👉 Position power ဆိုတာ ရာထူးတစ်ခု လုပ်ပိုင်ခွင့် တစ်ခုကြောာင့်ရလာတဲ့ အာဏာဖြစ်တယ်
သူ့ရဲ့ဦးဆောင်ခြင်းခံရတဲ့ အဖွဲ့အစည်းမှာပါဝင်ပတ်သက်သူအားလုံး စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ့အမိန့်ကို နာခံရတယ် အဲ့ဒါဟာ သူ့မှာ position အရလက်အောက်ငယ်သားကို ဒုက္ခပေးနိုင်တဲ့ Power ရှိလို့ဖြစ်တယ်
အဲ့ Power ဟာ အဲ့ Position ထက်မနိမ့်တဲ့ နေရာတစ်ခုမှာရှိနေသမျှ သူ့မှာရှိနေမယ်
အဲ့ Position ထက်နိမ့်၍သော်၄င်း လုံးဝစွန့်လွှတ်လိုက်ရရင်သော်၄င်းအများစုသော နောက်လိုက်များရဲ့ လေးစားကြောက်ရွံ့ခြင်းကိုပါ လက်လွှတ်လိုက်ရတယ် ဒါကြောင့် Position power ရရှိထားသူတွေဟာ သူတို့ရရှိထားတဲ့ Power ကို အပြင်းအထန်ကာကွယ်တတ်ကြတယ်
super က labour ကိုဖိ ၊ manager က super ကိုဖိသလိုပေါ့ 🤪🤪
👉 People power ရှိသူကတော့ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိသလို တရားဝင်အပ်နှင်းထားတဲ့ ဘာအခွင့်အာဏာမှလဲမရှိဘူး ဒါပေမဲ့ လူတွေက သူ့ကိုယုံကြည်တယ် လေးစားတယ် အားထားကြတယ် လိုလိုလားလားရှေ့တန်းတင်ပြီး ခေါင်းဆောင်နေရာထားကြတယ်
ကျေကျေနပ်နပ်ဝန်းရံကြတယ်
သူ့မှာ အာဏာမရှိဘူး
ဒါပေမဲ့ သူပြေသမျှနာခံမဲ့ နောက်လိုက်တွေအမြဲရှိနေတတ်တယ် သူ့မှာ သစ္စာ သမာဓိနဲ့ အမျော်အမြင်ရှိနေသမျှ အဲ့ Power ဟာတည်မြဲနေမယ် နောက်ဆုံး အဲ့ပုဂ္ဂိုလ်မရှိတော့သည့်တိုင်အောင် အားလုံးက တသသ ဖြစ်နေကြလိမ့်မယ်။
အဲ့ဒါကတော့ People power ရဲ့အားသာချက်ပါပဲ ။ ။
( DIM တုန်းက ဆရာဦးသန်းစိုးဦး Lecture လေးပြန်သတိရမိလို့ပြန်လည်မျှဝေပါသည် )
Friday, August 14, 2020
Position power Vs People power
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment