Thursday, September 17, 2020

လူကြီးလူကောင်းဟင်း

ဒီနေ့ ကြက်ဟင်းခါးသီးကြော်စားမယ်။
ကျွန်မက ကြက်ဟင်းခါးသီး သိပ်ကြိုက်သူပါ။
တစ်နေ့က ကြက်ဟင်းခါးသီးတဲ့ပတ်သက်တဲ့ စာတစ်ပုဒ်ဖတ်မိတယ်။ စာထဲမွာ ကြက်ဟင်းခါးသီးကို လူကြီးလူကောင်းဟင်းလို့ တင်စားထားတယ်။ ကျွန်မ ပြောပြမယ်နော်...

လင်မယားနှစ်ယောက်ရှိတယ်။
ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။
မိန်းမက သိပ်မကြိုက်ဘူး။
မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်းခါးသီး ချက်လေ့မရှိဘူး။ ယောက်ျားကကြိုက်တော့ သူကိုယ်တိုင်မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီးဟင်းက ပါကိုပါတယ်။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။ မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်းမပါရင် ယောက်ျားက အပြစ်မပြောဘူး... မချက်ရကောင်းလားလို့လည်း မဆူဘူး.. ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲပြောတယ်။

ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ ဈေးသွားတဲ့အခါ မေမေ .. ကြက်ဟင်းခါးသီးဝယ်ပါ.. ဖေဖေကြိုက်တယ်လို့ ပြောတတ်တယ်။

တစ်နေ့မှာ မိန်းမမီးဖိုချောင်ဝင်တယ်။
အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတစ်ဝက်ကို အရင်ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တစ်ဝက်ထဲ ကြက်ဟင်းခါးသီးရောထည့်ကြော်တယ်။ ယောက်ျားအတွက်ပေါ့။ ဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲမေးတယ်။ သားက ကြက်ဟင်းခါးသီးမကြိုက်တော့ အတူရောကြော်ရင် အသားတွေပါခါးသွားမှာစိုးလို့လို့ မိန်းမကပြောတယ်။

မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။  အဲဒီနောက် ယောက်ျားကပြောတယ်... ကြက်ဟင်းခါးသီးဟာ ဘာနဲ့ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမေပးဘူး.. သူက လူကြီးလူကောင်းဟင်းပါ တဲ့။

ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမေပးဘူးဆိုတာကို မိန်းမက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကိုစားကြည့်လိုက်တာ အဲဒီအသားက ခါးမေနတာကို တွေ့ရတယ်။

ဒါကို သားကသိတော့ ဖေဖေဟာလည်း လူကြီးလူကောင်းပါ.. သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကိုတစ်ခါမှ အပြစ်မဆိုခဲ့ဘူးလို့ဆိုတယ်။

ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်အပျက်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲချုပ်ငြိမ်းသွားစေပြီး တျခားလူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်း၊ သူတော်ကောင်းပဲဖြစ်မယ်လို့ ကြက်ဟင်းခါးသီးဟင်းကြော်နေရင်း ကျွန်မတွေးမိတယ်။

ဟင်းကျက်တဲ့အခါ ကျွန်မလည်း ကြက်ဟင်းခါးသီးနဲ့ရောကြော်တဲ့အသား ခါးမခါးစားကြည့်ဦးမယ်။ စာဖတ်သူတွေလည်း ကြက်ဟင်းခါးသီးဟင်း ခ်က္စားတဲ့အခါ စားကြည့်နော်... သူတော်ကောင်းဟင်းဆီကနေ သူတော်ကောင်းအကျင့်တွေ ကျွန်မတို့အတုယူရအောင်ပေါ့။
.

#နိုင်းနိုင်းစနေ


Sunday, September 6, 2020

ဘဝနေနည်း (၁၅)ချက်

၁။ မလိမ်ပါနဲ့။
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာမလိမ်ညာပါနဲ့။ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။ လှည့်စား၊ သစ္စာမဖာက်ပါနဲ့။
အဆိုးရွားဆုံ းလုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။

၃။ မမုန်းပါနဲ့။
ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။စိတ်မပူပါနဲ့။
ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့နည်းတစ်မျို းဖြစ်တယ်။
အကောင်းမြင်တတ်အောင် ကြို းစားပါ။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်မပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၆။အမြင့်ဆုံးမှန်းပါ။
ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာ
ရှင်သန်ခြင်းအရသာ တစ်မျို းပဲ။

၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ။
ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲ
နာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီး
ပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင် ရတတ်တယ်။

၇။ရိုးစင်းစွာ ရှင်သန်ပါ။
တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။
ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။

၈။ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။
ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၈။များများပေးကမ်း။
ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့
မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၁၀။အမြဲတမ်းပြုံ းပါ။
ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၁။လက်မလျှော့နဲ့။
ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။ စတဲ့ခရီးကို အဆုံးထိသွား
နိုင်အောင်ကြို းစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၂။လက်လွှတ်တတ်ပါ။
ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကို
တွေ့မှာမဟုတ်ဘူး။

၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ။
လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို
နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ
နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။

၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ။
တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။
သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။

၁၅။အချိန်ကို နေရာပေးပါ၊သို့ သော် မစောင့်ပါနဲ့။
အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။
တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာ
ပို ပီပြင်လာပါလိမ့်မယ်။

Mang-မာန်

လေးစားစွာဖြင့်

#PTC


Monday, August 24, 2020

* မ " ဖျက်ရင် ပြည်ပျက်ပါတယ်

ဒီစကားပုံကို လူတော်တော်များများက " မိန်းမ "ဖျက်ရင် ပြည်ပျက်မယ် လို့ထင်ကြတာများပါတယ်။

ဒီစကားပုံ ဘာကြောင့်ဟြေလဲ ?

ပါချပ် ဆရာတော်ကြီး Dr နန္ဒမာလာ ဘိဝံသ
ရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။

( မိန်းမ ဖျက်လို့  ပြည်မပျက်ပါဘူး )
( မ ဖျက်ရင်သာ ပြည်ပျက်တာပါ )

"မ"ဖျက်ရင်ပြည်ပျက်လိမ့်မယ် ဆိုတဲ့စကားကို
လူမှန်းသိစတဲက ကြားဘူးပါတယ်။

ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင်
တားမြစ်ချက် ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် ကျင့်သုံးစရာ လိုက်နာစရာ
တွေရှိပါလိမ့်မယ်။

ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊
အန္တရာယ် ဖြစ်စေနိုင်တဲ့ သတိပေးစရာဖြစ်စေ
လုပ်ဆောင်ခွင့် မပြုသင့်တာမှန်သမျှ
"မ" အက္ခရာဖြင့် တားမြစ်ရေးသားတာတွေ ရှိပါတယ်။

ဥပမာ

ငါး မဖမ်းရ၊ ရေ မကူးရ၊
ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊
သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊
အများကြီးပါ။

ဒါကို ဥပဒေချိုးဖောက်ချင်တဲ့သူက
"မ" အက္ခရာကိုဖျက်ပြီး
ကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုရင်
စည်းကမ်း လိုက်နာမှုမရှိဘဲ ချမှတ်ထားတဲ့ ဥပဒေတွေဟာ အလဟဿ
ဖြစ်တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံး တိုင်းပြည်ပါ ပျက်စီးနိုင်မှာဖြစ်လို့ 'မ' ကိုမဖျက်ကြပါရန်
ရှေးမြန်မာစာဆိုကြီးတွေရဲ့
အဆို အမိန့်ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ပါချုပ်ဆရာတော် #တရားမှတ်စု


Sunday, August 23, 2020

အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ

၁ ။ အိုဖေါ် ( လင် မယား အို )

၂ ။ အို သိုက် ( နေအိမ် )

၃ ။ အို စာ ( ငွေကြေး )

၄ ။ အို ရေး ( ကျန်းမာရေး )

၅ ။ အို စိတ် ( စိတ်နေ စိတ်ထား )

ကျွန်တော်တို့အားလုံး  အိုရမဲ့လူတွေကြီးကြီးပါ။

ခုမအိုသေးပေမဲ့ ဖတ်ထားရင် ကိုယ့်အတွက် ကာကွယ်ဖို့ ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ် ဆင်ခြင်လို့ ရနိုင်ပါတယ်။

အကြံလည်းပေးလို့ရတာပေါ့၊အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရူ့ဒေါင့်ကနေမဟုတ်ပဲ လက်တွေ့ ဘ၀ရူ့ဒောင့်ကနေ ဆွေးနွေးကြည့်ရအောင်.... ။

၁။   အိုဖေါ်   :    လင်အိုမယားအို
မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။

အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်မရတာမျိုး မဖြစ်သင့်ဘူး။

ယော့က်ျားက သားဘက်၊ မိန်းမက သမီးဘက် ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။

ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့ အလွန်အရေးကြီးပါတယ်။

ငယ်ငယ်တုန်းကတော့ ယော့က်ျားပိုက်ဆံရှာ၊ ယော့က်ျား အင်အားကောင်းတော့ အပြင်မှာ ပွေချင်တိုင်းပွေ၊သောက်စားချင်တိုင်းသောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီး အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျုိုးဟာ၊

အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ အရင်က ခံခဲ့သမျှ ရန်ညိုး ပြန်ဆပ်ရတတ်တယ်။

ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါ ကိုယ့်မိန်းမ ကိုယ့်ကို တကယ်ကောင်းစေချင်ရင် ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။

၂။ အိုသိုက်    :      နေဖို့ထိုင်ဖို့  အိမ်တစ်လုံး ရှိထားဖို့လိုပါတယ်။

အဲဒီအိမ်ကိုလည်း မသေမချင်း ထိမ်းထားဖို့လိုပါလိမ့်မယ်။

ကိုယ်က မကြာမှီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး အမွှေမခွဲပေးလိုက်နဲ့၊ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။

မပျောက်သွားတာတောင်မှ သားသမီးမျက်နာ ( သို့ ) ချွေးမနဲ့ သမက်မျက်နာကြည့်ပြီး အသက်ရှင်ရတာ မတန်ဘူး။

၃။ အိုစာ      :    အိုစာမင်းစာကို ဆိုလိုပါတယ်။ ရွှေဖြစ်ဖြစ်၊ ပိုက်ဆံဖြစ်ဖြစ် ကိုယ့်အတွက် ကိုယ်ချန်ထားရတယ်။

သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနီး မရှိဘူးဆိုပြီး အကုန်ထုတ်မပေးလိုက်နဲ့၊

အားလုံးပေးလိုက်ရင် အိမ်ကဆင်းသွားရနိုင်တယ်။

အချစ်ရဲ့သဘာ၀ဟာ နောင်မျိုးဆက်ကိုပဲ ဆင့်ပွားပါတယ်။

သားသမီး ကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့ မွေးရာပါ သဘာဝြဖစ်ပါတယ်။ 

မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့ သွန်သင်ယူရတယ်။မွေးမြူယူရပါတယ်။အဲဒါကြောင့် မသေချာတတ်ဘူး။

မိဘများဟာ သားသမီး ( ၁၀ ) ယောက်ကို အပြုံးမပျက် ကျွေးမွေးနိုင်ပေမဲ့၊ သားသမီး (၁၀ ) ယောက်ဟာ မိဘ နှစ်ပါးကို ဆူပုတ်လောက်အောင်ကျွေးမွေးရတယ်ဆိုတဲ့
စကားပုံတစ်ခုကို ကြားဖူးပါတယ်။ 

ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။

၄။ အိုရေး   :   အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကို အတိုကောက်ရေးလိုက်တာပါ။

အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။

မနက်တိုင်းလမ်းလျှောက်တာမျိုး၊
အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျိုး
ပါ၀င်သင့်ပါတယ်။

ကောင်းကောင်းမလျှောက်နိုင်ရင်လည်း ၊ လှုပ်ရှားနိုင်သမျှ အတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။

ကိုယ့်ရဲ့  ကျန်းမာရေးကောင်းမွန်ခြင်းဟာ ကိုယ့်အတွက်ပါမဟုတ် သားသမီးများအတွက်ပါ လဒ်တစ်ပါးဖြစ်ပါတယ်။

သူတို့ ကိုယ့်အတွက် သိပ်မပူရရင်
သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့ ၊

၅။ အိုစိတ်   : အိုလာရင် စိတ်နေစိတ်ထား မှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။

ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။

သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။

မေ့မေ့လျော့လျော့ နေထိုင်သင့်ပါတယ်။ တစ်ရက်အသက်ရှင်ရင်
တစ်ရက်အမြတ်ပဲ၊ တန်အောင်အသက်ရှင်ရမယ် ဆိုတဲ့စိတ်မျိုး မွေးမြူ ရပါမယ်။

ကျန်းမာရေး အဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ လှုပ်ရှားမူတွေ ဘာသာရေးပွဲတွေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ပါ၀င်လှုပ်ရှားသင့်ပါတယ်။

စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။

အသက်ကြီးသူများ အားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။

Ref: WeChat
#Credit to Thandar Han .


Friday, August 21, 2020

စီးပွားရေး သမားတိုင်း ဖတ်သင့်တယ် ကြက်နဲ့ နွား

တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။

သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။

တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။

" ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ" တဲ့ ။

အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။

        အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။

"ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။" ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့  နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။

" နွားရောင်းမည်။ ၂၀၀၀ ကျပ်
   ကြက်ရောင်းမည်။ ၂သိန်းကျပ်
   မှတ်ချက်။   ။ ခွဲမရောင်းပါ" တဲ့
(စျေးပြောင်းပြန်ကြီးမို့)

လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။
ကတိမပျက်ဘူး!!!!

ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို စျေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။

အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပျက်ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။

နွားတကောင် ၂သိန်းဆိုလည်း ပေါက်စျေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။

ဆိုပါတော့

လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။
အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။
ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။

ဆိုပါတော့

ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။
ဒါလည်း အဘွားကြီးနည်းပဲ။
ထပ်ကွန့်လိုက်သေး။ ယခင်စျေး ၂သိန်း။ ယခု ...% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။

ဆိုပါတော့

ပစ္စည်းလေး ၁၀မျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅၀၀၀ရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅၀၀၀တွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅၀၀ရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။
အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။
ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅၀၀ဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။ (ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )

ဆိုပါတော့

သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။ ကပ္ပတိန်က ပြင်ခ ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။ သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။

ဘာတဲ့

ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။
ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။

ဒါပေမယ့်ဗျာ
ခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့

ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ

#Crd..
#U Kyaw


Thursday, August 20, 2020

လူတွေတော်တော်များများရဲ့ ကံကြမ္မာကတူညီကြပါတယ်

တစ်သက်လုံး ပင်ပင်ပန်းပန်း
အလုပ်လုပ်ပြီး နောက်ဆုံးတော့
ဆေးရုံ ကုတင်ပေါ်မှာပဲ
လူ့ဘဝ အဆုံးသတ်သွားပါတယ် ။

ကံဆိုးတဲ့ တစ်နေ့ ..
ဆေးရုံက ဒီ အချက် ၃ ချက်ကို
ပြောလိုက်ရင်တော့
သင်ဒေဝါလီခံရဖို့ (မွဲဖို့)
လုံလောက်ပါပြီ။

၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့
     ရောဂါတစ်ခုရှိနေပါပြီ
၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး
    ဖြစ်အောင် ကုသပေးပါမယ်
၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ်

ဘဏ်နဲ့ဆွေးနွေးတော့လည်း
ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ
ပြောပါလိမ့်မယ် ။

၁။ အခြေအနေမှန်ကို ကျနော်တို့
     နားလည်ပါတယ်။
၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။
၃။ငွေတွေပြန်မပေးနိုင်ရင်
    ဒေဝါလီခံရမှာပဲ။

ဆေးရုံက ကုတင်ပေါ်မရောက်ခင်
ကျန်းမာရေး ကျွမ်းကျင်သူ
ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို
နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့
ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။

၁။သင့်အတွက် အကောင်းဆုံးဆရာဝန်က
သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်

၂။အကောင်းဆုံးဆေးရုံက
မီးဖိုချောင်ပဲဖြစ်ပါတယ်

၃။အကောင်းဆုံးဆေးဝါးတွေကတော့
(ကျန်းမာသန့်ရှင်းတဲ့)
အစာအာဟာရပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သင့်ကိုယ်စား
ကားမောင်းပေးမယ့်လူရှိမယ် ။
ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ် ။
ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ် ။

ဒါပေမယ့် ...
သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ
ဘယ်သူမှမရှိဘူး။

သင်စွန့်ပစ်လိုက်
(ဆုံးရှုံးသွား) တဲ့အရာတွေ
အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။

ဒါပေမယ့် တစ်ကြိမ် ဆုံးရှုံးသွားပြီး
ဘယ်တော့မှ ပြန်မရနိုင်တာက
"အသက်" ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ
အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်သူ
"ဂျက်မား" ပြောဖူးပါတယ်။

မျောက် တစ်ကောင်ရှေ့မှာ
ငှက်ပျောသီး တစ်ဖီးနဲ့
ဒေါ်လာ တစ်ထပ် ထားပြီး
ရွေးခိုင်းမယ်ဆိုရင်
မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။

ပိုက်ဆံက ငှက်ပျောသီး
အများကြီးကို ဝယ်လို့ရတာ
မျောက်က မသိဘူးလေ။

လူတွေရှေ့မှာ ကျန်းမာခြင်း နဲ့
ချမ်းသာခြင်း (ငွေကြေး)
အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင်
အများစုက ချမ်းသာခြင်းကိုပဲ
ရွေးကြပါတယ်။

အံ့သြစရာကောင်းတယ် ။

ဒါပေမယ် ... သင်သိပါသလား။
ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့
ကျန်းမာရေးကို ဝယ်လို့ မရဘူးဆိုတာ ။

လူတွေက အယူအဆ အမှားတွေနဲ့
ကိုယ့်ဘဝ ကို ဖျက်စီးနေကြတယ်။

တစ်နေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ
ရုတ်တရက် အလင်းရလိုက်တယ်။

ကျန်းမာခြင်းထက် တန်းဖိုးရှိတာ
ဘာတစ်ခုမှ မရှိပါလား။

ကျန်းမာရေးနဲ့ပြည့်စုံတဲ့
ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ။

ကျန်းမာရေးချို့တဲ့
ချမ်းသာခြင်းက အမွေ အဖြစ်
ထားခဲ့ရမှာပါ။

လူအများစုက ကိုယ့်ကိုယ်ကိုယ်
အသက်တိုအောင် လုပ်နေကြတယ်။

နောက်ဆုံးကျတော့
ကျန်းမာရေးကို ပိုက်ဆံနဲ့
ဝယ်လို့ရတာလဲ မဟုတ်။

ပိုပြီးဝမ်နည်းဖို့ကောင်းတာက
သေပြီးတဲ့အချိန်မှာ အကြွေးတွေ
တောင်ပုံ ယာပုံ ထားခဲ့ပြီး
ကိုယ်ချစ်တဲ့သူတွေ အပေါ်
ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။

ဒီလို ကံကြမ္မာ ကနေ
လွတ်မြောက်ချင်ပါသလား။

သင်အခုကနေစပြီး
ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို
ရရှိဖို့ စဉ်းစားပါ။

သေမင်းမှာ အချိန်းအချက် မရှိဘူး။

တက်သစ်စ ဘောလုံးကစားသမား
အာနီဒေးဗစ်ဟာ
သွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ
ဆုံးခဲ့ပါတယ်။

ကမ္ဘာကျော် အနုပညာရှင်
အဲဗစ္ပရေက္စလဟာ
အသက် ၄၂ မှာ
မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့
ကွယ်လွန်ခဲ့ပါတယ် ။

ဂျဇ္ဇ ဂီတပညာရှင်
ဂျွန်ကိုထရိန်း အသက် ၄၀ မှာ
အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။

ကျွန်ုပ်တို့ မိသားစု ၊
သူငယ်ချင်း ဘယ်နှစ်ယောက်
လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။

ကျွန်ုပ်တို့ပဲ အသိဆုံးပါ။

ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာ
နောက် ၁၀ နှစ်အထိ
ကျန်းမာသန်စွမ်းနေမယ်လို့
ယူဆလို့ မရပါဘူး။

သေစေနိုင်လောက်တဲ့
နာတာရှည် ရောဂါတွေဟာ
အသေးဆုံးပျက်စီးမှုက စတင်တာပါ ။

အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့
အခွင့်အရေး ရှိနေပါတယ်။

ပုဆိန်နဲ့ပေါက်ရလောက်အောင်
ကုသရမဲ့ ရောဂါကို
အပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင်
ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။

ဒီနေ့ ကျန်းမာရေးအတွက်
ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်
တစ်နေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ
ပေးဆောင်ရမှာ ဖြစ်ပါတယ် ။

၈၀% လူတွေက ကျန်းမာရေးအတွက်
အကုန်အကျ မခံချင်ကြ ဘဲ
နောက်ဆုံး ရက်၊လ များကို
ဆေးရုံမှာပဲ နေသွားကြပါတယ်

နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ
ခံစားပြီး လောကကြီး
ကနေ ထွက်ခွာသွားကြပါတယ် ။

၉၅% လူတွေက ရောဂါ ကြောင့်
သေဆုံးရတာဖြစ်ပြီး
၅% ကသာ အသက်ကြီးလို့
သေဆုံးတာ ဖြစ်ပါတယ် ။

ဒီလို ရောဂါတွေ ငါတို့တော့
ဘယ်တော့မှ မဖြစ်ဘူး လို့
မထင်ပါနဲ့။
မျက်ကန်း အကောင်းမြင်တာမျိုးတော့
မဖြစ်ပါစေနဲ့။

ငယ်ငယ်တုန်းက
ဒီလို အယူအဆ ရှိတဲ့လူတွေ
အခု ဆေးရုံ ကုတင်ပေါ်
ရောက်နေကြတာ
သင်သိဖို့ကောင်းပါတယ်။

ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ်
လိုအပ်တဲ့ အရာ ။
မပြန်လမ်းကို သွားရမယ့်အချိန်
မရောက်အောင်
ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။

နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့
နပန်းမလုံးရအောင် ၊
ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က
လူမမာတစ်ယောက် အပေါ် ငွေကြေး ၊
အချိန်တွေ အကုန်ခံပြီး
ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်
ကျန်းမာရေး သတိထား နေရပါမယ်။

သင့်ရဲ့ နောက်ပိုင်း ဘဝတစ်ဝက်ကို
လူနာ ကုတင်ပေါ်မှာပဲ
ကုန်ဆုံးချင်ပါသလား ။

ဒါမှ မဟုတ်
မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲ
အသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ်
အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား။

သင့် ဘဝ က
သင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ် ။

#Credit
Via Dr Shwe Tun


"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...