သိန်းငှက်ပေါ်ကိုတက်ပြီးကိုက်ရဲတာ ကျီးကန်ဘဲရှိတယ်။ အဲဒီလိုဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့အချိန်နဲ့အင်အားကိုဖြုန်းပြီး ကျီးကန်းကိုပြန်မတိုက်ခိုက်ဘူးတဲ့၊ အတောင်ပံကိုဖြန့်ပြီး အမြင့်ကိုထပ်ပျံတယ်။ အမြင့်ရောက်သွားတဲ့အခါ အောက်စီဂျင်နည်းသွားတဲ့ ကျီးကန်းဟာ သူ့ဟာသူ ပြုတ်ကျသွားတယ်လို့ ဆိုတယ်။
သိန်းငှက်ဆီကသင်ခန်းစာယူပါ။ ကျီးကန်နဲ့ရန်မဖြစ်ပါနဲ့။ အမြင့်ကိုသာဆက်တက်ပါ။
The only bird that dares to peck an eagle is the crow. He sits on his back and bites his neck. The eagle does not respond, nor fight with the crow; it does not spend time or energy on the crow. It just opens its wings and begins to rise higher in the heavens. The higher the flight, the harder it is for the crow to breathe and then the crow falls due to lack of oxygen.
Learn from the eagle and don't fight the crows. Just keep ascending. They might be along for the ride but they'll fall off.
#crd
ချွန်တွန်းတွေ သိဖို့
အလုပ်မရှိ အလုပ်ရှာ ဝေဖန် လေကန်တွေ သိဖို့
Tuesday, August 18, 2020
အမြင့်ကိုသာဆက်တက်ပါ
Monday, August 17, 2020
သူရဲကောင်းသုံးယောက်နှင့်ခရီးသည် (ငွေတာရီ)
ဖော်လည်းမစွယ် တကိုယ်ငယ်
အိုဘယ်လူသား ကြောက်ဘူးလား။
ထိုသို့မေးသော်
ရွှင်အေးကြည်သာ ပြုံးမျက်နှာဖြင့်
အိုဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ ‘သတ္တိ’ရှိပြီ
ချစ်သည်သဟာ ‘ဇွဲ’လည်းပါ၍
မကွာထပ်လောင်း ငယ်ကပေါင်းသည့်
ဆွေကောင်း’လုံ့လ’ ဘေးကတူယှဉ်
ပါခဲ့လျှင်သော်
ငါ့တွင်သေချာ အောင်ဖို့ရာတည့်။
ယောကျ်ားငါကိုယ် မွက်ဟဆို
ဖော်မလိုပဲ တကိုယ်ထဲ
တော်ပေ့လူမော် ပွဲတိုင်းကျော်
သုံးဖော်ဆွေလည်း တူယှဉ်တွဲသည်
အောင်မြဲမုချ အောင်မည်ပ။ ။
Sunday, August 16, 2020
အပျိုကြီးပုံပြင်
အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီး။
ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ််မလေးတွေကို ခေါ်၍ အိပ်တယ်။
တစ်ည
အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တော့ သူခိုးကပ်နေမှန်း သိလိုက်တယ်။
ကြောက်လည်းကြောက်တယ် ရှိစုမဲ့လေးတွေပါသွားမှာလည်း စိုးတယ်။အော်လိုက်ပြန်လည်း သူခိုးက ဒီအတိုင်းထွက်ပြေးရင်တော်ရဲ့ သူမကိုရန်ပြုမှဖြင့်။
ခဏနေတော့ အကြံရသွားတယ်။ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြမယ်ဆိုပြီး သူ့ဘေးမှာ လူရှိနေသလို အသံခပ်ကျယ်ကျယ်နဲ့ ပြောတယ်
ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး သူ့ဟာသူ ပြောပြန်တယ်။ပြီးတော့ ပုံပြင်စပြောတယ်။
“ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေ့ါ…
သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်…ပို့ပေးနိုင်မလားမေးတာပေ့ါ…
လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်။ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေးသွားတောင်းတာပေ့ါ..။”
အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်တယ်။သူ့ ပုံပြင်ကို သူခိုးကလည်း နားထောင်နေမှန်းသိတော့ အသံနေအသံထားနဲ့ဆက်ပြောတယ်။
