ပုံပြင်လေးတစ်ပုဒ်ကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။
တစ်ခါက မြည်းလေး တစ်ကောင်ဟာ
ရေတွင်း ပျက် အို တစ်ခုထဲ ကျသွားပါသတဲ့။
ရေတွင်းပျက်အိုလေးက သေးငယ်တော့
မြည်းလေးဟာ အပေါ်တက်မရဘဲ ဖြစ်နေရှာတာပေါ့ ။
ဒါနဲ့ မြည်းပိုင်ရှင်လယ်သမားလင်မယားဟာ
ဘယ်လို ကယ်ရမလဲ တွေးရင်း စိတ်ကူးတစ်ခု ရလိုက်ပါတယ်။
ရေတွင်းပျက်အိုလေးထဲ မြေကြီးတွေ ပစ်ချမယ်ဆိုတဲ့
စိတ်ကူးပေါ့ ။
စိတ်ကူးရတယ်တိုရင်ပဲ ရွာသားတွေကို အကူညီခေါ်ပြီး
မြေကြီးတွေကို ဂေါ်ပြားနဲ့ ထိုး ချ လိုက်ပါတယ်။
ရေတွင်းထဲက မြည်းလေးဟာ သူ့ကို မြေဖို့သတ်နေ
ကြပြီလို့ တွေးပြီး ကြောက်အားလန့်အားနဲ့အော်တာပေါ့ ။
အဲလိုအော်နေရင်း အတွေးတစ်ခု ရ သွားတယ်။
ခုဏက ကြောက်လို့အော်နေတဲ့မြည်းလေးဟာ
ရွှင်မြူးလာ ပါ တယ်။
မြည်းလေးဟာ သူ့ကျောကုန်းပေါ် ကျလာတဲ့မြေကြီးတွေကို
ခါခါ ချ လိုက် ပါတယ် ။
မြည်းပိုင်ရှင်နဲ့ရွာသားတွေကလဲ သူတို့ စိတ်ကူးတိုးတက်
မှု ရှိမရှိ အခြေနေကို အကဲခတ် ကြည့်တော့ ကောင်းမွန်တဲ့
စိတ်ကူးဖြစ်ကြောင်း တွေ့ လိုက်ပါတယ်။
ဒီလိုနဲ့ မြည်းလေးဟာ
သူ့ကျောကုန်းပေါ် ကျလာတဲ့ မြေကြီးတွေကို ခါချရင်း
အကျဥ်းအကြပ် သေရေးရှင်ရေးဒုက္ခက လွတ်မြောက်ခဲ့ပါတယ်။
ဘာကြောင့်လဲဆို
သူ့ကျောကုန်းပေါ်ကျလာတဲ့မြေကြီးတွေကို
နင်းတက် စရာအဖြစ် အသုံးချ တတ်ခဲ့လို့ပါပဲ။
ပြောလိုတာက လူဆိုတာ အခက်အခဲပြဿနာတွေနဲ့
မကင်းကြပါဘူး ။ လောကဓံ အကောင်းအဆိုးတွေနဲ့
မကင်းကြပါဘူး။
အဲလို သင်တွေ့ကြုံနေရတဲ့ လောကဓံ အကောင်းအဆိုး
အခက်အခဲတွေကို ခါခါ ချ ပြီး
နင်းတက်စရာအဖြစ် မြင်တတ်အောင် လုပ်ဖို့ပါ ။
စိတ်ပျက် စရာတွေတွေထဲ နစ်မွန်းပြီးဘဝကို
မသေဆုံးစေဘဲ ခါချသင့်တာတွေကို ခါချလိုက်ပါ ။
သင်အောင်မြင်ခြင်း မအောင်မြင်ခြင်း
သင် ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း
သင် လွတ်လပ်ခြင်း မလွတ်လပ်ခြင်းဆိုတာက
သင်တွေ့ကြုံနေရတဲ့အရာတွေပေါ်
သင်ဘယ်လို တုန့်ပြန် ဖြေရှင်းသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။
လင်းဝေ(ကောလင်း)
Monday, August 10, 2020
ခါချသင့်တာတွေကို ခါချလိုက်ပါ
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment