တစ်နေ့မှာ သူဌေးကြီး အားလ်ရှော က ကျွန်တော့်ကို ခုလို မေးခွန်း မေးလိုက်တယ်။
"James မင်း ငါ့ဆီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ"
ကျွန်တော်က " (၆) နှစ်ရှိပါပြီလို့ ပြောလိုက်တယ်။"
သူက ထပ်မေးတယ်" အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား။ လခ ရော လောက်ရဲ့လား"
ကျွန်တော်က " အလုပ်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လခ တော့ စားလောက်သောက်လောက်ရုံပါဘဲ"
ဒီတော့ အားရှောလ်က " ဒါဆိုရင် မင်း ဒီအလုပ်ဆက်မလုပ်ပါနဲ့တော့ကွာ။
(၆) နှစ်ဆိုတဲ့ အချိန်ဟာ မင်း ဒီအလုပ်နဲ့ မကြီးပွားနိုင်ဘူး ဆိုတာကို သက်သေပြဖို့ လုံလောက်တဲ့ အချိန်ဘဲကွ"
လို့ ပြောလိုက်ပါတယ်။
ခဏလေးကြာတော့ သူက မေးခွန်းတစ်ခုမေးပြန်ပါတယ်။
"ဒါနဲ့ အဲ့ဒီ အကြံ မင်းကို ဘယ်သူပေးတာလဲ"တဲ့။
ကျွန်တော် ရုတ်တရက် ကြောင်သွားတယ်။သူ့မေးခွန်းကို အသေအချာပြန်စဉ်းစားတယ်။
စဉ်းစားရင်း ကျွန်တော့် ခေါင်းထဲမှာ ခုလို အတွေးတစ်ခုပေါ်လာတယ်။
"ဟုတ်တယ် ငါဒီအလုပ်လုပ်လာတာ (၆) နှစ်ရှိသွားပြီ။ ပိုက်ဆံ စုမိတာ မရှိတဲ့ အပြင် အကြွေးတောင် တင်နေသေးတယ်။
ဒီအကြံကို ငါ ဘယ်သူ့ဆီက ယူမိတာပါလိမ့်။(၆) နှစ်လုပ်ပြီးလို့ ဘာမှ မစုမိဘူးဆိုတော့ နောက် အနှစ်(၂၀) ဆက်လုပ်လို့ကော ငါကြီးပွား ချမ်းသာနိုင်ပါ့မလား။
ဒီတော့ ငါဘာလုပ်သင့်လဲ။"
အဲ့ဒီနေ့မှာပဲ ကျွန်တော့်ဘဝကို အပြောင်းအလဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
မိတ်ဆွေတို့ တစ်ကယ်ချမ်းသာ ချင်ရင် မဖြစ်မနေကို ကြုံတွေ့ရမယ့် ဒုက္ခကို ကြောက်လို့ ရှောင်လို့ မရပါဘူး။ တည့်တည့်တိုးရင်ဆိုင်ကြတာပေါ့ဗျာ။ အမှောင်ရှိလို့သာ အလင်းရဲ့ တန်ဖိုးကို နားလည်တာပါ။ ဒုက္ခရှိမှ ပျော်ရွှင်မှုကို ခံစားတတ်မှာပါ။ ရွှေဘုံနန်းထက်က သူဌေးသားလို လိုတရ ဖြစ်နေရင်လည်း ဘဝရဲ့ အရသာကို သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ချမ်းသာချင်ရင် ကိုယ့်မှာရှိသမျှ ဉာဏ်ထုတ်ပြီး ချမ်းသာဖို့ ပြင်ဆင်လိုက်ကြရအောင်လား?
မယုံမရှိပါနဲ့ ။ အခုဒီစာဖတ်နေသူ မိတ်ဆွေများခင်ဗျား အရင်တုန်းကလည်း ချမ်းသာဖို့ ဘာတွေရင်ဆိုင်ရမယ်၊ဘာညာဖြစ်ရမယ်| တခြားစာတွေလည်း ဖတ်ထားလွန်းလို့ နားရည်ဝနေပေမဲ့ ဒုံရင်းကဒုံရင်း ဘဲ ဖြစ်နေတဲ့ ကိုယ့်ရဲ့ စိတ်ကို
ပြောင်းလဲဖို့ သက်တောင့်သက်သာ မရှိတဲ့ အရာက နေစလိုက်ကြရအောင်ဗျာ။ကျွန်တော်ချမ်းသာချင်တယ်ဘဲ ထိုင်မအော်၊ စကားကြီး စကားကျယ် တွေ မပြောဘဲ ၊ အလုပ်နဲ့ဘဲ သက်သေပြရအောင်ပါ။
source: Jim Rohn (author)
Credit: Everything is Chance
No comments:
Post a Comment