“မိန်းမကြီးက သူ့ကိစ္စပြီးလို့ပြန်လာတယ်။ချောင်းကိုဖြတ်မယ်လည်းလုပ်ကော သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကိုပြန်ရောက်နေတာတွေ့လိုက်တယ်တဲ့…
အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေ့ါ…။အဲမိန်းမကြီးစီးလာတဲ့လှေနဲ့ အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် ။
ပထမလှေရှင်က သူ့လူကို ဘာကြောင့်တင်ခေါ်လာရတာလဲ … ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေ့ါ…
ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ငါတင်တယ်နဲ့ စကားတွေများနေကြတော့တာပေ့ါ လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြောလိုက်တယ်။
ကဲ…ကဲ… နှစ်ယောက်လုံး ပိုက်ဆံရအောင်နှစ်စီးလုံးကို ငါစီးမယ် …လှေချင်းကပ်ကြလို့ ပြောတယ်။
လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ် ..မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွားတာပေ့ါ။
ကမ်းနားလည်းရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့ အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း ကျွမ်းပြန်သွားပြီး…”အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ ” လို့ အော်တာပေါ့။
ပုံပြင်ထဲက ဇာတ်ကြောင်းနဲ့ရောပြီး “အမလေး ကယ်ကြပါ…အမလေး ကယ်ကြပ်…ကယ်ကြပါအုံးတော်….”အသံကုန်အော်တယ်။
သူခိုးငပိန်းကတော့ ပုံပြင်ပြောနေတာပဲဆိုပြီး ရယ်လို့မောလို့ ကောင်းတုန်း
အပျိုကြီးအော်သံကြောင့်ရောက်လာတဲ့ရွာသားတွေကထိုင်ပြီးရယ်နေတဲ့သူခိုးကို အလွယ်တကူ ဖမ်းမိသွားတယ်။
ပြောချင်တာကတော့ ကိုယ့်ရည်ရွယ်ချက်ကိုဦးတည်ပြီးမလုပ်ဘဲ ဘေးစကားတွေနားထောင်နေမယ်ဆိုရင် ဒုက္ခတွေပဲကြုံနိုင်တယ်ဆိုတာပါပဲ။
မူရင်းရေးသားသူအားလေးစားလျှတ်
မာနဆိုတာ
တစ်ခါတုန်းက မြို့ဈေးတစ်ခုရဲ့ဘေးမှာ
ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး
ထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့
လူကြီးတစ်ဦးရှိတယ်
ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း
ဒူးဆစ်ကနေ ဖြတ်ထားရတယ်
သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ်
ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်းအပြုံးမပျက်ဘူး
သူပြောနေကြစကားတစ်ခွန်းရှိတယ်
မာန က ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး...။
မာန က လိပ်ပြာလုံစေတယ်တဲ့...။
အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ်
ဒုတိယ စာကြောင်းကို တော့ ဘယ်သူမှမသိကြဘူး
ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ်
အဲ့ပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့
သားတစ်ယောက်ရှိတယ်
သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ်
တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ
မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို
ဘေးက သူငယ်ချင်းတွေကစတယ်
ဟေ့ကောင် ပေါင်တိုလေး
မင်းကွာ မုန့်လေး ဘာလေးဝယ်စားပါဦးတစ်ခါတလေ
မင်း မဝယ်ချင်လည်းပြော ငါ့တို့အညောင်းခံဝယ်ပေးပါ့မယ်ကွ
ငါကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှမဟုတ်တာ
မင်းတို့ စားချင်ရင်ပြောလေ ငါဝယ်ကျွေးပါ့မယ်
ဒီမှာ ပိုက်ဆံ ရော့
ဟေ့ကောင် များလှပါလားကွ
အင်း ငါစုထားတာရောမို့ပါ
