Monday, August 10, 2020

မျောက်ကပေးတဲ့ သင်ခန်းစာ






တခါတုန်းကပေါ့....မျောက်လေးတစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင်းတို့ဟာ ကျောက်ဂူးကြီးတခုထဲမှာ အတူနေထိုင်ခဲ့ကြတယ်။ 
 
     သူတို့နှစ်ကောင်ဟာ  အတူတကွနေထိုင်သော်လည်ခြင်္သေ့
ကြီးက သေးငယ်တဲ့မျောက်ကလေးကို အထင်သေးပြီ သူ့ရဲ့ခွန်အားဗလနဲ့ အမြဲလိုလို ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိတယ် သူရဲ့ ခွန်အားဗလတောင့်တင်းကြောင်းကိုအမြဲ ကြွားဝါးလေ့ရှိတာပေါ့

   ဟိတ် မျောက်စုတ်  မင်းရဲခန္ဓာကိုယ်သေးသေးလေးနဲ့ ဟိုအပင်တက် ဒီအပင်တက် အငြိမ်မနေနိုင်တဲ့ကောင်  ငါကိုကြည့်စမ်း တိရစ္ဆာန်တွေအားလုံး လေးစားလောက်တဲ့ ဥပဓိရုပ်၊အဆင်းအင်္ဂါနဲ့ပြည့်စုံတယ် ၊ မင်းကတော့ တိရစ္ဆာန်ဖြစ်ရကြိုးမနပ်တဲ့ မျိုးနွယ်သတ္တဝါပဲ ၊ တော်တော်ညံ့ဖျင်းတဲ့အကောင် စားတော့လည်းသစ်ဥ သစ်ဖုတွေ ငါလို အရသာရှိတဲ့အသားမျိုး မင်း စားဖို့နေနေသာသာ အိမ်မက်တောင်မက်ဘူးမှာမဟုတ်ဘူးကွာ ဟားဟားဟား
   မျောက်ကလေးကတော့ သူထက်အင်အားကြီးမားလှတဲ့ ခြင်္သေ့ကြီးကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို အချိန်ပြည့်တွေးတောစဉ်စားနေတာပေါ့

   တနေ့မှာတော့ မျောက်ကလေးဟာ အစာလိုက်ရှာရင်း ရေတွင်းတစ်တွင်းကိုတွေ့လိုက်တော့ အကြံတခုရပြီးပြုံးလိုက်သတဲ့ ....အင်ဒီအတိုင်ဆိုရင်ကြွားဝါးပြီး ဗလအားကိုးနဲ့ငါကိုအနိုင်ကျင့်တဲ့ ခြင်္သေ့ကြီး ဒီတခါတော့ အကောင်းသေးပေမဲ့ ဉာဏ်စွမ်းဘယ်လောက်ထက်တယ်ဆိုတာ တွေ့ကြသေးတာပေါ့ကွာ.....အဲ့ဒီလိုတွေးရင်း မျောက်ကလေးကပျော်ရွှင်စွာ ပြန်လာခဲ့တာပေါ့

   နောက်တနေ့တွင် မျောက်ကလေးဟာ သူရဲ့အကြံအတိုင် အစားရှာသွားခါနီး ခြင်္သေ့ကြီးကိုနှုတ်ဆက်လိုက်တယ်

    အကိုခြင်္သေ့ကြီး  မနေ့ကကျွန်တော်ဟိုတောနက်ထဲမှာ ခများနဲ့တထည်ရာတည်းတူတဲ့သတ္တဝါတစ်ကောင်းကိုတွေ့ခဲ့တယ်။သူကကမ္ဘာမှာ ငါနဲ့ ပြိုင်ဝံ့တဲ့လူရှိရဲ့လားလို့ ကျွန်တော်ကိုမေးတယ် အကိုကြီးရဲ့အစွမ်းကိုကျွန်တော်ကသိပြီသားမို့ရှိတာပေါ့လိုပြန်ပြောလိုက်တယ် ။

သူကဒေါသထွက်ပြီး ဟိတ်ကောင်မျောက်စုတ် ရှိရင်ငါဆီခေါ်ခဲ့စမ်း သူကငါနဲ့မပြိုင်ဝံ့ရင်တော့ မင်းငါကိုတသက်လုံးပြုစုလုပ်ကိုင်ကျွေးမွေးပြီးငါအမိန့်ကိုနာခံရမယ်လို့မှာလိုက်တယ်...
အင်းဟုတ်ပမလားကွာ...မျောက်စုတ်ရာ

