တခါကလူတစ်ယောက်သည်သူ၏နွားမျ ား
အတွက်မြက်ရိတ်ရန်အိမ်မှထွက်ခဲ့လေသည်
"အင်း..ငါ့ရွာဖက်မှာကမြက်ရှားနေပြီ.ဟိုဖက်
ရွာသွားရိတ်မှပါဘဲ "...
ဤသို့တွေးကာတဖက်ရွာသို့မြက်သွားရိတ်
လေသည်။တမနက်ရိတ်လိုက်ပြီးလုံလောက်
သောမြက်များရရှိသဖြင့်မြက်ထုံးကြီးထုံးလေ
ရာမြက်ထုံးမှာ ကြီးလွန်းသဖြင့်ပုခုံးထမ်းမနိုင်
အောင်ဖြစ်နေတော့သည်။
ထိုအခါထမ်းပိုးဖြင့်လျှင် ထမ်းရန်ဝါးလုံးပိုင်းရှာ
ရပြန်သည်။ဝါးလုံးရသောခါရှေ့နောက်လျှ ို ၍
ထမ်းရန်လည်းမြက်က တစ်ထုံးတည်းဖြစ်နေ
သဖြင့်ရှေ့တွင်မြက်ထုံးနှင့်အလေးချ ိန်တူညီ
သည့်ကျောက်တုံးတစ်တုံးကိုအစားထိုးထမ်း
ခဲ့ရလေသည်။
လမ်းခုလတ်ရောက်သောအခါလူတစ်ဦးနှင့်
တွေ့လေရာထိုလူကဤသို့အကြံပေးပါသည်
"ကိုယ့်ဆရာကတော်တော်အပင်ပမ်းရှာတာ
ကိုး..မြက်ထုံးကိုတစ်ဝက်စီခွဲပြီးရှေ့နဲ့နောက်
ထမ်းပိုးလျှင် ထမ်းလည်းရတာဘဲဗျား.."
"အဲ..ဟုတ်သားဘဲ..မတွေးမိလိုက်တာဗျ ာ"
ဒါနဲ့ဘဲထိုလူအကြံပေးသည့်အတိုင်းမြက်ထုံး
ကို တစ်ဝက်စီခွဲပြီး ရှေ့နောက်ထမ်းပိုးလျှ ို ၍
ထမ်းလိုက်ပါတော့သည်။ ထိုသို့လာခဲ့ပြီးခရီး
အတန်ငယ်ပေါက်ခါမှ ဤသို့ တွေးမိပြန်လေ
သည်။
" ထမ်းရတာတော့အဆင်ပြေပါရဲ့..ဒါနဲ့ငါ့ကို
ဒီအကြံပေးသွားတဲ့လူကဘယ်သူပါလိမ့် "
ထိုသို့တွေးမိပြီးသိချင်လာပြန်သဖြင့်အစော
ပိုင်းက တွေ့ခဲ့သူနောက် အထမ်းဖြင့် အမှီပြန်
လိုက် ရပြန်သည်။ မှီသောအခါ မောကြီးပမ်း
ကြီးလေသံဖြင့်မေးလေသည်။
"ဟေ့.ဟေ့.ကျုပ်ကိုဒီလိုလုပ်ရင်ကောင်းမယ်
လို့အကြံပေးတဲ့ခင်ဗျားကဘယ်သူပါလိမ့်.."
ထိုလူကဤသို့ပြန်ဖြေကြားပါသည်...
"ကျ နော်ကရွာစဉ်လှည့်တောင်းစားနေတဲ့သူ
တောင်းစားတစ်ယောက်ပါခင်ည.."
"ဘာကွ..မင်းကသူတောင်းစား..ဟုတ်လား"
"ဟုတ်ပါတယ်ခညာ.."
ထိုအခါမြက်ထမ်းသမားသည်စိတ်ဆိုးမာန်
ဆိုးဖြင့်ဤသို့ပြောကာ…
" ငါ့ကွာ..စောစောကမသိခဲ့မိလို့.. မင်းလိုသူ
တောင်းစားပေးတဲ့ အကြံကို လက်မခံရေးချ
မခံဟေ့..ငါ့ဟာငါနဂိုကလိုဘဲပြန်ထမ်းတော့
မယ် သူတောင်းစားရဲ့.."
မြက်ထမ်းသမားဟာမူလထမ်းလာစဉ်ကလို
ရှေ့တွင်ကျေ ာက်တုံးအစားထိုးထားကာမြက်
ထုံးကိုပြန်ထမ်းသွားပါလေတော့သတည်း။
ပုံပြင်ကတော့ဒီလောက်ပါဘဲခင်ဗျ ..ဒီမှာဘာ
သွားတွေ့လဲ ဆိုတော့ လူတွေဟာ ကိုယ်လုပ်
တာလည်းအချ ိုးမပြေသေးဘူး.အမြင်မတော်
လို့ အကြံဉာဏ်ကောင်း ပေးပြန်တော့လည်း
လူတန်းစားနှိမ့်ချ ပြီးလက်မခံချ င်ကြဘူး..
လောကကြီးမှာဒီလိုလူစားမျိုးတွေလည်းမျ ား
မှများဘဲဗျား……
Credit: မူရင်း
No comments:
Post a Comment