မင်းကွာ အတော်ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံတွေရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး
ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်ထောင်းထားတာမဟုတ်ဘူးကွာ
မင်းတို့သိချင်ရင် ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့လေ
ငါ မုန့်ကျွေးပါ့မယ် ဈေးထိပ်နားမှာ ပေါင်တိုဆိုင်လို့မေးလာခဲ့
ဟေ့ကောင် ပေါင်တိုလေး ငါ့တို့ရောက်ပြီ
သားငယ် မင်း သူငယ်ချင်းတွေကို တစ်ခုခုဧည့်ခံလိုက်လေ
ဟုတ်ကဲ့ အဖေ
ဦးကျင်နွမ်း ကျွန်တော်ကို ဆီချက်လေးပွဲ
လ္ဘက်ရည်လေးခွက်ပေးပါဦး
သူငယ်ချင်းတွေလာလို့
ဟေ့ကောင်တွေစားကြ
မောင်လေး ဖိနပ်ချုပ်ချင်
အော် ဟုတ်ကဲ့
အစ်မ သဲကြိုးပါ လဲဦးမလား
ဘယ်လောက်ကျမလဲ
၇ ရာပါ
လဲပေးပါမောင်လေး ကန်တော့နော်
ရပါတယ်ဗျာ ကန်တော့လုပ်မနေနဲ့
ကောင်လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအချောင်းလေးထွက်လာပြီ ပြန်ထည့်မရလို့
၅ ရာ ကျမယ် အန်တီ ခဏစောင့်ရမယ်
ဟေ့ကောင်တွေစားလေ
ဘာလို့လဲ
မင်းငါတို့ကိုကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား
ဘာဖြစ်လို့လဲကွ
မဟုတ်ပါဘူးကွာ
မင်းလုပ်နေတာကြည့်ပြီးမစားရက်လို့
သူများတွေ ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများတွေကို အရိပ်ပေးတဲ့အရာတွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ
ဒီလိုပါပဲကြာ
ဒါပေမယ့် ငါလိပ်ပြာသန့်တယ်လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ကျောင်းတတ်တယ်
ငါအဖေက ခြေထောက်တစ်ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီးကျောင်းထားပေးတယ်
ဒီလိုနားလည်စေဖို့ အတွေးမမှားစေဖို့
အမေဆိုတာငါမှာရှိတယ်
ငါ့အဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲပြောပြတာရှိတယ်
သား လောကကြီးမှာ ခြေတွေလက်တွေသန်မာဖို့ထက်
စိတ်ဓာတ်တွေကြံ့ခိုင်ဖို့ ပိုအရေးကြီးတယ်
လူဆိုတာ နှစ်မျိုးရှိတယ်
မှန်တာလုပ်တဲ့လူရယ်
အမှားကို လုပ်နေတဲ့သူရယ်
ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာဖွေရရှိမှုအတွက်
လက်မထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်
မာန ဆိုတာ မကောင်းဘူးလို့ပြောကြတယ်
ငါ့အဖေရဲ့ မာန က ရှင်းရှင်းလေးပဲ
ငါ ရိုးသားစွာရှာဖွေပြီးရတဲ့ ငွေကြေးအပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက်မ ရဲရဲထောင်ပြီး
ပျော်အောင်အိပ်မယ်ဆိုတာမျိုးပဲ
မင်းတို့ပြောသလို ငါကပ်စီးနည်းတယ်ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလိုသေးလို့ပါ
ငါ့အဖေက ငါ့ ကျောင်းပိတ်ရက်တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖိုးအဖြစ်ပေးတာကွ
ငါအိမ်ကိုပိုက်ဆံပြန်ပေးတိုင်းအဖေကပြောတယ်
ငါ့သား မာန က ဆာလောင်နေသော ဝမ်းကိုမပြည့်စေဘူး
မာန က လိပ်ပြာလုံစေတယ်တဲ့
ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ပြောဆိုဆက်ဆံမှုပဲလိုတယ်
မာနက လိပ်ပြာလုံစေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြုန်းသည်ဖြစ်စေ သုံးသည်ဖြစ်စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။
အတွေးတစ်ခုခုရကြပါစေ။
Credit:Original uploader
အဆိပ်မရှိတဲ့သူက အန္တရာယ်အကင်းဆုံး
အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး
မြွေဟောက် တစ်ကောင်က ကျွန်တော့်ကိုပြောတယ်...
