သွားသော ခရီးသည်တစ်ယောက်ဟာကျားအိုကြီးရဲ့ကိုင်သတ်ခြင်းကြောင့်သေခဲ့ရဘူးလေပြီ…။

Credit:  မူရင်း


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...