အကိုခြင်္သေ့ကြီးရာ အဲ့ကောင်ကမထီမဲ့မြင်လုပ်ပြီး စကားပြောကြီးကျယ်လွန်းလို့ ခံပြင်းစရာပါဗျာ
  ဒါနဲ့ မင်းကရောငါဘယ်လောက် ခွန်အားကြီးမာကြောင်း မပြောပြလိုက်ဘူးလား....
မျောက်ကလေးက တမင်မျက်နှာလွဲပြီး....
အကိုခြင်္သေ့ကြီးရယ် ခများအကြောင်းကိုပြောပြတော့သူက ရယ်တောင်နေသေးတယ်ဗျ...
ခြင်္သေ့ကြီးလည် စိတ်ဆိုးမာန်ဆိုးနဲ့ မျောက်ကလေးကိုအော်ဟစ်မေးမြန်ပါလေရော...
ဒီလောက်လူပါဝတဲ့အကောင်းဘယ်မှာနေတာလည်း ငါကိုလိုက်ပြစမ်း။
အကိုခြင်္သေ့ကြီး သတိတော့ထားနော် ဒီကောင်းကတော်ရုံအစွမ်းအစတော့မဖြစ်နိုင်ဘူး
ငါအဲ့လိုကောင်မျိုးနဲ့မှတွေ့ချင်တာအမြန်သာလိုက်ပြစမ်းပါမျောက်စုတ်ရယ်လို့ခြင်္သေ့က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တဲ့အခါ.....
ကောင်းပြီလေ လိုက်ခဲ့ပါ... မျောက်ကလေးဟာမောက်မာဝင့်ကြွားတဲ့ခြင်္သေ့ကို တောအုပ်ထဲကရေတွင်းဆီကိုခေါ်ဆောင်သွားသတဲ့.....
ရောက်ပါပြီဗျာ ...ကျွန်တော်မနေ့ကတွေ့ခဲ့တဲ့ အကောင်က ဒီတွင်းကြီးထဲမှာနေထိုင်ပါတယ်။
ခြင်္သေ့က ဘာမှမစဉ်စားတော့ပဲ ရေတွငိးနှုတ်ခမ်းပေါ်ကိုဒေါကြီးမာန်ကြီတက်ပြီး ငုံကြည့်လိုက်သတဲ့...

အဲ့ဒီအချိန်မှာ ကြည်လင်လှသောရေတွင်းပြင်မှာ သူနဲ့တထေရာတည်းတူနေတဲ့ ခြင်္သေ့တစ်ကောင်ကိုတွေ့လိုက်သတဲ့....

ခြင်္သေ့ကြီးကမိုက်တိမိုက်ကန်းနဲ့ကြည့်လိုက်တော့ သူနဲ့တူသောအကောင်းကလည်း မိုက်တိမိုက်ကန်းပြန်ကြည့်သတဲ့...

မောက်မာတဲ့ခြင်္သေ့ကြီးက ဒေါကြီးမောကြီး ဟိန်းဟောက်လိုက်တော့ ရေတွင်းထဲကကောင်ကလည်း ပြန်ဟိန်းဟောက်တာပေါ့..

ဒီလိုနဲ့ ခြင်္သေ့ကြီးဟာ ဒေါသအိုးပေါက်ပြီး ဘာမှ မတွေးမိ မစဉ်းစားမဆင်ခြင် ရေတွင်းထဲကအကောင်းကိုခုန်အုပ်ဖို့ ရေတွင်းထဲ ခုန်ခြလိုက်လေသတဲ့ကွယ်...

တကယ်တော့ ရေတွင်ထဲမှာ ဘာရန်သူမှမရှိပါဘူး ကြည်လင်တဲ့ရေပြင်မှာ ပေါ်နေတဲ့သူအရိပ်ကို ရန်သူထင်ပြီ ခုန်အုပ်မိတဲ့ ခြင်္သေ့ကြီးကတော့ ရေနစ်သေဆုံးသွားတာပေါ့

မျောက်ကလေးကတော့ အဖြစ်အပျတ်ကိုကြည့်ပြီး သဘောကြ ရယ်မေားပြီး သစ်ပင်တစ်ပင်မှတစ်ပင်သို့ကူးကာ အိမ်ပြန်သွားသတဲ့ကွယ်

ဒီပုံပြင်လေးကိုကြည့်မယ်ဆိုရင် သူတပါးကိုအထင်သေး အနိုင်ကျင့် နှိပ်ချပြီးဒေါသထွက်နေတဲ့အချိန် ဘာမှမစဉ်စား မဆင်ခြင်နိုင်စွမ်းမရှိ ဉာဏ်ပညာနည်းတဲ့ ခြင်္သေ့ကြီးကို
အင်အားနည်း သေးကွေးတဲ့မျောက်ကလေးက ပရိယာယ် ဉာဏ်ပညာနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။

ဒါကြောင့်လောကမှာ အင်အားကြီးမာဖို့ထက် ကိုယ်မှာရှိတဲ့အင်အားအနည်းငယ်ကို ဉာဏ်ပညာနဲ့ယှဉ်တွဲပြီး စဉ်းစာဆင်ခြင်ဉာဏ်နဲ့ အသုံးချနိုင်ရင် မည်သည့် အခတ်အခဲကိုမဆိုအောင်မြင်နိုင်ပါတယ်"

Credit: မူရင်း


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...