"ငါကလျှင်မြန်တယ်...အဆိပ်ရှိတယ်...ငါ့ကို လူတွေကြောက်ကြတယ်" တဲ့...
ကျွန်တော်သူ့ကို အရမ်းအားကျမိတယ်...သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်....
နောက်နေ့မှာ ကျွန်တော် မြွေပွေး တစ်ကောင်နဲ့တွေ့တယ်...
မြွေပွေးက ကျွန်တော့်ကိုပြောတယ်...
"ငါက တည်ငြိမ်တယ်...ငါ့ဟာငါ အေးဆေးနေတယ် ..ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး...ဒါပေမယ့် ငါ့ကို တော့ လာမထိနဲ့ ယင်ကောင်တောင် အလွတ်မပေးဘူး" တဲ့...
ကျွန်တော် သူ့ကို အရမ်းလေးစားမိတယ်...ကျွန်တော် သူ့လို တည်တည်ငြိမ်ငြိမ် နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်...
နောက်တစ်ရက်မှာ ကျွန်တော် ရေမြွေ တစ်ကောင်နဲ့ တွေ့တယ်...
ရေမြွေက ကျွန်တော့ကို ပြောတယ်....
"ငါက အဆိပ်မရှိဘူး...ပျော်ပျော်ပဲနေတတ်တယ်...ငါ့ကို လာရန်စ ရင်လည်း ငါဘာမှမတုန့်ပြန်ဘူး..ငါ့မှာ အဆိပ်မရှိမှန်းသိတော့ ဘယ်သူမှ ငါ့ကို မလေးစားကြဘူး....ငါ့ကို ဟာသ တစ်ကောင်အဖြစ်ပဲ လူတွေ သဘောထားကြတယ်" တဲ့...
ကျွန်တော် သူ့ကို စိတ်အရမ်းပျက်မိတယ်...အဆိပ်မရှိတဲ့ မြွေတစ်ကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျပါ့မလဲ..ကျွန်တော်သူ့ကို အထင်သေးတယ်...အတုမယူ ထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်...
ဒီအဖြစ်အပျက်တွေဖြစ်ပြီး ဆယ်ရက်လောက်ကြာတော့ ကျွန်တော် လယ်သမား ကြီး တစ်ဦးနဲ့ တွေ့တယ်...သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော်လေးစားရ တဲ့ မြွေပွေး နဲ့ မြွေဟောက်ဖြစ်နေတယ်...
ကျွန်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ်....
" ငါ့လယ်ထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွ....ငါသူတို့ကို မသတ်ချင်ပါဘူး...ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေဆိုတော့ လူတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်...ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ...ကျန်တဲ့တစ်ကောင်ကတော့ ဘာအဆိပ်မှရှိတဲ့ အကောင်မလို့ သတ်စရာ မလိုဘူးပေါ့ကွာ..." တဲ့...
ကျွန်တော် နောင်တ တစ်ခုရလိုက်သလို...အသိတရား တစ်ခုလည်း ရလိုက်တယ်..."လောက မှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး" းဆိုတာကို...အဲ့ နေ့က စပြီး ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်...
" ကိုယ့်ခန္ဓာ မှာရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီး...ငြိမ်းချမ်းတဲ့ ဘဝ...လွတ်လပ်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့နဲ့..ကြုံလာသမျှ အတိုက်အခိုက်ကို အပြုံးနဲ့ပဲတုန့်ပြန်ဖို့ပါ."...
Credit:
မေတ္တာဖြင့်မျှဝေသူ....
တိုးရဲစမ်းပါ
မျောက်တစ်ကောင်ကို ငှက်ပျောသီးတစ်လုံးနဲ့ ရွှေချောင်းတစ်ချောင်ပေးမယ်။
မျောက်က ငှက်ပျောသီးကို ရွေးချယ်မှာပါ။
ရွှေချောင်းက ငှက်ပျောသီး အများကြီးကို လဲလည်နိုင်မှန်း မျောက်မသိဘူးလေ၊
အလားတူပါပဲ...
