ရေစီးနေသော ချောင်းငယ်တခုတွင် ဝံပုလွေတကောင်က အထက်ဘက်က ရေသောက်နေ၏။
သိုးငယ်တကောင်က အောက်ဘက်တွင်
အတန်ကွာကွာမှ ရေသောက်နေ၏။
ဝံပုလွေသည် သိုးငယ်ကိုမြင်သော်
မိမိဝမ်းကိုဖြည့်တင်းရန်အတွက် ကိုက်သတ်စားချင်လာ၏။
သည်အတိုင်းဖမ်းစားလျှင် မိမိကို မတရားဘူးဟု ပြောကြမည်။
ထို့ကြောင့် သိုးငယ်ရှိရာသို့ မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"ဟေ့...သိုးငယ်ကောင်...ဒီမှာ ငါရေသောက်နေတယ်
...မင်းဘာလို့ ငါ့ရေကို နှောက်ရတာလဲ...."
"ကျနော် နှောက်၍မရပါ...
ရေဟာ အရှင်ဝံပုလွေကြီးဆီက ကျနော်ဆီကိုစီးဆင်းနေရသည့်အတွက်
ကျနော့်ဆီမှာသာ ရေတွေနောက်လာနိုင်ပါတယ်"
ဝံပုလွေက တွေ၍စဉ်းစားပြီးနောက် သိုးငယ်ဘက်သို့
ရန်လိုသော ဟန်ပန်ဖြင့် ရှေးရှု၍ရပ်လိုက်၏။
"အေး....အဲဒါထားလိုက်အုံး....
မင်း မနှစ်ကဆိုရင် ငါ့အကြောင်းကို မကောင်းကြောင်းလျှောက်ပြောနေတာပဲ
မဟုတ်လား"
"မဟုတ်ရပါဘူးခင်ဗျာ... ကျနော် မနှစ်က မမွေးသေးပါဘူး
....အခုမှ ကျနော့်အသက် သုံးလသားပဲရှိပါသေးတယ်"
"မင်း မနှစ်က မမွေးသေးဘူးဆိုရင်လဲ မင်းအဖေဖြစ်မှာပေါ့...
မင်းတို့သိုးကောင်တွေဟာ အတူတူချည်းပဲ...
နောင်ငါ့အကြောင်း မကောင်းပြောချင်ကြအုံး"...
ကဲ...
ဝံပုလွေကြီးသည် သိုးငယ်ကို ကိုက်သတ်စားလိုက်၏။
ဒီပုံပြင်လေးကို ကြားဖူးကြမှာပါ။
ဘဝမှာ ပုံပြင်ထဲက ဝံပုလွေလို အတန်းစားတွေနဲ့
နယ်ပယ်အသီးသီးမှာ တွေ့နိုင်တယ်။
Credit: မူရင်း
No comments:
Post a Comment