လူတစ်ယောက်ကို ရွှေချောင်းတစ်ချောင်းနဲ့ ဥာဏ်ပညာတစ်ခု ပေးမယ်။
လူတော်တော်များများဟာ ရွှေချောင်းကိုရွေးချယ်ကြမှာပါ။
ဥာဏ်ပညာဟာ ရွှေချောင်းအများကြီးကိုလဲလည်နိုင်တယ်ဆိုတာ မယုံကြည်ကြဘူးလေ၊
အချိန်တော်တော်များများမှာ
ရွေးချယ်မူဟာ ကြိုးစားမူထက် အရေးကြီးတတ်ပါတယ်။
ငါဘာကောင်လဲဆိုတာ အရေးမကြီးပါ၊
ငါဘာလုပ်နေသလဲဆိုတာတော့ အလွန်အရေးကြီးပါတယ်၊
ငါလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်က
အရေးတကအရေးကြီးဆုံး ဖြစ်ပါတယ်။
ဘ၀ဆိုတာ ပင်ပန်းမူတွေ၊ မောပန်းမူတွေ ဧကန်မလွှဲ သင်ကြုံရမှာပါ။
သင်ယခု မပင်ပန်းချင်ဘူးဆိုရင်၊
နောင် သင်ပိုပင်ပန်းပါလိမ့်မယ်။
ဘ၀ဆိုတာ ဒုက္ခအများကြီးနဲ့ ကြုံရစမြဲပါ၊
သင်ဒီတစ်နေ့ ဒုက္ခမခံထားဘူးဆိုရင်
နောင် သင်ပိုဒုက္ခတွေ့ပါလိမ့်မယ်။
ပျော်ရွှင်မူဆိုတာ ပင်ပန်းပြီးမှ အနားယူတဲ့ အရသာမျိုးပါ။
ခါးသက်ပြီးမှ၊ ချိုမြိန်ခြင်းရဲ့ အရသာမျိုးပါ။
ဒါကြောင့်မို့လို့
အသက်အရွယ်ငယ်စဉ်မှာ၊ အပြင်လောကကို ၀င်တိုးစမ်းပါ။
သတ္တိရှိရှိ အပြင်လောကကို ၀င်လိုက်စမ်းပါ။
မြို့ကြီးပြကြီးကို ၀င်တိုးရဲစမ်းပါ။
မိုးတွေလေတွေရဲ့ ဆေးကြောမူကို ခံယူစမ်းပါ။
ကံဆိုးမိုးမှောင်လို့ တစ်ချိန်တုန်းက ထင်မြင်ခဲ့တာတွေကို
စိန်ခေါ်မူ့လို့ ပြောင်းလဲပြီး တွေးမြင်လိုက်ပါ။
ယခု အောင်မြင်ချမ်းသာနေတဲ့ လူတော်တော်များများဟာ
ပိုက်ဆံအရင်ရှိလို့မဟုတ်ဘူး၊
သတ္တိအရင်ရှိလို့ အောင်မြင်လာခဲ့ကြတာပါ။
ပိုက်ဆံရှာချင်ရင် ပိုက်ဆံများတဲ့နေရာမှာ ရှာရပါတယ်၊
တိုးတက်ချင်ရင် အခွင့်အရေးများတဲ့နေရာကို တိုးရဲရပါတယ်၊
ဒီလောကကြီးမှာ၊ သင်ကိုယ်တိုင်ကလွှဲရင်
သင့်ကို တကယ်ကူညီနိုင်မဲ့သူ မရှိပါဘူး။
ကြက်ဥဆိုတာ...
ပြင်ပကနေ ရိုက်ခွဲရင် ဟင်းဖြစ်သွားပါတယ်၊
အတွင်းကနေ ရိုက်ခွဲရင် ကြက်ပေါက်စ ဖြစ်လာပါတယ်၊
လူဆိုတာလည်း ဒီအတိုင်းပါပဲ...
အပြင်ကနေ ရိုက်ခွဲရင် ဖိအားလို့ ခေါ်ပါတယ်။
အတွင်းကနေ ရိုက်ခွဲရင် ကြီးပြင်းရင့်ကျက်ခြင်း ဖြစ်ပေါ်စေပါတယ်။
သင်အတွင်းကနေ ရိုက်ခွဲတတ်ပါစေ၊
သုတေသန အရ
မျော်မှန်းထားတဲ့ အခက်အခဲဆိုတာ
၅% ခန့်ပဲ မှန်ကန်လေ့ရှိပါတယ်၊
သင်ကြုံရမဲ့ အခက်အခဲ၊ အတားအဆီးများဟာ
သင်မျော်လင့်ခဲ့တဲ့ အရာတွေ မဟုတ်ပါဘူး၊
ပြီးရင် အဆိုပါ အခက်အခဲတွေ၊တားဆီးမူတွေ၊ ယာယီဆုံးရူံးမူတွေဟာ
ကံဆိုးခြင်းနဲ့ မဆိုင်ပါဘူး၊
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဘ၀အတွေ့အကြုံတွေ ဖြစ်သွားမှာပါ။
စိတ်ရှင်းရင် ဘ၀ရှင်းပါတယ်။
စိတ်လွတ်လပ်ရင်၊ ဘ၀လွတ်လပ်ပါတယ်။
ဘာပဲလုပ်လုပ် နည်းလမ်းများများရှာပါ။
ဆင်ခြေများများရှောင်ပါ။
သင်အောင်မြင်မှာပါ။
လူငယ်လူရွယ်များ အောင်မြင်နိုင်ကြပါစေ။
#Credit /#ဆရာအောင်သင်း
Copy /#LMS
Friday, August 14, 2020
ဖိနပ်ပုံပြင်
"တနေ့တော့ ဂျပန်စစ်သားတယောက်က ကျောင်းသူတဦးကို ကျောင်းရှေ့မှာ
ဆွဲလားရမ်းလား လုပ်တယ်။ ကျောင်းသူလေးက ငိုယိုပြီး ဂျပန်စစ်သားကို တွန်းပစ်လိုက်တယ်။
နောက် ကျောင်းထဲကို ဝင်ပြေးတယ်။
ဂျပန်စစ်သားက နောက်က လိုက်လာတယ်။ အဲဒီအချိန်မှာ အရာတခုက အရှိန်ပြင်းပြင်းနဲ့ ဂျပန်စစ်သားရဲ့ ရင်ဘတ်ကို ဗုန်းခနဲ လာမှန်တယ်။ ကြည့်လိုက်တော့ ယောင်္ကျားစီး သားရေဖိနပ် တဖက်။ ဂျပန်စစ်သားကလည်း ဒေါပွပြီး ကျောင်းထဲဝင်မယ် လုပ်တယ်။ ကျောင်းသားတွေက ဝိုင်းလာတယ်။ ဟန်ပုံမရတော့ အဲဒီဂျပန် ပြန်ပြေးသွားတယ်"
စာရေးဆရာ ဆရာနတ်မှူး ၏ 'ဖိနပ်ပုံပြင်' ဝတ္ထုတိုထဲက ဇာတ်ရှိန်တက် အခန်းတခန်း ဖြစ်ပါသည်။
ဂျပန်ခေတ်က ကျောင်းတကျောင်းတွင် ကျောင်းသူကို ဝင်ဆွဲသည့် ဂျပန်စစ်သားကို ဖိနပ်တဖက်နှင့် ပေါက်လိုက်သော ဇာတ်လိုက် ကျောင်းသားလေးကြောင့် ဂျပန်ဗိုလ် အပါအဝင် ဂျစ်ကားနှင့် ချီတက်လာသော ဂျပန်အဖွဲ့ကို နှလုံးရည်ပြည့် တုံ့ပြန်ခဲ့သူက ဆရာကြီး ဦးရာဇတ် ဟု ဆိုပါသည်။
ဂျပန်ဗိုလ် နာကာတာ က ရှူးရှူးရှားရှားနှင့် ကျောင်းအုပ်ကြီး ရုံးခန်းထဲကို ဝင်သွားတယ်။ သူ့စစ်သားကို ဖိနပ်နဲ့ပေါက်တဲ့ ကျောင်းသားကို ထုတ်ပေးဖို့ စကားပြန်ကတဆင့် ကျောင်းအုပ်ကြီးကို ပြောပါတယ်။
''ဒီဖိနပ်ပေါက်တဲ့ကိစ္စဟာ မာစတာတို့ ဂျပန်စစ်သားရဲ့ မြန်မာကျောင်းသူလေး တဦးအပေါ် ရမ်းကားမှုကြောင့် ဖြစ်လာတာပါ''
ဘယ်လိုလူမျိုးမဆို၊ ကိုယ့်ရှေ့မှာတင် ကိုယ့်လူမျိုး ကျောင်းသူတဦးကို လူမျိုးခြားက စော်ကားတာ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
ရမ်းကားလို့ ဖိနပ်နဲ့ပေါက်တာ။
ဆရာကြီး ဦးရာဇတ်၏ ပြတ်သားသော စကားတွေက ဝတ္ထုဇာတ်လမ်းအပြင်ကို ထွက်လာပြီး ကျွန်တော်တို့ကို သွေးမြင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။
ဇာတ်လမ်းထဲက သတ္တိခဲ မောင်ကျောင်းသားလေးရဲ့ ဖိနပ်ကိုလည်း ကျွန်တော် မြင်ယောင်မိလာသည်။
ဆရာကြီးက ဂျပန်စစ်ဗိုလ် ကျေနပ်အောင်
ညနေ ကျောင်းဆင်းလျှင် ဖိနပ်နှင့်ပေါက်သည့် ကျောင်းသားကို စောင့်ခေါ်ပါ ဟု ပြောပြီး ဖိနပ်တဖက်ထဲ စီးထားသည့် ကျောင်းသားသည် မာစတာ လိုချင်သည့် တရားခံပါပဲဟု ပြောပြီး နှစ်သိမ့်ထား၍ ညနေ ကျောင်းဆင်းသည့် အချိန်၌မူ ကျောင်းသူကျောင်းသား အားလုံး ခြေဗလာနှင့် ဆင်းလာသည်ကို တွေ့လိုက်ရသည့် မာစတာတို့သည် ... ... ... ❗❗❗
မာစတာကြီး ပထမတော့ ဒေါသ ငယ်ထိပ်တက်သွား၏။
နောက်တော့ ဆရာကြီး ဦးရာဇတ်၏ နှလုံးရည်ကို လေးစားလွန်း၍ လက်ဆွဲ နှုတ်ဆက် ပြန်သွားကြသည်။
ဇာတ်လမ်းကား မဆုံးသေး။
ဂျပန်စစ်သားကို ဖိနပ်နှင့်ပေါက်သည့် မောင်ကျောင်းသားနှင့် ဂျပန်ရမ်းကားမှုကို ကြုံရလေသည့် ကျောင်းသူလေးတို့ မေတ္တာမျှသွားကြပြီး သူတို့နှစ်ဦး၏ ဖူးစာရေးနတ် "ဖိနပ်ပြတ်" (ဂျပန်စစ်သားက ဓားနှင့်ခုတ်သွားသည်) ကို အမြဲ အမြတ်တနိုး သိမ်းထားဖို့ တိုင်ပင်ကြသည်။
သူတို့၏ သားဖြစ်သူက အဖေအမေတို့၏ သမိုင်းဝင် ဖိနပ်ပြတ်လေးကို မှန်ကောင်တာနှင့်ထည့်ပြီး ထိန်းသိမ်းထားသည်တဲ့။
တကယ်တော့ ဖိနပ်ကလေးဟာ ဖိနပ်လေး မဟုတ်တော့ဘူး။ ကျွန်တော်တို့လူမျိုးရဲ့ "ရဲဝံ့မှု ၊ မဟုတ်မခံမှု ၊ ဉာဏ်အမြော်အမြင်ကြီးမှု တို့ရဲ့ သင်္ကေတ" အဖြစ် ... ...
Crd. U Maung
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
တစ်ခါက... တိုင်းပြည်တစ်ခုမှာ.. ထူးဆန်းတဲ့ဥပဒေတစ်ခုကို ပြဌာန်းထားခဲ့တယ်... ဥပဒေအရ.. ယောက်ျားတိုင်းဟာ ဘုရင်ဖြစ်နိုင်ပြီး တိုင်းပြည်ကို (၅) နှ...